New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးမှာ ဒီမိုကရေစီဆိုတဲ့ ရထားကြီးရဲ့ လမ်းခရီးတစ်လျှောက် အစ္စလာမ် သာသနာဝင်တွေကို ရထားကြိတ်သလို ကြိတ်ပစ်ခဲ့ပါတယ်။

တကယ်တော့ မွတ်ဆလင်မ်တွေကို မျိုးဖြုတ်သတ်ပစ်မှ ဒီမိုကရေစီကို ချီတက်နိုင်မှာ မဟုတ်ပါ။ ဒါပေမယ့်၊   ပြုပြင်ပြောင်း လဲရေးမှာ အခက်အခဲ အဟန့်အတားတွေရှိမှာပဲ၊ ကျော်ဖြတ်ရတာတွေရှိမှာပဲဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး မွတ်ဆလင်မ်များကို တမင်လုပ်ကြံသတ်ဖြတ်ခြင်းသာ ဖြစ်ပါတယ်။

ဒီအတွက် လူဆိုးလူမိုက် ရာဇ၀တ်ကောင်တွေကို လုပ်ပိုင်ခွင့် ဖန်တီးပေးလိုက်၊ ဟပေးလိုက်တာမှာ အစိုးရဟာ အဓိကကဏ္ဍက ပါဝင်နေပါတယ်။ အထူးသဖြင့် အစိုးရတစ်ရပ်အဖြစ် ရပ်တည်တဲ့ သမ္မတဦးဆောင်တဲ့ အစုအဖွဲ့ဟာ ပိုပြီး တာဝန်ရှိနေပါတယ်။

၂၀၁၂ ခု၊ ဇွန်လကတည်းက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို မျိုးဖြုတ် သုတ်သင်ခဲ့တာမှာ ပြဿနာ  ရဲ့ အစ တောင်ကုတ်ကိစ္စက အခုထိ အစိုးရဘက် ထိရောက်စွာ အရေးယူပေးခြင်းမရှိသေးဘဲ ဟိုလိုလို ဒီလိုလို ကစားနေခဲ့ပြီး မိတ္ထီလာကိစ္စမှာတော့ မွတ်စလင်မ်တွေကိုပဲ တရားခံအဖြစ် စွတ်စွဲဖမ်းဆီး ထောင်ချခဲ့ပါတော့တယ်။ ဒါတွေ အားလုံးအတွက် သမ္မတနဲ့ နိုင်ငံတော်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ အားလုံးမှာ တာဝန် လုံးဝ ရှိနေပါတယ်။

ကမ္ဘာ့ ဖိအားတွေကို မလွန်ဆန်နိုင်အဆုံး နောက်ဆုံးမှာ နိုင်ငံတော်ကို ဦးဆောင်တဲ့ သမ္မတ ကိုယ်တိုင်က မိုးမကျမှီ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အိုးအိမ်ဆောက်ပေးမယ်၊ ဘ၀တွေ ပြန်လည် ထူထောင်ပေးမယ်ဆိုပြီး လေပြေအေး တိုက်ခဲ့ပြန်ပါတယ်။ ဒါတွေကို ဘယ်မွတ်စလင်မ်ကမှ ယုံကြည်မှုမရှိပါ။ ယုံကြည်စေဘို့လည်း အလုပ်နဲ့အပြော တည်အောင် သက်သေပြခဲ့တာ လုံးဝမရှိခဲ့ပါ။ သမိုင်းတစ်လျှောက် ဗြောင်လိမ်ခဲ့တာပဲ ရှိနေပါတယ်။

ဒါပေမယ့် ကျုပ်တို့ဘက်က လူကြီးလူကောင်းပီသစွာ ဒီတစ်ကြိမ် ပြောတဲ့ သမ္မတရဲ့စကားကို နောက်ဆုံးအကြိမ် လိုက်လျှော စောင့်ကြည့်ပါမယ်။ မြန်မာနိုင်ငံနေ အစ္စလာမ်သာသနာဝင်များ၊ ရခိုင်နယ်က ရိုဟင်ဂျာများ လုံးဝ လုံးဝ အားငယ် စိတ်ပျက်ဘို့ မလိုပါ။ ကြောက်ရွံ့တုန်လှုပ်ဘို့မလိုပါ။

ဒီတစ်ခါပေးတဲ့ ကတိကို ဘယ်နေ့ကစပြီး အကောင်အထည် ဖေါ်မလဲ၊ ကျုပ်တို့ သုံးပတ် စောင့်ကြည့်ပါမယ်။ ဒီရက်အတွင်းမှာ ကျုပ်တို့ဘက်က အထူး mission တစ်ရပ်၊ မြန်မာအစိုးရနဲ့ တိုက်ရိုက်သွားတွေ့ပါမယ်။ အစိုးရဘက်က ဘာအကြောင်းပြမလဲ စောင့်ကြည့်ပါမယ်။ အကယ်၍ မအားဘူး မတွေ့နိုင်ဘူးဆိုရင်လည်း ဖြစ်ပါတယ်။ လက်ခံတွေ့ပြီး စကားလုံး အေးအေးလေးတွေနဲ့ ကတိပေးပြီး လိမ်ဦးမယ်ဆိုရင်လည်း ရပါတယ်။ ကျုပ်တို့ဘက်က အားလုံး အဆင်သင့်ပါ။

အခြေအနေအားလုံးအပေါ်မှာ အစိုးရတစ်ရပ်လုံးရော၊ ပြည်သူအားလုံးပါ တိုင်းပြည်ကို တစ်ကယ်ချစ်ပြီး တိုင်းပြည် တစ်ခုလုံး အေးချမ်းသာယာတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးကိုပဲ ဦးတည် စဉ်းစားပေးဘို့လည်း ကြိုတင်မေတ္တာ ရပ်ခံလိုပါတယ်။ “လူနည်းစုအပေါ်မှာ ငါတို့အနိုင်ကျင့်လို့ရတယ်” ဆိုတဲ့ လွဲမှားတဲ့အတ္တတွေ ကို ရှေ့တန်းတင် မိရင်တော့၊ တိုင်းပြည်အတွက် ကျုပ်တို့ ရင်လေးပါတယ်။ ဒါဟာ တိုင်းပြည်ကို စေတနာကောင်းနဲ့ အမှန်သစ္စာကို တိုင်တည် ပြောဆိုခြင်းပါ။

ကျုပ်တို့ဘက်ကလာမယ့် mission ကို ဖြားယောင်းပြောဆိုဘို့၊ မတရားမှုမှာ အဖားလွန်နေတဲ့ မြန်မာမွတ် စလင်မ် အမည်ခံ လူတစ်စုကို လက်သပ်မွေးထားဘို့တော့ မစဉ်းစားပါနဲ့။ ဒီအကွက်တွေလည်း ရိုးနေပါပြီ။ အဲ့ဒီ အစိုးရဖား လူတစ်စုက တိုင်းပြည်အတွင်းက မွတ်စလင်မ် မဟုတ်သူတွေအပေါ်လည်း ကောင်းခဲ့တဲ့သမိုင်း မရှိခဲ့ဘူးဆိုတာ   မြန်မာပြည်နေ   ဗုဒ္ဓဘာသာတိုင်းလည်း သိပြီးသားပါ။

ကျုပ်တို့ရဲ့အထူး mission ဟာ တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ လူအားလုံးရဲ့ အကျိုးကိုရှေ့ရှုပြီး နောက်ဆုံးအကြိမ် ညှိနှိုင်းခြင်းဖြစ်မယ်ဆိုတာကိုလည်း ထပ်ဆင့်အသိပေးလိုပါတယ်။ ကျုပ်တို့ကြောင့် မွတ်စလင်မ်ရော မွတ်စလင်မ်မဟုတ်သူပါ ထိခိုက်နစ်နာစေခြင်း မဖြစ်စေရဘူးဆိုတဲ့ ကတိကိုတော့ ကျုပ်တို့ဘက်က ပေးနိုင်ပါတယ်။ အဲ့ဒီနောက်ဆုံးဆိုတဲ့ စကားရဲ့နောက်ပိုင်းကိုတော့ အစိုးရရော၊ ပြည်သူများပါ ထပ်ဆင့်မဖြစ်စေဘို့လိုပါမယ်။

လူဆိုးလူမိုက်တစ်စုဘက်က လိုက်လျှောရပ်တည်မလား၊ သို့မဟုတ် တိုင်းပြည်နဲ့ လူများစုကြီးဘက်က ရပ်တည် မလားဆိုတာတော့၊ တိုင်းသူ ပြည်သားအားလုံး ဆင်ခြင်စဉ်းစားဘို့ လိုသလို၊ သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာတွေ အတွက် အိုးအိမ်ဆောက်တည်ပေးမယ့်ကိစ္စ၊ ဘ၀လုံခြုံမှုများပေးဘို့ကိစ္စ၊ ကျန်းမာရေးပညာရေး များ ဆောင်ရွက် မယ့်ကိစ္စကို အပြောအစား စတင်ပြီး အလုပ်နဲ့ သက်သေပြဘို့ လိုပါတယ်။

ဌေးလွင်ဦး .
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ .
မြန်မာမွတ်စလင်မ်တန်းတူညီမျှလှုပ်ရှားဆောင်ရွက်မှုအဖွဲ့
အမေရိကန်ပြည်ထောင်စု .

No comments:

Post a Comment