New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

သမိုင်းအရကြည့်မယ်ဆိုလို့ ရှိရင်သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကိုယ်တိုင်ပြောသွားတာရှိတယ်


သမိုင်းအရကြည့်မယ်ဆိုလို့ ရှိရင်သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကိုယ်တိုင်ပြောသွားတာရှိတယ်။ကချင်ပြည်နယ် ဟာ ဘယ်တုန်းကမှ မြေပြန့် က ဗမာတွေရဲ့ လက်အောက်မှာမရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်း ကို ယုံကြည် လို့  လေးစားလို့ လွတ်လပ်ရေးအတူတူတောင်းမယ်ဆိုပြီးတော့ တောင်းခဲ့တာ။ အဲဒီလိုလူမျိုးစု အဖွဲ့ အစည်း တစ်ခု ကို ဗမာစစ်တပ်မှာရှိတဲ့ခေါင်းဆောင်တွေက တမင်နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ ကျုံးသွင်းတာ။
 
 
တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ အဲဒီအင်အားစု လေးစုနဲ့ ဥရောပသမဂ္ဂကျွန်တော်တို့ ဆီကိုလာပြီးတော့ သူတို့ အကြံနဲ့ သူတို့ ၊ သူတို့ အကျိုးစီးပွားနဲ့ သူတို့ ပြန်ဝင်လာကြတယ်။ ဒီပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေမှာနိုင်ငံရေးအခံ၊ အတွေးအမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံမရှိဘူး၊တိုး တက်မလာ ဘူးဆိုရင်တော့ ရှေ့ လျှောက်မှာကောင်းတဲ့အပိုင်းရှိသလိုပိုပြီးတော့လည်း ဆိုးလာနိုင်တယ် လို့ လည်း ကျွန်တော်မြင်တယ်။နိုင်ငံရေးကစားတဲ့၊ စီးပွားရေးကစားတဲ့ အကျိုးအမြတ်ထုတ် တဲ့သူတွေ အရမ်းများလာတယ်။ အဲဒီတော့ ဒီတစ်ခါတိုင်းပြည်မှာ ခေါင်းဆောင်မှု အသုံးမကျရင်တော့ ဒုတိယအခွင့် အလမ်း ပြန်ရမှာမဟုတ်ဘူး။ ဆိုလိုတာကတစ်စစီကို စုတ်ပြတ်သွားမယ့်အနေအထားမျိုးမြင်တယ်။ ကျွန်တော် တို့ ဆီကိုတရုတ်ဝင်လာတာဘဲဖြစ်ဖြစ်၊ အမေရိကန် ပြန်ဝင်လာတာဘဲဖြစ်ဖြစ်၊ အင်္ဂလိပ် ကပြန်ဝင် လာတာဘဲဖြစ်ဖြစ်၊ ဂျပန်ကလာတာဘဲဖြစ်ဖြစ် အကူအညီပေးတဲ့အခါ လူသားချင်း စာနာတဲ့အကူ အညီဘဲဖြစ်ဖြစ်၊ စီးပွားရေးဖွံ့ ဖြိုးဖို့ ဘဲဖြစ်ဖြစ်ငွေသန်း ကို ရာနဲ့ ချီပြီးပေးမယ်။ ဒါတွေက တကယ် တမ်းပြော ရင် ကျွန်တော်တို့ နိုင်ငံက ပြည်သူအများစု ချွတ်ခြုံကျနေတဲ့အခါဆိုတော့၊ ပြာပုံပေါ် မှာရောက်နေ တဲ့အခြေအနေမျိုးမှာဆိုတော့ ဒေါ်လာတစ်သန်းဘဲဖြစ်ဖြစ်၊ တစ်သောင်းဘဲဖြစ်ဖြစ်၊တစ်သိန်းဘဲဖြစ်ဖြစ် ကမ္ဘာ့ ဘဏ်တို့  အင်္ဂလန်တို့ ကပေးတဲ့အခါမှာ အားလုံးက၀မ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်ကြတယ်။ ဒါပေမယ့် ဒီပိုက်ဆံတွေဝင်လာတာက တကယ်တမ်းပြောရရင် နိုင်ငံခြားအကူအညီဆိုတာ မရှိဘူးခင်ဗျ။
အလကား ထမင်းကျွေးတာမဟုတ်ဘူး။ သူတို့ က ကျွန်တော်တို့ ကိုချစ်လို့  ဒီလိုပိုက်ဆံပစ်ပေးတာ မဟုတ်ဘူး။ ဒါတွေက ထောင်မြင်ရာစွန့် ပုံစံမျိုးပေါ့ဗျာ။ ဘီလီယံနဲ့ ချီပြီး အကျိုးရှိ မယ့်နေရာ မျိုးမှာ ဒေါ်လာသန်းတစ်ရာလောက်ပေးလိုက်ရတာ သူတို့ အတွက် ပြဿနာမရှိဘူး။ အဲဒါ ကိုမြင်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေက ငွေထုတ်ကြီးတွေပိုက်ပြီး ၀င်လာတဲ့သူတွေကိုကျေးဇူး ရှင်ကြီးတွေ၊ ကယ်တင်ရှင်ကြီးတွေလို့ မှတ်ယူပြီး သပြေပန်းနဲ့ ကြိုနေမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် ပြဿနာရှိနိုင်တယ်။

အရင်က စီမံကိန်းတွေဆွဲပြီးတော့ တရုတ်နဲ့ ဘဲ လက်မှတ်ထိုးထိုး၊ တခြားနိုင်ငံတွေနဲ့ ဘဲထိုးထိုး ပြည်သူက ဘာမှပြောပိုင်ခွင့်မရှိတဲ့အနေအထားမျိုးမှာ အုပ်ချုပ်သူလူတန်းစားတွေက လုပ်သွားခဲ့တယ်။ ဗိုလ်ခင် ညွန့် တို့ လက်ထက်ကတည်းကတရုတ်နဲ့ တအားရောပြီး အထက်ဗမာပြည်တစ်ခုလုံးမှာ ဗမာစကား ကို တခွန်းမှမပြောတတ်တဲ့ ယူနန်ဘက်ကသူတွေကို မှတ်ပုံတင်တွေ ထုတ်ပေးတာတွေ လုပ်လာခဲ့ တယ်။ လောလောဆယ် လူတွေသိနေကြတာက ဘင်္ဂလီတွေ၊ ရိုဟင်ဂျာတွေ ကို နှင်ဖို့ လောက် ဘဲပြောနေကြပေ မယ့် သူတို့ က ကျွန်တော်တို့ နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်က အထက်ဗမာပြည်တစ်ခုလုံးအဓိက မန္တလေးမှာ တရုတ်ရဲ့ စီးပွားရေးတွေရှိတယ်။ သူတို့ က မြေတွေ ကိုလိုက်ဝယ် တယ်။ လူမှုရေးကိစ္စတွေမှာပါ တော်တော်လေးဝင်ပြီး လွှမ်းမိုးတဲ့သဘောမှာရှိတယ်။ စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘူး။ တကယ် တိုင်းပြည်မှာအန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့  အကျိုးစီးပွားတွေက ကျွန်တော်တို့ အထက်ဗမာပြည်ကြီးကို မျိုလိုက်တာ။ အဲဒါက ကျွန်တော်တို့ တတွေ အတွက်ပိုပြီးတော့ကြောက်စရာကောင်းတယ်။ မြေနိမ့်ရာလှံစိုက်တဲ့ပုံစံမျိုး ဘင်္ဂလီကိုရှင်း လိုက်၊ နိုင်ငံကနှင် ထုတ်လိုက်တို့ ဆိုတာတွေက တလွဲဆံပင်ကောင်းပြီးတော့ ဖက်ဆစ်ဆန် ဆန်တွေ ဖြစ်နေကြတယ်။ လူမျိုးရေးမုန်းတီးမှုများနေတာ။

ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ်ဘဲနဲ့ ။ ကချင်က သာမန်လူမျိုးစုလေးမဟုတ်ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့  ဦးနုတို့ နဲ့  အားလုံးပေါင်းပြီးတော့   နိုင်ငံကိုအတူထူထောင်မယ်ဆိုပြီးတော့ ထောင်ခဲ့တာ။ သမိုင်းအရကြည့်မယ်ဆို လို့ ရှိရင်သမိုင်း ပညာ ရှင် ဒေါက်တာသန်းထွန်းကိုယ်တိုင်ပြောသွားတာရှိတယ်။ကချင်ပြည်နယ် ဟာ ဘယ်တုန်းကမှ မြေပြန့် က ဗမာတွေရဲ့ လက်အောက်မှာမရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်လို့  လေးစားလို့ 
လွတ်လပ်ရေးအတူတူတောင်းမယ်ဆိုပြီးတော့ တောင်းခဲ့တာ။ အဲဒီလိုလူမျိုးစုအဖွဲ့ အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ခေါင်းဆောင်တွေက တမင်နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ ကျုံးသွင်းတာ။ ပြီးတော့ ကချင်ထဲမှာအကျင့်စာရိတ္တ မခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကိုမွေးထားပြီးတော့ ကချင်တွေကိုစီးပွားရေး အရ ကျုံးသွင်းဖို့ လုပ်တာ။ ဘော်ဒါဂတ်ဖို့ စ် ပေါ့နော်။ အဲဒါကို ဟိုဘက်ကလက်မခံလို့  ဒီလိုဖြစ်တာ။ အားလုံးထဲမှာ ကိုယ့်နိုင်ငံကခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။ သူတို့  (အစိုးရ)က တမင်အသာစီးယူပြီးတော့ သူတို့ လုပ်ချင်ရာလုပ်လို့ ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ ခေါ်တယ်။ သူတို့ လုပ်ချင်ရာလုပ်လို့ မရတဲ့အနေအထားမျိုးမှာ သူတို့ က စစ်ကို ပေပြီးတော့ တိုက်တယ်။ ဗမာမဟုတ်တဲ့အခြားတိုင်းရင်းသားတွေနေတဲ့ နေရာတွေမှာ ရှမ်းပြည်နယ်ဘဲဖြစ်ဖြစ်၊ ကချင် ဘဲဖြစ်ဖြစ်၊   နောက်ဆုံး ရခိုင်ပြည်နယ်လိုနေရာမျိုးမှာ လက်ရှိပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ အဲဒီမှာရှိတဲ့ပြည် သူတွေဟာ ဒုက္ခရောက်ပြီးတော့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးတာက လွဲလို့ ရှိရင် သူတို့ အတွက်က ပြုပြင်ပြောင်းလဲရေးဆိုတာဘာအကျိုးမှ မရှိဘူး။ ဒီကိစ္စက တိုင်းရင်းသားဒေသတွေ တင်မကဘူး၊ ကြေး စင်တောင် လက်ပံတောင်းတောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် လယ်သမားတွေဟာ ထောင် နဲ့ သောင်း နဲ့ ကိုချီပြီး ဒုက္ခရောက်ကြတယ်ဆိုတော့ဗမာပြည်မှာရှိတဲ့ လူအများစုအတွက် ပြုပြင်ပြောင်း လဲမှုတွေ က အကျိုးမရှိတဲ့အပြင်အကျိုးတောင် ယုတ်တယ်လို့  လက်ရှိအနေအထားအရ မြင်နေရတယ်။

နော်ဝေက ဗမာပြည်ထဲကိုဝင်လာတာက ရှင်းရှင်းလေး။ နော်ေ၀၀င်လိုက်တဲ့နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ရသွားတဲ့နိုင်ငံဆိုတာ မရှိဘူး။ ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စကိုကြည့်မယ်ဆိုရင် ၁၉၉၅ မှာ ပါ လက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ်နဲ့  အစ္စရေးဝန်ကြီးချုပ် တို့  အော်စလိုငြိမ်း ချမ်းရေးဆွေးနွေးပွဲဆိုပြီးနော်ဝေကလုပ်တယ်။ စာချုပ်တချို့  ချုပ်လိုက်တယ်။ ဒါပေမယ့် ဒီကနေ့ အထိအစ္စရေး နဲ့ ပါလက် စတိုင်း ဂါဇာမှာ ချနေတုန်းဘဲ။ အော်စလို ၀င်လုပ်လိုက်လို့ အရှေ့ အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရသွား တယ်ဆိုတာ မရှိဘူး။အာရှတိုက်ကိုဝင်လာတဲ့အခါကျတော့လည်း နော်ေ၀၀င်လာလို့ ငြိမ်းချမ်းရေး ရသွား တယ်ဆိုတာ မတွေ့ ဖူးဘူး။ သီရိလင်္ကာနိုင်ငံကိုကြည့်လိုက်၊ ကိုလံဘိုမြို့ မှာဗုဒ္ဓဘာသာအမည်ခံထားတဲ့ ကိုလံဘိုအစိုးရနဲ့  ခရစ်ယာန်အများစုဖြစ်တဲ့ကျားသူပုန်အဖွဲ့ နဲ့  တိုက်ကြတဲ့ကိစ္စ။ နောက်ဆုံး ကျားသူ ပုန်တွေ လက်နက်ချပြီးတဲ့အခါမှာ အစိုးရတပ်က သတ်ပစ်တာ အစုလိုက်၊ အပြုံလိုက်။ နော်ဝေက လည်းကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့နိုင်ငံတစ်နိုင်ငံဘဲ။ အကျိုးအမြတ်ရချင်လို့ လာတာ။ ဒါ့ကြောင့်မို့ လို့  ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သိဖို့ ရာကနိုင်ငံခြားက၀င်လာတယ်ဆိုရင် စီးပွားရေး သမားဘဲဝင်ဝင်၊ နိုင်ငံရေးသမားဘဲဝင်ဝင်ဘယ်သမ္မတဘဲလာလာ သူတို့ အကျိုးစီးပွား အတွက် လာ တာ။ ကျုပ်တို့ နိုင်ငံကြီးလမ်းပွင်းသွားဖို့ တို့ ၊ ကျုပ်တို့ နိုင်ငံကလူတွေ ထမင်းနပ်မှန်အောင် စားဖို့ တို့ ၊ရှေ့  မှာစီးပွားရေးတွေကောင်းလာဖို့ အတွက်လာတာ မဟုတ်ဘူး။
အပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာ တစ်နပ်မှအလကားရတဲ့ထမင်း၊ တစ်ခွက်မှ အလကားသောက်ရ တဲ့လက် ဘက်ရည်ဆိုတာ မရှိဘူး။

မေလထဲမှာ ရခိုင်အမျိုးသမီး ဗလက္ကာရ အပြုခံရပြီးအသတ်ခံရတယ်။နောက် ဗမာသတင်းစာတွေထဲမှာ ပါတာကလည်း ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကို မွတ်စလင်သုံးယောက်က ဗလက္ကာရကျင့်ပြီး ရက်ရက်စက်စက်သတ်လိုက်တယ်ဆိုတဲ့သတင်းပါတယ်။ အဲဒီသတင်းထွက်လာပြီးတဲ့အခါတောင်ကုတ်ဘက်မှာ မွတ်စလင် ဆယ်ယောက်လောက်ကို လူ ၃၀၀   လောက် က၀ိုင်းသတ်လိုက်တယ်ဆိုတော့ စဉ်းစားကြည့်၊ အစိုးရဘဲဖြစ်ဖြစ် ဒါမှမဟုတ်အစိုး ရနဲ့ မကင်း တဲ့ အဖွဲ့ ရဲ့ လက်ချက်ပါနေတယ်လို့  ကျွန်တော်မြင်တယ်။
ရခိုင်တွေနဲ့ မွတ်စလင်တွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေ တဲ့အသိုင်းအ၀ိုင်း ရှိ တယ်။ ကျောက်နီမော်လိုနေရာမျိုးကိုကြည့်လိုက်၊ ဆွေစဉ်မျိုးဆက်နေလာတာ။ ဘာမှပြဿနာမရှိဘူး။ ရခိုင်ဗုဒ္ဓ ဘာသာတွေနဲ့  မွတ်စလင်တွေဘင်ဂလီဘဲခေါ်ခေါ်၊ ရိုဟင်ဂျာ ဘဲခေါ်ခေါ် တစ်ယောက် နဲ့ တစ်ယောက်ရိုက်နေကြတာ ခုတ်နေကြတာ မရှိခဲ့ဘူး။ အဲဒီလိုအနေအထားမျိုးမှာ တစ်ယောက် နဲ့ တစ်ယောက် ရက်ရက်စက်စက် လုပ်လာကြအောင် ဘယ်သူကနှပ်ကြောင်းပေး လိုက်တာလဲ။ အဲဒီနှပ်ကြောင်းပေးလိုက်တဲ့အထဲမှာ အစိုးရက ဘယ်အတိုင်းအတာထိပါသလဲ။ နောက်တစ်ခုက စုံစမ်းစစ်ဆေးရေးအဖွဲ့ လုပ်တယ်ဆိုတာ အနောက်ကဖိအားတွေ ၀င်မလာအောင်လုပ်တာဖြစ်မယ်။ ဒီလူမျိုးရေးပြဿနာက အစိုးရဘက်က တစ်နည်းတစ်ဖုံနဲ့ နိုင်ငံရေးကိုကစားတာလို့  ကျွန်တော်မြင်တယ်။
နောက်ပြီးတော့ စဉ်းစားမယ်ဆိုလို့ ရှိရင် လူမျိုးရေးအရေးအခင်း စဖြစ်ကတည်းကသမ္မတဦးသိန်းစိန် ရဲ့ စကားတွေက လေး၊ငါးခါလောက် အမျိုးမျိုး စကားလမ်းကြောင်းတွေပြောင်းသွားတယ်။ သမ္မတလို ပုဂ္ဂိုလ်ကြီးကတောင် မျိုးစုံပေါ့ဗျာ။ ဒီကွေ့ မှာဒီတက်နဲ့ လှော် ပုံစံမျိုးနဲ့ ။ အဲဒါတွေ ကိုကြည့်ပြီးတော့   နေပြည်တော် က မရိုးမသားနဲ့  ၀င်ပြီးတော့ပါတယ် လို့ ကျွန်တော်ထင်တယ်။ နေပြည်တော်ကလူတွေကို လုံးဝကိုအယုံအကြည်မရှိဘူး။ ဒီလူတွေက အာဏာရရေးအတွက် တစ်ယောက်နဲ့ တစ်ယောက် “တည်”ပေးတာ၊ “တို့ ”ပေးတာတွေ လုပ်ခဲ့ကြတယ်။ အောက်ခြေကလူတွေ မတည့်မှ ယာလည်းညက်စေ ကြက်လည်းပန်းစေဆိုတဲ့အနေနဲ့  ကြက်ကိုလည်းဖမ်းမယ်၊ ယာကိုလည်းထွန်ပြီးသားဖြစ်သွားမယ်ဆိုတဲ့
သဘောမျိုးလို့ ကျွန်တော်မြင်တယ်။ ကြီးတဲ့အမှုကိုငယ်အောင် ငယ်တဲ့အမှုကိုပပျောက်အောင် လုပ်တာ မဟုတ် ဘဲနဲ့ ငယ်နေတဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကိုတစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင်လုပ်တဲ့ အစိုးရမျိုး ဆိုလို့ ရှိရင်တော့ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ်မြတ် နေလို့ ရမလဲ။ အုပ်ချုပ်သူတွေကတစ်ယောက်နဲ့ တစ်ယောက် အမြင်ကွဲပြားတာကို အမြတ်ယူပြီးတော့  နိုင်ငံရေးသွေးစပ် မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဆယ်နှစ် တစ်ခါ၊ ၁၅ နှစ် တစ်ခါ၊နှစ် ၂၀ တစ်ခါဆိုသလိုဘဲ တိုင်းပြည်မှာ စစ်ဘေးရော၊ ဘာသာရေးမီးရောဘယ်တော့မှ ငြိမ်းမှာ မဟုတ်ဘူး။

ဒေါက်တာဇာနည်

(ယူနတီ ဂျာနယ် အတွဲ ၂၊ အမှတ် ၁၅ တွင် ဖော်ပြပါရှိသော “မြန်မာ့အရေးဝေဖန်သုံးသပ် သူ ဒေါက် တာဇာနည်နှင့် အင်တာဗျူးမှ ထုတ်နုတ်ကူးယူပါသည်။အင်တာဗျူးမူရင်းကို မော်ကွန်းမဂ္ဂဇင်းမှ ကူးယူသည်ဟု ယူနတီ ဂျာနယ်ကရေးသားထားပါသည်)

No comments:

Post a Comment