New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

မြန်မာ ပြည်မှ မွတ်စလင်များ စိုးရိမ် ထိတ်လန့်မှု များနှင့် ရင်ဆိုင် ကြုံတွေ့ နေရ




O'Laie Manzu
21.4.2013

အစ္စလာမ် ဘာသာရေး စာသင် ကျောင်းမှာ ဖြစ်ပျက် ခဲ့တဲ့ သတ်ဖြတ် မှုကို မျက်မြင် ကိုယ်တွေ့ ကြုံတွေ့ သူတွေရဲ့ ထွက်ဆို ချက်အရ ဒီအကြမ်းဖက် မှုကြီးဟာ အထက် အရာရှိ တွေနဲ့ ချိတ်ဆက် မှုရှိတဲ့ ဗုဒ္ဓ ဘာသာဝင် တွေရဲ့ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အလယ် ပိုင်းရှိ ၂၉ နှစ် အရွယ် မိထ္တီလာ မြို့သူ မွတ်စလင် အမျိုး သမီး မမွန်နှင်း ဟာ မတ်လ ၂၀ ရက်နေ့မှာ သူမရဲ့ သမီးနဲ့ ယောက္ခမ တို့နှင့်အတူ အိမ်အနီးက ချုံပုတ် ထဲမှာ တစ်ညလုံး ကြောက်လှန့်စွာ ကိန်းအောင်း နေခဲ့ ရပါတယ်။

မြို့တော် နေပြည်တော်ရဲ့ မြောက်ဖက် ကီလို မီတာ ၁၃၀ ခန့်ဝေးတဲ့ ဖုံထူထူ မြို့တစ်မြို့ ဖြစ်တဲ့ မိထ္တီလာ မြို့မှာ အဲဒီနေ့ ညနေက ဗုဒ္ဓ ဘာသာ အစွန်း ရောက်တွေ ဦးဆောင်တဲ့ မွတ်စလင် တွေကို ဆန့်ကျင် သတ်ဖြတ်မှု အကြမ်းဖက် လှိုင်းလုံး ကြီးတိုးဝင် လာခဲ့ ပါတယ်။ မြို့ထဲက အခြား မွတ်စလင် ပိုင်တဲ့ အိမ်တွေ လိုဘဲ မင်္ဂလာ ဇေရုံ ရပ်ကွက် မှာရှိတဲ့ မမွန်နှင်းရဲ့ အိမ်ကလည်း ဗုဒ္ဓ ဘာသာဝင် လူအုပ် ကြီးရဲ့ ဖျက်ဆီး ခြင်းကို ခံခဲ့ရ ပါတယ်။ ဒါကြောင့် သူတို့တွေ ထွက်ပြေး တိမ်းရှောင် ကြရပြီး အခိုအလှုံ ရှာခဲ့ ကြရ
တာပါ။ (သူမရဲ့ လုံခြုံရေး အရ နာမည် အရင်းလို့ မဖော်ပြဘဲ မမွန်နှင်း လို့သာ ရည်ညွန်း ဖော်ပြ ထားပါတယ်။)
ယခု မွတ်စလင် ဒုက္ခသည် ၃၄၀၀ လောက်ရှိတဲ့ ပုဂ္ဂလိက ဒုက္ခသည် စခန်းမှာ ရောက်ရှိ နေတဲ့ မမွန်နှင်းဟာ ချုံပုတ် ထဲမှာ တစ်ညတာ ကိန်းအောင်း ခဲ့ရပြီး နောက်တစ်ရက် မှာတော့ သူမရဲ့ အိမ် ပျက်စီသွား တာထက် ပိုမို ဆိုးရွားတဲ့ မြင်ကွင်းကို မြင်တွေ့ ခဲ့ရပါ တော့တယ် လို့ Spectrum ကိုပြောပါတယ်။ သူတို့ ကိန်းအောင်း ခဲ့တဲ့ ချုံပုတ်ဟာ အကြမ်း ဖက်မှု အဆိုးရွား ဆုံးဖြစ်ခဲ့တဲ့ အစ္စလာမ် ဘာသာရေး စာသင် ကျောင်းနဲ့ သိပ်မဝေး လှပါဘူး။ မျက်မြင် သက်သေတွေ အမြောက် အများရဲ့ ထွက်ဆိုချက် အရ အဲဒီ မနက်မှာ ဗုဒ္ဓ ဘာသာဝင် လူအုပ် ကြီးဟာ စာသင် ကျောင်းကို စတင် တိုက်ခိုက် ခဲ့ပြီး အနည်းဆုံး ကျောင်းသား ၃၀ နဲ့ ဆရာ လေးပါးကို သတ်ဖြတ် ခဲ့ကြ တယ်လို့ သိရ ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ မွတ်စလင် အယောက် ၄၀ လောက် အသတ်ခံ ခဲ့ရတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း
မမွန်နှင်း ပြောတာ ကတော့ နံနက် ၈ နာရီ လောက်မှာ ရဲ အယောက် ၃၀ လောက် ကားတွေနဲ့ ရောက်လာ တာကို သူမ တွေ့လိုက် ပါတယ်။ သူမ မြင်ကွင်း မှာတော့ ကျောင်းသားနဲ့ ဆရာ တွေဟာ သူတို့ကိုယ် သူတို့ ကာကွယ် ကြဖို့ ပြင်ဆင် ထားတဲ့ ဒုတ်၊ ဓါးတွေကို ရဲလက်အပ် ခဲ့ပါတယ်။ သူတို့ တွေကို ရဲကားတွေနဲ့ ခေါ် ထုတ် သွားဖို့ စီစဉ် နေချိန်မှာ ကားတွေ ဆီကို မရောက်ခင် လူအုပ် ကြီးက ဝိုင်းဝန်း တိုက်ခိုက် ကြတော့ တာဘဲ လို့ သူမ ပြောပါတယ်။

အသတ်ခံ နေရသူ တွေထဲမှာ သူမရဲ့ ယောင်္ကျား ကိုလည်း သေဆုံးတဲ့ အထိ ဓါးတွေနဲ့ ဝိုင်းထိုး ကြတာကို သူမ ကိုယ်တိုင် မြင်တွေ့ ရပါတယ်။ အဲဒီမှာ ရှိနေတဲ့ ရဲတွေ ကတော့ ဒီသတ်ဖြတ် မှုကို ထိန်းချုပ်ဖို့ အတွက် ဘာမှ မလုပ်ခဲ့ ကြပါဘူး။ သိပ်မကြာခင် မှာဘဲ မမွန်နှင်း တို့ကို အိမ်နီးချင်း ဗုဒ္ဓ ဘာသာဝင်က သူတို့ နေ အိမ်မှာ ခိုအောင်းဖို့ စီစဉ် ပေးခဲ့ ကြပါတယ်။

အမုန်း တရား တွေရဲ့ အမှတ် အသား၊ ၉၆၉ အမှတ် တံဆိပ်များ ရန်ကုန် မြို့တွင် ရောင်းချ နေစဉ်
အရင်နှစ် ဇွန်လနဲ့ အောက်တို ဘာလ မွတ်စလင် ဆန့်ကျင်ရေး တွေဖြစ်ပွား ခဲ့တဲ့ ရခိုင် ပြည်နယ်က အကြမ်းဖက် မှုတွေ ဖြစ်ပြီးတဲ့ နောက်မှာ မတ်လ ၂၀ -၂၂ အထိ ဖြစ်ပွား ခဲ့တဲ့ မိထ္တီလာက မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် မှုကြီးဟာ မြန်မာ နိုင်ငံမှာ အဆိုးဆုံး အကြမ်းဖက် မှုကြီး ဖြစ်ပါတယ်။

ဒီအကြမ်းဖက် မှုကြီး ဖောက်ထွက် လာခဲ့တာ ကတော့ မတ်လ ၂၀ ရက်နေ့ နံနက်မှာ ရွှေဆိုင် ပိုင်ရှင် မွတ်စလင် တစ်ဦးနဲ့ ရွှေကြိုး လာရောင်း ကြတဲ့ ဗုဒ္ဓ ဘာသာ နှစ်ဦး တို့အကြား အငြင်းပွား ရာကနေ စခဲ့တာပါ။ အငြင်း ပွားမှုနဲ့ ပတ်သက်ပြီး ရှု့ဒေါင့် အမျိုးမျိုးနဲ့ ပြောဆို နေကြတာ တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓ ဘာသာ လူအုပ်ကြီး ကတော့ ဒီရွှေဆိုင်ကို ခဲတွေနဲ့ ပစ်ပေါက် ကြတယ်။ နောက်ဆုံးတော့ အဆောက် အဦ ကိုပါ ဖျက်ဆီး ခဲ့ကြတယ် ဆိုတာတော့ သံသယ ဖြစ်ဖွယ်ရာ မရှိပါဘူး။

အဲဒီ ညနေ ငါးနာရီ ခွဲမှာ ဘုန်းကြီး တစ်ပါးကို မွတ်စလင် လေးယောက်က သတ်ဖြတ် လိုက်တဲ့ သ တင်းတွေ ထွက်ပေါ်လာ ပြီးတဲ့ နောက်မှာ အကြမ်းဖက် မှုတွေက ပိုမို ကြမ်းတမ်း လာခဲ့ ပါတယ်။ နာရီ အနည်းငယ် အတွင်း မှာဘဲ မွတ်စလင် တွေအပေါ် ဒေါသမီး ကျွမ်းလောင် နေတဲ့ ဗုဒ္ဓ ဘာသာ ဝင် တွေကြောင့် မြို့တော် ကလည်း မီးလောင် ကွင်းကြီး ဖြစ်ခဲ့ ပါတော့တယ်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တွေရဲ့ မျက်စိ ရှေ့မှာ မွတ်စလင်နဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ အဆောက် အဦ တွေကို မီးရှို့ ဖျက် ဆီး နေတာ... သတ်ဖြတ် နေတာတွေ … နှစ်ရက် တိုင်တိုင် လုံခြုံရေး ရဲတပ်ဖွဲ့ ကလည်း အရေးယူ လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိ ပါဘူး။

သက်သေ တွေရဲ့ ပြောကြား ချက်တွေ အရ ကတော့ အကြမ်းဖက် မှုတွေကို ရဲတွေက ထိန်းချုပ်မှု ပျက် ကွက် ခဲ့ပါတယ်။ အဲဒီလို ဝေဖန် ပြောဆို ကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဒေသ ဆိုင်ရာ အမတ် တစ်ဦး ဖြစ်သူ ဦးဝင်းထိန် လည်းအပါ အဝင် ပြောဆို ဝေဖန်ခဲ့ ပါတယ်။ ဦးဝင်းထိန်ဟာ စစ်အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် အနှစ် ၂၀ အချုပ် ကျခဲ့ရ ပါတယ်။ သူဟာ နိုဝင်ဘာလ ၂၀၁၀ မှာ ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်လာ ပြီးတဲ့နောက် သူမ အတွက် လုံခြုံရေး တွေကိုလည်း စီစဉ် ပေးခဲ့ ရသူ တစ်ဦး လည်းဖြစ် ပါတယ်။ ဦးဝင်းထိန်ဟာ အစ္စလာမ် ဘာသာရေး စာသင် ကျောင်းအရှေ့မှာ ဖြစ်ပျက် ခဲ့တဲ့ သတ်ဖြတ် မှုကို မျက်မြင် ကိုယ်တွေ့ မြင်တွေ့ ခဲ့ရတဲ့ အကြောင်းကို Spectrum ဝိုင်းတော်သား တွေကို ပြန်လည် ပြောခဲ့ ပါတယ်။

"ကျနော့် မျက်စိနဲ့ ကိုတွေ့တာ။ လူနှစ်ယောက်က သေနှင့် နေပြီ။ ကျနော် ရှေ့မှာဘဲ နောက် ငါးယောက် ကို သတ်လိုက်တယ်။"

သူဟာ မွတ်စလင် တွေကို ကာကွယ်ဖို့ လုပ်ပါ သေးတယ်။ ဒါပေမယ့် ဒီလူအုပ် ကြီးက သူ့ကို ခြိမ်းခြောက် တယ်လို့ ပြောပါတယ်။ အဲဒီ နောက်မှာတော့ မန္တလေး တိုင်းမှူး ဗိုလ်မှူး ရဲမြင့်ကို ဖုန်းခေါ်ပြီး အဖြစ် အပျက် တွေကို တင်ပြ ပါတယ်။ “သူက ရဲတွေကို အရေးယူ လုပ်ဆောင် ကြဖို့ အမိန့် ပေးထား ပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဘာမှ လုပ်ကိုင် ဆောင်ရွက်တာ မရှိဘူး” လို့ ဦးဝင်းထိန်က ပြောပါတယ်။

စစ်တပ်က ဝင်လာပြီး မြို့ကို ပြန်လည် ထိန်းချုပ် ဖို့ကလည်း ရက်အနည်း ငယ်ကြာ ပါသေးတယ်။ သူတို့ ရောက်တဲ့ အချိန် မှာတော့ အနည်းဆုံး ၄၂ ယောက် အသတ်ခံ လိုက်ရ ပြီးပြီ၊ လူ အယောက် ၆၀ ကျော်လည်း ထိခိုက် ဒဏ်ရာ တွေရထား ကြပြီလို့ အစိုးရက တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ စာသင် ကျောင်းက ဖြစ်ပျက် ခဲ့တဲ့ အကြမ်း ဖက်မှု တစ်ခုတည်း တင်မှာ အယောက် ၃၀ သေသွားတယ် ဆိုတာ ကိုဘဲ စဉ်းစား ကြည့်ရင် လက်တွေ့ မှာတော့ အသေ အပျောက် စာရင်းဟာ အစိုးရ ကြေညာ တာထက် ပိုများ ပါလိမ့်မယ်။

ဒေသခံ သတင်းထောက် တစ်ယောက် ကလည်း ဒီသတ်ဖြတ် မှုတွေကို မြင်တွေ့ ခဲ့ရကြောင်း Spectrum ကိုပြောပြ ပါတယ်။ သူမက ညနေ ၅ နာရီ လောက် ရောက်တော့ စာသင် ကျောင်းနဲ့ မီတာ အနည်းငယ် လှန်းတဲ့ နေရာမှာ လူသေတွေ ပုံထားတာ တွေ့ခဲ့ ရပါတယ်။ လေးနာရီ လောက်အကြာ သူမ ပြန်သွားတော့ ဒီလူသေပုံ ကြီးကို မီးရှို့ ထားပြီး ပါပြီ။

မတ်လ ၂၁ ရက်နေ့က သတင်းထောက် လူငယ် တစ်ယောက် ကလည်း ဗုဒ္ဓ ဘာသာဝင် လူအုပ် ကြီးက မွတ်စလင် တစ်ယောက် ကို လည်လှီးပြီး မီးရှို့ နေတာကို တွေ့ပါတယ်။ သူ့ကို ဗီဒီယို မရိုက်ဖို့ ပြောနေတဲ့ ကြားကနေ ဗီဒီယိုလည်း ရိုက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်အမျိုးသားခြောက်ယောက်ခုနှစ် ယောက်လောက် ဝိုင်းရိုက်လို့ ထွက်ပြေး ခဲ့ပါတယ်။ နောက်ကျော မှာလည်း အရိုက်ခံ လိုက်ရပါ တယ်လို့ ပြောပါတယ်။

မတ်လ ၂၀ -၂၂ အတွင်း သူမ မိထ္တီလာ မှာရှိ နေစဉ်က ဗုဒ္ဓ ဘာသာဝင် တွေကသာ လက်နက် တွေကိုင်ပြီး တဖက်သတ် အကြမ်းဖက် မှုတွေ လုပ်နေတာဖြစ်ပြီး မွတ်စလင် တွေကတော့ အမြဲဘဲ ခံနေရ တာဖြစ်ကြောင်း ပြောပြ ပါတယ်။

ဦးဝင်းထိန်ရဲ့ ပြောဆိုချက် အရကတော့ ဗုဒ္ဓ ဘာသာဝင် မိထ္တီလာ မြို့ခံ တွေက ဒီလို အကြမ်းဖက် မှုတွေ လုပ်ကြတာ လို့ပြော ပေမယ့် အခြား မြင်တွေ့ သူတွေ ကတော့ ဒီအကြမ်းဖက် မှုတွေဟာ သေသေ ချာချာ စီစဉ် ထားတဲ့ လုပ်ရပ် တွေမျိုး ဖြစ်ပြီး အကြမ်းဖက် သူတွေက လူစိမ်းတွေ၊ သူတို့ မတွေ့ မမြင်ဖူး သူတွေ ပါလို့ ဆိုပါတယ်။

အကြမ်းဖက် မှုတွေအပြီး သုံးပတ် လောက်မှာတော့ မိထ္တီလာ မြို့ရဲ့ မွတ်စလင် ရပ်ကွက် ကြီးဟာ စစ်ပြီးတဲ့ အချိန်၊ သဘာဝ ဘေးအန္တာရယ် တွေနဲ့ ကြုံတွေ့ ပြီးချိန်မှာ တွေ့မြင်တဲ့ မြင်ကွင်း တွေလို အဆောက် အဦ ပျက်တွေ၊ ကားပျက် တွေနဲ့ ပြည့်နှက် နေတဲ့ ကွင်းပြင် ကြီးလို ပါဘဲ။ ပစ္စည်း အကြွင်း အကျန် တွေကိုလည်း မြို့တွင်းက ဆင်းရဲ သားတွေ ရောင်းချဖို့ အတွက် ရှာဖွေ နေတာ တွေလည်း တွေ့မြင် ရပါတယ်။ လူပေါင်း တစ်သောင်း ရှစ်ထောင် ဟာ ဒီအကြမ်း ဖက်မှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ကြ ရပြီး အများစု ကတော့ မွတ်စလင် တွေဖြစ် ကြပါတယ်။ သူတို့ တွေဟာ အစိုးရ ထိန်းချုပ်တဲ့ ဒုက္ခသည် စခန်း တွေမှာ နေကြ ရပါတယ်။ ဒီဒုက္ခသည် စခန်း တွေမှာတော့ သတင်းထောက် တွေကို ကန့်သတ် ထားပါတယ်။ ဒါပေမယ့် အစိုးရက စီစဉ် ထားတာ မဟုတ်တဲ့ အချို့ စေတနာ ဝန်ဆောင်မှု ပုဂ္ဂလိက ဒုက္ခသည် စခန်း တွေလည်း ရှိပါတယ်။

အစိုးရ ကတော့ နှစ်လ အတွင်းမှာ ပျက်စီး သွားတဲ့ အိမ်တွေကို ပြန်လည် တည်ဆောက် ပေး မယ် လို့ ကြေညာ ခဲ့ပေမယ့် တချို့ ကတော့ အစိုးရမှာ လုပ်ပေး နိုင်တဲ့ အနေ အထား မရှိ သလို၊ လုပ်ပေးဖို့ ဆန္ဒ မရှိ ဘူးလို့ ဝေဖန် ပြောဆို နေကြ တာတွေလည်း ရှိပါတယ်။ မွတ်စလင် ဒုက္ခသည် အများစု ကတော့ သူတို့ရဲ့ ဒုက္ခသည် ဘဝ အဓွန့် ရှည်ပြီး ရခိုင် ပြည်က ရိုဟင်ဂျာ တွေလိုဘဲ ရေရှည် ဒုက္ခ ရောက်နေ ကြမှာကို တွေးပူ နေကြ ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ တွေနဲ့ မတူတာ ကတော့ မြန်မာ နိုင်ငံ အလယ် ပိုင်းမှာ ရှိတဲ့ မွတ်စလင် တွေဟာ မြန်မာ နိုင်ငံသား အဖြစ် အသိ အမှတ် ပြုခြင်း ခံထား ကြရ သူတွေပါ။

မိထ္တီလာ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ပြီး မွတ်စလင် အများစု နေထိုင်သည့် ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့်ရှိ မွတ်စလင် အများစု နေထိုင်ရာ နေရာတွင် အကာ အရံ များနှင့် ကင်းစောင့် နေကြစဉ်
အကြမ်းဖက်မှု ပြန့်ပွားစဉ်

မိထ္တီလာ နောက်ပိုင်းမှာ မွတ်စလင် ဆန့်ကျင် ရေးဟာ အခြား အရပ် ဒေသတွေကို ကူးဆက် သွား ပြီး နိုင်ငံ တော်ရဲ့ အကြီး ဆုံးမြို့ ဖြစ်တဲ့ မြို့တော် ရန်ကုန် ဆီကို ဦးတည် လာခဲ့ ပါတယ်။ ပဲခူးတိုင်း မှာဆို ရင် ဒီလို အကြမ်းဖက် မှုတွေဟာ အနည်းဆုံး ကျေးရွာ ၁၄ ရွာအထိ ကူးဆက် ခဲ့ပါတယ်။

လူဦးရေ တစ်သိန်း ခန့်ရှိတဲ့ မင်းလှမြို့က ဒုက္ခသည် ၈၀ လောက်ဟာ မတ်လ ၂၇ ရက်နေ့ တိုက်ခိုက် မှု တွေကြောင့် ရန်ကုန် မှာရှိတဲ့ ဗလီ တစ်ခုမှာ ခိုအောင်း နေရ ပါတယ်။

ကိုမောင်ဝင်း (နာမည် အရင်း မဟုတ်) ဒေသခံ ဗလီ ဆရာ တစ်ယောက်က နေ့လည်ခင်း ဆွလ္လာသ် ဝတ်ပြု (ဘုရား ရှိခိုးမှု) အပြီး သိပ်မကြာ ခင်မှာ ဗုဒ္ဓ ဘာသာ အစွန်း ရောက်တွေ ဗလီ ဝတ်ကျောင်း တော် ကို တိုက်ခိုက် ကြတဲ့ အကြောင်း ပြောပြ ပါတယ်။ အဲဒီ တိုက်ခိုက် မှုမှာတော့ ထိခိုက် ဒဏ်ရာ ရတာတွေ၊ သေ ဆုံး တာတွေ မရှိခဲ့ ပါဘူး။

အိုးအိမ်မဲ့ ဖြစ်ရတဲ့ ဒုက္ခသည် အများစု ကတော့ အစိုးရ ထိန်းချုပ်တဲ့ ဒုက္ခသည် စခန်း တွေမှာ နေထိုင် ကြပေမယ့် ဒီလို အခြား စေတနာနဲ့ ကူညီပေး ကြတဲ့ ပြင်ပ ဒုက္ခသည် စခန်း တွေလည်း ရှိပါတယ်
ဒီတိုက်ခိုက် မှုကြီး ကတော့ ရုတ်တရက် ကြီးဖြစ်ပွား ခဲ့တယ်လို့ ကိုမောင်ဝင်းနဲ့ မင်းလှ မြို့က အခြား ဒုက္ခသည် တွေဟာ Spectrum ကိုပြောပြ ကြပါတယ်။ ဒါပေမယ့် ဘုန်းကြီး တစ်ပါးဟာ သူတို့ မြို့ ကို ဖေဖော် ဝါရီလ အကုန် လောက်မှာ ရောက်ရှိ လာပြီး အစ္စလာမ် ဘာသာ ဝင်တွေနဲ့ မဆက် ဆံဖို့၊ သူတို့ ဆီမှာ ဈေးမဝယ် ကြဖို့ ဗုဒ္ဓ ဘာသာဝင် တွေကို ဟောပြော ပြီးတဲ့ နောက်ပိုင်းမှာ အစ္စလာမ် ဘာသာ ဝင် တွေနဲ့ ဗုဒ္ဓ ဘာသာဝင် တွေအကြား သွေးကွဲမှု တွေရှိလာ ခဲ့တယ်လို့ ပြောကြ ပါတယ်။ ယခု ဗလီ ကျောင်း မှာ ဒုက္ခသည် အဖြစ် ခိုလှုံ နေရတဲ့ ကုန်စုံ ဆိုင်ပိုင်ရှင် အမျိုး သမီး ဟာလည်း ဒီ လို ဟောပြော မှုတွေ အပြီးမှာ ဗုဒ္ဓ ဘာသာဝင် ဖောက်သည်တွေ လျှော့ပါး ခဲ့ရတယ် လို့ဆို ပါတယ်။ ဘယ် လိုဘဲ ဖြစ်ဖြစ် တိုက်ခိုက်မှု တွေဖြစ်ပွား ခဲ့တဲ့ အချိန် မှာတော့ သူမဟာ ဗုဒ္ဓ ဘာသာဝင် အိမ်နီးနား ချင်းတစ် အိမ်မှာ ခိုလှုံ နေခဲ့ ရပါတယ်။

အကြမ်းဖက် မှုတွေဟာ မြို့တော် ရန်ကုန် အထိ မကူးစက် လာပေမယ့် မွတ်စလင် အများ နေထိုင်တဲ့ ပတ်ဝန်း ကျင်တွေ မှာတော့ တင်းမာမှု တွေရှိနေ ခဲ့ပါတယ်။ မိထ္တီလာ မှာ တိုက်ခိုက်မှု တွေဖြစ်ပွား ကတည်းက ရန်ကုန် မြို့ရဲ့ မွတ်စလင် အများစု နေထိုင်တဲ့ နေရာ ဖြစ်တဲ့ မင်္ဂလာ တောင်ညွန့်မှာ အ ကာ တွေချထားပြီး ညကင်းလှည့် နေကြ ပါတယ်။

ဧပြီလ ၂ ရက်နေ့ အစော ပိုင်းက ကလေးငယ် ၁၃ ယောက် သေဆုံး ခဲ့ရတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင်မှု အပြီးမှာ မွတ်စလင် တွေအကြား ကောလ ဟာလတွေ ပြန့်ပွား နေခဲ့ ပါတယ်။ တချို့ ကတော့ ဒီမီးလောင် မှုမှာ အာဏာပိုင် တွေပါဝင် တယ်လို့ ယုံကြည် ကြပါတယ်။ အာဏာ ပိုင်တွေ ကတော့ လူတွေ ယုံမှား သံသယ ရှိနေ သလို ဖော်ထုတ်ဖို့ အတွက် မျက်မြင် သက်သေ တွေမရှိ ဘူးလို့ တုန့်ပြန် ကြပါတယ်။

ရပ်ကွက် အတွင်းမှာ နေထိုင် ကြသူ တွေနဲ့ မေးမြန်း ကြည့်ရာ မှာတော့ အဝတ်တွေ ခြုံထားတဲ့ လူတစ်စုဟာ ကားတွေနဲ့ လမ်းတွေ ပေါ်မှာ အော်ဟစ် ကြိမ်းမောင်း နေကြ ပါတယ်။ အများ အားဖြင့် ကတော့ သင်္ကြန် ရက်ပိုင်း အတွင်းမှာ မိထ္တီလာတို့၊ ပဲခူး တို့လို အကြမ်း ဖက်မှု တွေဖြစ်မှာ စိုးရိမ် နေခဲ့ ကြပါတယ်။ ယောင်္ကျား အများစုက နေ့ခင်းပိုင်း အလုပ် လုပ်ပြီး ညပိုင်းမှာ ကင်းစောင့် ကြရတာ ကြောင့် နာရီ အနည်း ငယ်သာ အိပ်စက် ကြရ ပါတယ်။ သူတို့ ရပ်ကွက် အတွင်း အဝင်ဝ လမ်းမ တွေမှာ သံဆူးကြိုး တွေနဲ့ ကာဆီး ထားပြီး ဒေသခံ လူတွေ စောင့်ကြည့် နေကြ ပါတယ်။

Spectrum က အင်တာဗျူး လုပ်ခဲ့ သူတွေ အားလုံးက ဗုဒ္ဓ ဘာသာဝင် တွေနဲ့ အမြဲ အဆင်ပြေ ကြကြောင်း နောင်လည်း အမြဲ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ရင်းရင်း နှီးနှီး နေထိုင် သွားကြမှာ ဖြစ်ကြောင်း ပြောကြ ပါတယ်။ အဓိက ကတော့ စိတ်ထား မမှန်တဲ့ ဗုဒ္ဓ ဘာသာ အကြမ်းဖက် သမား အုပ်စု တချို့ကို သာအပြစ် တင်ကြ ပါတယ်။

နိုင်ငံ တဝှမ်း မှာရှိတဲ့ အခြား မွတ်စလင် တွေလိုဘဲ မင်္ဂလာ တောင်ညွန့်မှာ နေထိုင် ကြတဲ့ မွတ်စ လင် တွေဟာလည်း ပြည်ထောင်စု အစိုးရနဲ့ ဒေသ ဆိုင်ရာ အာဏာပိုင် တွေက သူတို့ကို ဥပ က္ခာ ပြု ထားတယ်၊ အကာ အကွယ် မပေး ကြဘူးလို့ ခံယူ ကြပါတယ်။ သူတို့ နေထိုင်ရာ ပတ်ဝန်း ကျင်ကို Spectrum ဝိုင်းတော် သားတွေ ညအချိန် နှစ်ကြိမ် သွားရောက် လည်ပတ် စဉ်မှာလည်း လုံခြုံရေး တပ် ဖွဲ့ တွေအနည်း ငယ်သာ လမ်းမတွေ ပေါ်မှာ တွေ့ရ ပါတယ်။

“ဒီလူ တွေက ဘယ်သူ တွေလဲ ဆိုတာတော့ ကျနော် တို့လည်း မသိဘူး။ ဒါပေမယ့် ကျနော်တို့ မကြောက် ပါဘူး။ ကျနော် တို့ကို လာလုပ် ရင်တော့ပြန်ချ မှာဘဲ” ဟု လမ်းဒေါင့်က အရံ အတား တစ်ခု မှာ စောင့်နေ တဲ့ လူငယ် တစ်ယောက် ကပြော ပါတယ်။

ရန်ကုန်နဲ့ အခြားဒေ သတွေမှာရှိတဲ့ မွတ်စလင်တွေကို Spectrumက အင်တာဗျူး လုပ်တော့ ဒေါ် အောင်ဆန်း စုကြည် ဟာလည်း သူတို့ကို ဥပက္ခာ ပြုထား တယ်လို့ ဆိုပါတယ်။ ဒေါ်စု အနေနဲ့ မြန်မာ မွတ်စလင် တွေကို အကာ အကွယ် မပေး နိုင်တာ ကိုတော့ စိတ်ပျက် မိကြောင်း သူတို့ တွေပြော ပါတယ်။ ဒေါ်စုနဲ့ သူမရဲ့ ပါတီ ဟာလည်း ဒီအရေး ကိစ္စမှာ နှုတ်ပိတ် နေတဲ့ အတွက် အပြည် ပြည်ဆိုင်ရာ စောင့်ကြည့် လေ့လာ သူတွေ ကလည်း အံ့အား သင့်နေ ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက် လို့ ဦးဝင်းထိန် ကိုမေးကြည့်တော့ "မွတ်စလင် တွေကို ကာကွယ် ဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင် မှုတွေ မလုပ်ဆောင် ပေးနိုင်ခဲ့ တဲ့အတွက် အပြစ် တင်တာ ကိုလည်း ခံရမှာဘဲ" လို ဆိုပါတယ်။ ဆက်လက်ပြီး “နောက်တော့ ပြုပြင် ပြောင်းလဲ သွားမှာပါ။ ဘာသာရေး အရ ပြုလုပ်တဲ့ အခမ်း အနား တွေမှာ တက်ရောက် တာတွေ၊ စုပေါင်း ကော်မီတီ ဖွဲ့ပြီး လုပ်ဆောင် တာတွေကို လုပ်ဆောင် သွားမှာပါ။ ဒါပေမယ့် ဒီကိစ္စ ကတော့ လွယ်မှာ တော့ မဟုတ် ပါဘူး။” လို့ သူက ထပ်လောင်း ပြောဆို ပါတယ်။

သူကိုယ်တိုင်ဘဲ ဒေါ်အောင်ဆန်း စုကြည်ကို မိထ္တီလာ မလာဖို့ ပြောခဲ့ တယ်လို့ ဆိုပါတယ်။ “သူ မလာဖို့ ကျနော် အကြံပေး ခဲ့တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကျနော့် အနေနဲ့ မွတ်စလင် တွေကို ကူညီ ပေး တာတောင် လူတွေက ကျနော့်ကို အပြစ်တင် ကြတယ်။''

ဒီလို ဆုံးဖြတ် လိုက်တာ ကတော့ နိုင်ငံရေး တွက်ချက် မှုကြောင့် လို့တော့ သူဝန်ခံ ပါတယ်။ ထပ်ပြီးတော့ “ ဒီပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်း ဆီလျော်တဲ့ အဖြေ တွေကို ဒေါ်စု ပေးနိုင် မှာမှ မဟုတ်တာ။ ဒါကြောင့် သူ့ကို မလာဖို့ ကျနော် ပြောလိုက် ရတာပါ။” ဟု သူက ဆက်ပြော ပါတယ်။

အမုန်း တရား ဟောတဲ့ ဘုန်းကြီး

လက်တလော ဖြစ်ပျက် ခဲ့တဲ့ အကြမ်းဖက် မှုဟာ ရွှေဆိုင်မှ အငြင်း ပွားမှုနဲ့ ဘုန်းကြီး တစ်ပါးကို သတ်ဖြတ် မှုပေါ်မှာ အခြေခံ ပေါ်ထွက် လာတယ် ဆိုပေမယ့် တကယ့် ဖြစ်ရပ် ကြီးကတော့ ဘာသာရေး နဲ့ နိုင် ငံရေး ခေါင်းဆောင်တွေ မွေးမြူ ပေးလိုက်တဲ့ သံသယ လှိုင်းတွေ အပေါ်မှာ အခြေခံ ပါတယ်။

ဗုဒ္ဓ ဘာသာ တွေကို ဗုဒ္ဓ ဘာသာဝင် တွေရဲ့ ဈေးဆိုင် တွေမှာဘဲ ဈေးဝယ် ကြဖို့၊ မြန်မာ နိုင်ငံမှာ အစ္စလာမ် သာသနာ ပြုမှုကို ဆန့်ကျင် ကြဖို့၊ မြန်မာ နိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓ ဘာသာကို ကာကွယ် ကြဖို့ တိုက်တွန်းတဲ့ ၉၆၉ လှုပ်ရှား မှုမှာ မွတ်စလင် ဆန့်ကျင်ရေး ဝါဒတွေ ပြည့်နှက် နေတာကို မျက်ဝါး ထင်ထင် မြင်တွေ့ ရပါတယ်။ ဒီလှုပ်ရှားမှု ကြီးရဲ့ အမည် နာမဟာ ဗုဒ္ဓ ဘာသာရဲ့ ရတနာ သုံးပါး ဖြစ်တဲ့ ဘုရား ဂုဏ်တော် ကိုးပါး၊ ဓမ္မ ဂုဏ်တော် ခြောက်ပါး၊ သံဃာ ဂုဏ်တော် ကိုးပါး ကို အခြေ ခံတဲ့ အမည် ဖြစ်ပါတယ်။ ရန်ကုန်နဲ့ အခြား မြို့တွေမှာ ၉၆၉ အမှတ် တံဆိပ်ပါ စတစ်ကာ တွေကို ဈေးဆိုင်တွေ၊ တက်စီ ကားတွေ၊ မော်တော် ယာဉ်တွေမှာ အမြောက် အများတွေ့မြင် ရပါတယ်။

၉၆၉ လှုပ်ရှား မှုရဲ့ အဓိက ထင်ပေါ် နေတဲ့ မျက်နှာဖုံး ကတော့ မွတ်စလင် ဆန့်ကျင် ရေး တရား တွေ ကို ဟောလို့ နာမည် ကျော်နေတဲ့ မန္တလေး မြို့က အရှင် ဝီရသူ ဖြစ်ပါတယ်။ အသက် ၄၅ နှစ် အရွယ် ရှိတဲ့ ကလေး သာသာ မျက်နှာ ပေါက်နဲ့ တည်တည် ငြိမ်ငြိမ် ပျော့ပျော့ ညံ့ညံ့နဲ့ ပြောဆို တတ်တဲ့ ဒီဘုန်းကြီးဟာ ၂၀၀၃ ခုနှစ်က မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်း တွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး ထောင်ကျ ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်း သာခွင့်ရလို့ ပြန်လွတ် လာတာပါ။ Spectrum ဝိုင်းတော် သား တွေ ဟာလည်း သူကျောင်း ထိုင်တဲ့ မန္တလေး မြို့က မစိုးရိမ် ကျောင်းတိုက်မှာ တွေ့ဆုံ ခဲ့ပါတယ်။ မစိုး ရိမ် ကျောင်း တိုက် ဟာ နိုင်ငံရေး လှုပ်ရှားမှု တွေမှာ ပါဝင် ပတ်သက်တဲ့ ဘုန်းကြီး ကျောင်းအဖြစ် လူသိ များ ကြ ပါတယ်။

အရှင် ဝီရသူ ဟာ သူ့ရဲ့ ပုံတူ ပန်းချီ ကားချပ်တွေ များစွာ ချိတ်ဆွဲ ထားတဲ့ အောက်မှာ ထိုင်ပြီး မြန် မာ နိုင်ငံကို ဝါးမြိုဖို့ အတွက် ကြံစည် နေကြတဲ့ မွတ်စလင် တွေရဲ့ အကြံ အစည်တွေ အကြောင်း ရှင်းပြ ခဲ့ပါတယ်။

မစိုးရိမ် ကျောင်းတိုက်က အမုန်း တရား ဟောတဲ့ ဘုန်းကြီး အရှင် ဝီရသူ
သူဟာ အစ္စလာမ် ဘာသာကို မကြိုက် မနှစ် သက်ဘဲ အဆိုး မြင်ဝါဒ များနဲ့ ပြည့်နှက် နေတဲ့ သူ တစ်ယောက် ဖြစ် ပါတယ်။ ပထမ ကတော့ သူဟောတဲ့ တရား တွေထဲမှာ မွတ်စလင် တွေအကြောင်း ထည့်ပြော ခဲ့ တာတွေ မရှိပါ ဘူးလို့ ငြင်းပါ သေးတယ်။ နောက်ပိုင်း မှာတော့ လူတွေကို အမှန် တရား အ သိ ပေးဖို့ အတွက် မွတ်စလင် တွေအကြောင်း ထည့်ဟော ရတာ ဖြစ်တယ် လို့ဝန်ခံ ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ဖြစ် သမျှသော မုဒိန်း မှုတိုင်းကို မွတ်စလင် တွေက ကျူးလွန်တာ ပါလို့တောင် စွပ်စွဲ ပြောဆို ခဲ့ပါ သေးတယ်။ စစ်တပ်က တိုင်းရင်းသား အတိုက် အခံ တွေကို နှိမ်နှင်း ရာမှာ မုဒိန်း ကျင့်တာကို လက်နက် သဖွယ် အသုံး ပြုခဲ့တယ် ဆိုတာ ကိုတော့ သူထည့် မပြောခဲ့ ပါဘူး။

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မြန်မာ နိုင်ငံကို အစ္စလာမ် ဘာသာ နိုင်ငံ အဖြစ် ပြောင်းလဲ နိုင်ဖို့ အတွက် မြန်မာ မွတ်စလင် တွေကြံရွယ် နေတယ် ဆိုတဲ့ “လျှို့ဝှက် သတင်း” ကို ဗုဒ္ဓ ဘာသာဝင် အဖြစ် ပြောင်းလဲ ခံယူ လိုက်တဲ့ မွတ်စလင် တယောက် ဆီက ကြားသိ ရပြီးတဲ့ နောက်မှာ ၁၉၉၆ ကစပြီး မွတ်စလင် ဆန့်ကျင် ရေးတွေ လုပ်လာ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလျှို့ဝှက် ချက်ကတော့ ဗုဒ္ဓ ဘာသာ အမျိုး သမီး တွေကို ယူပြီး ဘာသာ ပြောင်းခိုင်း ဖို့နဲ့ စီးပွား ရေးကို လက်ဝါး ကြီးအုပ် ဖို့ဖြစ် ပါတယ် လို့ သူက ရှင်းပြ ပါတယ်။ မြန်မာ ဗုဒ္ဓ ဘာသာတွေ အရေး တယူ မလုပ်ဆောင် ကြဘူး ဆိုရင်တော့ ရခိုင် ပြည် နယ်က မေယု ဒေသမှာ ရိုဟင်ဂျာ တွေ ပိုင်စိုး ထားသလို ၂၁၀၀ ခုနှစ်မှာ မြန်မာ တနိုင်ငံလုံး အဲဒီ လို ဖြစ်သွား လိမ့်မယ်လို့ သတိ ပေးပါတယ်။

အရှင် ဝီသူရ ကတော့ ဗုဒ္ဓ ဘာသာဝင် တွေဟာ အကြမ်းဖက် မှုတွေ လုပ်ဆောင် ခဲ့တယ် ဆိုတာ ကိုတော့ ဝန်ခံ ပေမယ့် ဒီလို အကြမ်းဖက် မှုတွေ ကတော့ သူ့ရဲ့ ဟောပြောမှု တွေကြောင့် မဟုတ်ဘူး လို့ဆို ပါတယ်။ သူရဲ့ ဟောပြော ချက်တွေ ကြောင့် မွတ်စလင် တွေကို မုန်းတီး တဲ့စိတ် ပြန်ပွား စေခဲ့တယ် ဆိုတာ မဟုတ် ကြောင်းလည်း ငြင်းဆို ခဲ့ပါတယ်။ သူဟာ “လူထုကို အသိပေး ရုံသက်သက်” ဖြစ်တယ် လို့ပြော ပါတယ်။

လူတွေက သူဟောတဲ့ တရား တွေကို နားထောင် ကြမယ် ဆိုရင် ဘယ် ဗုဒ္ဓ ဘာသာ ဝင်မှ အကြမ်းဖက် မှုတွေ လုပ်ကြမှာ မဟုတ်ဘူး လို့ဆို ပါတယ်။ ဒါပေမယ့် လည်း မိထ္တီလာ အကြမ်း ဖက်မှု တွေ မဖြစ် ပွားခင် လေးလောက် ကမှ အဲဒီ မြို့မှာ သူ တရား သွားဟော ခဲ့ပါ သေးတယ်။ သူရဲ့ အယူ အဆ အရ "မွတ်စလင် ပြဿနာ" ကိုဖြေရှင်း တဲ့နည်း ကတော့ "ဗုဒ္ဓ ဘာသာ ဝင်တွေဟာ မွတ်စလင် တွေနဲ့ စကားပြော လို့ရတယ်။ သူတို့နဲ့ လက်မထပ် ကြနဲ့။ မိတ်ဖွဲ့ လို့ရတယ်၊ အရောင်း အဝယ် မလုပ်နဲ့" ဆိုတဲ့ အယူဝါဒ ကိုရှေ့တန်း တင်ဟော ပြောပါတယ်။

အရှင် ဝီရသူရဲ့ ဟောပြော ချက်တွေက နိုင်ငံ အနှံ့ ကျယ်ကျယ် ပြန့်ပြန့် ပြန့်နှံ့ နေပြီး အမြော် အမြင် ရှိတဲ့ ဘုန်းကြီး တစ်ပါး အဖြစ် ဗုဒ္ဓ ဘာသာ ဝင်တွေ ကလည်း အားပေး ထောက်ခံ ကြပါတယ်။ မိထ္တီလာ မြို့က အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ရဲ့ ပြောပြ ချက်အရ စစ်တပ် ပိုင်တဲ့ ကုမ္ပဏီ တွေရဲ့ ဘတ်စ် ကား တွေပေါ်မှာ အရှင် ဝီရသူရဲ့ တရား ခွေတွေကို ပြသ ကြပါတယ်။

အသက် ၄၃ နှစ် အရွယ်ရှိ မိထ္တီလာ မြို့သူ မသန်းသန်း အောင်က မြို့ထဲမှာ ဆိုင်သုံးဆိုင် ပိုင်ရှင် ဖြစ်တယ်။ သူမဟာ မွတ်စလင် တွေရဲ့ အကြံ အစည်ကို ဆန့်ကျင် ဟောပြောတဲ့ အရှင် ဝီရသူရဲ့ DVD အခွေ တွေကို Spectrum အဖွဲ့ သားတွေကို ထုတ်ပြ ပါတယ်။ အကြမ်းဖက် မှုတွေ ဖြစ်ပွား စဉ်က မွတ်စလင် တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ဆိုပြီး သူမရဲ့ အမျိုးသား ဖြစ်သူ ပြုလုပ် ထားတဲ့ သံလက်ရိုး ရှည်ပါတဲ့ ဓါး တစ်လက် ကိုလည်း ထုတ်ပြ ပါတယ်။ သူမ အဖို့ ကတော့ မွတ်စလင်တွေ မိထ္တီလာ မြို့မှာ နေမယ် ဆိုရင်လည်း ကျန်တဲ့ လူတွေနဲ့ အတူတူ မဟုတ်ဘဲ သီးခြားစီ နေသင့် တယ်လို့ ဆိုပါတယ်။

၉၆၉ ဟာ အခြေခံ လှုပ်ရှားမှု ကြီးဖြစ်ပြီး အာဏာ ရှိသူတွေ၊ လူချမ်းသာ တွေဆီ က ငွေကြေး ထောက် ပံ့မှု တွေမရပါ ဘူးလို့လည်း အရှင် ဝီရသူ ကဆိုပါတယ်။ သူတို့ရဲ့ အမှတ် တံဆိပ် စတစ်ကာ တွေဟာလည်း သာမာန် အရပ်သား တွေက ပင်ရင်း စိတ်စေတနာ အမှန်နဲ့ ထုတ်ဝေ ဖြန့်ချီ နေကြတာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

သူ့ဖက်က ဒီလိုတွေ ပြောနေ ပေမယ့်လည်း မန္တလေး မှာရှိတဲ့ ဈေးဆိုင် ပိုင်ရှင် တွေကတော့ ဒီ အမှတ် တံဆိပ် စတစ်ကာ တွေကို အရှင် ဝီရသူ တို့ရဲ့ ဘုန်းကြီး ကျောင်းက ဘုန်းကြီး တွေကလည်း လိုက် လံ ဖြန့်ဝေ နေတာ ဖြစ်တယ်လို့ ပြောဆို ကြပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန် ရေးကို ဦးဆောင်ခဲ့သူ (ယခု လူဝတ် လဲထားတဲ့) အရှင် ဂမ္ဘီရ ကလည်း အရှင် ဝီရသူကို ဆန့်ကျင် သူထဲမှာ အဓိက ပါဝင် ပါတယ်။ "မှန်ကန်သော စကားကို သာပြောဆို ရမယ်" ဆိုတဲ့ ဗုဒ္ဓ ဘာသာရဲ့ အခြေခံ အယူ ဝါဒကို အရှင် ဝီရသူ ချိုးဖောက် နေတယ် လို့ဆို ပါတယ်။ ပြောဆို ရာမှာ နောက်လိုက် တွေက အခြား သူတွေကို အန္တာရယ် ပြုစေမယ့် သွေးဆွ မှုတွေ မပြုလုပ် ရဘူးလို့ လည်းဆို ပါတယ်။ သူ့ရဲ့ ထင်မြင် ချက်အရ တော့ မွတ်စလင် ဆန့်ကျင် ရေးကြီးကို အာဏာ ရှင်စနစ် နှစ်ပေါင်း ၅၀ အတွင်း စစ်တပ်က မျိုးစေ့ ချထား ပြီးသား ဖြစ်ပါတယ်။ “အမုန်း တရား တွေက လူတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်း နေပြီး ဖြစ်တယ်။ အချိန် မရွေး ဒီစိတ်တွေ ကြွလာအောင် လုပ်ဖို့ ဆိုတာ ထူးထူး ထွေထွေတောင် လုပ်ဖို့ မလို တော့တဲ့ အနေ အထား ကိုရောက် နေတယ်" လို့ သူက ရှင်းပြ ပါတယ်။

အရှင် ဝီရသူ နဲ့ ၉၆၉ လှုပ်ရှားမှု နောက်ကွယ်မှာ ဘယ်သူ တွေပါ သလဲ ဆိုတာ ကတော့ ဇဝေ ဇဝါ ပါဘဲ။ ဒါပေမယ့် အင်အား ရှိတဲ့ လူတွေ၊ ပါဝါ ရှိတဲ့ လူတွေရဲ့ ငွေကြေး အထောက် အပံ့ တွေရယူ နေတယ်လို့ လူတော်တော် များက ယုံကြည် ကြပါတယ်။ သူတို့ တွေက စစ်အုပ်စုရဲ့ အာဏာ ပြပြီး နေရာ လိုချင် ကြတဲ့ သဘောထား တင်းမာ သူတွေရဲ့ အကြံ အစည်ကို အကောင် အထည် ဖော်ဆောင်ရွက် နေကြ တာလို့ တချို့ ကလည်း ယူဆ ကြပါတယ်။ ဒီလို အမြင်ကို ပိုမို ထင်ဟပ် စေတဲ့ အချက် ကတော့ အခုလို အခြေ အနေ မျိုးမှာ တောင်မှ အာဏာ ပိုင်တွေက အရှင် ဝီရသူရဲ့ အမုန်း တရားကို နိုင်ငံ အနှံ့ လည်ပတ် ဟောပြော ခွင့်ပြု နေလို့ ပါဘဲ။

အသက် ၅၆ နှစ် အရွယ် အရှင် ပဏ္ဏဝံသ ကတော့ ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေးမှာ တက် တက် ကြွကြွ လှုပ်ရှား နေခဲ့တဲ့ ဘုန်းကြီး ဖြစ်ပါတယ်။ အခုတော့ လူမျိုး ဘာသာ မတူတဲ့ အသိုင်း အ ဝိုင်း တွေအကြားမှာ နားလည် မှုတွေ ပိုမို ခိုင်မာ အောင်လုပ်ဆောင် နေတဲ့ ငြိမ်ချမ်း မှုတည်ဆောက်ရေး ကွန်ရက်မှာ ပါဝင် နေပါတယ်။

သူ့သီတင်း သုံးရာ ကျောင်းတိုက်မှာ Spectrum အဖွဲ့ သားတွေ သွားရောက် မေးမြန်း ရာမှာတော့ အရှင် ဝီရသူ ဟာ "အတ္တ စိတ် နဲ့ အရှိန် အဝါ ငတ်မွှန်းမှု" နောက်လိုက် နေသူသာ ဖြစ်တယ် လို့ ရှင်းပြ ပါတယ်။

“ဝီရသူနဲ့ ၉၆၉ လှုပ်ရှား မှုကြီးဟာ လူတစ်စု ကတော့ ငွေကြေး အထောက် အပံ့ တွေရ နေတာပါ” ဟု နိုင်ငံတော် စီးပွားရေး အား ထိန်းချုပ် နေတဲ့ စစ်မှုထမ်းနဲ့ အစိုးရနဲ့ စပ်နွယ် နေတဲ့ လူချမ်းသာ ၃၀ လောက် ကို ရည်ညွန်း ပြောဆို ပါတယ်။ အရှင် ပဏ္ဏဝံသ ပြောကြား ချက်အရ မွတ်စလင် စီးပွားရေး သမား တော်တော် များများ မှာလည်း ရင်းနှီး မြှပ်နှံ မှုတွေ အများကြီး ရှိတယ်။ ဒီလူတစ်စု က ဒါတွေကို လိုချင် တာဟု ပြောပါတယ်။

သူကတော့ ဒီ အကြမ်းဖက် မှုတွေမှာ စစ်တပ် ကလည်း ပါနေတယ် လို့ မြင် ပါတယ်။ နိုင်ငံတော် မတည်ငြိမ် မှုတွေဖြစ် ပေါ်လာမှ စစ်တပ် ဟာလည်း တရား ဥပဒေ စိုးမိုးရေး အတွက် မရှိမဖြစ် လိုအပ် တယ်ဆိုတဲ့ အသွင်ကို ပြသ ချင်တဲ့ သဘော တွေရှိတယ် လို့ဆို ပါတယ်။ သူ့ရဲ့ အမြင် ကတော့ စစ်တပ်က ၁၉၆၂ က ဗိုလ်ချုပ် နေဝင်း အာဏာ သိမ်းခဲ့ သလို အာဏာ အပြည့် တော့ ပြန်လို ချင်ပုံ မပေါက်ဘူး။ "၁၉၅၈ လောက် ကိုတော့ ပြန်သွား ချင်ပုံ ပေါက်တယ် " လို့ သူက ထင်မြင် ပါတယ်။

အဲ ဒီနှစ်မှာ မြန်မာ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု ဆီက ဗိုလ်ချုပ် နေဝင်းဟာ အိမ်စောင့် အစိုးရ အဖြစ် ၁၈ လ ကြာ အာဏာ သိမ်းထား ခဲ့ပါတယ်။ အဲဒီ အချိန် ကတော့ စစ်တပ် ကြီးဟာ ဒီမိုကရေစီ စနစ် ကို ကာကွယ် စောင့်ရှောက်တယ်။ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို လုပ်ဆောင် တယ်လို့ နာ မည် ကောင်းယူ ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ရှိတဲ့ ဘာသာ ခြားတွေ အကြားမှာ တင်းမာမှု တွေကတော့ ဦးနေဝင်း ၁၉၆၂ ခုနှစ် အာဏာ မသိမ်းမှီ ကတည်းက ရှိနေခဲ့ ပါတယ်။ ဗြိတိသျှ ကိုလိုနီ ခေတ်က ရောက်ရှိ လာတဲ့ အိန္ဒိယ သားတွေ ဒေသခံ မြန်မာ ပြည်သူ တွေက မကြေလည် ကြတဲ့ အတွက် အိန္ဒိယ သားဆန့် ကျင်ရေး၊ မွတ်စ လင် ဆန့်ကျင်ရေး အရေး အခင်းတွေ ၁၉၃၀ နဲ့ ၁၉၃၈ ခုနှစ် တွေမှာ ဖြစ်ပွား ခဲ့ပါ သေးတယ်။ မျက်မှောက် ခေတ်က လိုပဲ ဗုဒ္ဓ ဘာသာ အစွန်းရောက် ဘုန်းကြီး တွေရဲ့ လှုံ့ဆ်ာမှု တွေကြောင့် အဓိက ရုဏ်း တွေဖြစ်ပွား ခဲ့တာပါ။

ဦးနေဝင်းနဲ့ စစ်အာဏာ ရှင်တို့ဟာ သူတို့ရဲ့ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲ စေဖို့ အတွက် ဘာသာရေး အခြေပြု အမျိုးသားရေး အစွန်းရောက် ဝါဒနဲ့ လူမျိုးရေး မုန်းတီး မှုဝါဒ တို့ကို လိုသလို ဆွဲယူ သုံးစွဲ ကြပါတယ်။ ဦးနေဝင်း အာဏာ သိမ်းပြီး နောက်ပိုင်းမှာ မွတ်စလင် တွေနဲ့ အခြား ဗုဒ္ဓ ဘာသာ မဟုတ်သူ တွေကို စစ်တပ် အတွင်းမှာ ရာထူး ရာခံ တွေမပေး တော့ပါဘူး။ အိန္ဒိယ နွယ်သား ထောင်ပေါင်း များစွာ ကိုလည်း တိုင်းပြည်မှ နှင်ထုတ် ခဲ့ပါ သေးတယ်။

ဦးနေဝင်းဟာ မြန်မာ ဆိုတာကို ဘာသာ ရေးနဲ့ လူမျိုးရေး အပေါ်မှာ အခြေခံ တည်ဆောက် ဖို့ကြိုးစား ခဲ့သူတစ်ဦး ဖြစ်ပြီး ဒီလို တည်ဆောက် နိုင်ဖို့ အတွက် မွတ်စလင် ဆန့်ကျင် ရေး အကြမ်းဖက် မှုအရင်း အမြစ် တွေကို မွေးမြူ ခဲ့တာပါ။ ဒါကြောင့် လည်း အခုလို အချိန် အခါမှာ ထိန်းချုပ် ရခက်တဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်း ဖက်မှုတွေ ပြန့်နှံ့ ခဲ့တာ ဖြစ်ပါတယ်။

** ဧပြီလ ၁၄ ရက် ၂၀၁၃ ၌ Bangkok Post - Spectrum ကဏ္ဍတွင် ထည့်သွင်း ဖော်ပြ ခဲ့သော "Fear stalks Muslims in Myanmar" သတင်း ဆောင်းပါး အား O'Laie Manzu မှ ဆီလျော် သလို ဘာသာပြန် ထားသည်။

မူရင်း သတင်း ဆောင်းပါး - http://www.bangkokpost.com/news/investigation/345346/muslims-in-myanmar-in-constant-fear

No comments:

Post a Comment