New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 30, 2013

"ဥက္ကံမြို့နယ်တွင် မွတ်စလင်များအား အကြမ်းဖက်မှုများ ရွာများသို့ပင် ကူးစက်ပျံ့နှံ့ခဲ့"



ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်တွင်သွေးကြွနေသာ ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်သမား 969 ဂိုဏ်း များမှ ယနေ့ နေ့လယ် ၁၁ နာရီ အချိန်မှစ၍ အစ္စလာမ် ဘာသာရေး အခြေခံ အဆောက်အဦးများဖြစ်သည့် ဗလီများ၊ စာသင်ကျောင်းများနှင့် မွတ်စလင်မ်များပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုင်ခန်းများကို လုယက်၊ အကြမ်းဖက်၊ ဖျက်ဆီး၍ အချို့အား မီးရှို့မှုများပြုလုပ်နေကြောင်း သိရပါတယ်။

အစောပိုင်းတွင် ဈေးဆိုင်ခန်းများအတွင်းမှ ပစ္စည်းများအား လုယက် ဖျက်ဆီးရုံသာ ပြုလုပ်ခဲ့သော်လည်း တဖြည်းဖြည်း   လူအင်အား များပြားလာခဲ့ပြီးနောက် ပစ္စည်းများအား လမ်းမပေါ်တွင် မီးပုံရှို့ခြင်း များ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

လူအင်အား (၅၀၀)ကျော်ခန့်ရှိသော လူအုပ်ကြီးအတွင်း၌ အနီးဝန်းကျင်ရှိ ကျေးရွာသားများ၊ သင်္ကန်းဝတ်များ၊ အမျိုးသမီးများ ပါဝင်ကြပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်များမှ အခြေအနေအား အေးချမ်းသည်အထိ ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ယခု နောက်ဆုံး အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရသည်မှာ...
- ပနီပင်ကျေးရွာရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်များ
- မီးလောင်ပြင် ကျေးရွာရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်များ
- သဲဝါကျေးရွာရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်များ
- ကျိန်ချောင်းကျေးရွာရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်များအား အကြမ်းဖက် လုယက် ဖျက်ဆီးခံခဲ့ရပြီး အချို့နေရာများတွင် မီးရှို့ဖျက်ဆီးမှုများပါ ရှိနေတယ်လို့ သိရပါတယ်။

ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးမှ ပုဒ်မ (၁၈၈) အား ယနေ့ ညနေ (၅)နာရီတွင် လိုက်လံကြေငြာနေစဉ် မီးလောင်ပြင် ကျေးရွာ၊ သဲဝါကျေးရွာများတွင် အကြမ်းဖက် ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

အကြမ်းဖက်မှုကြောင့် လူရှစ်ဦး ဒဏ်ရာရရှိပြီး၊ တစ်ဦးသေဆုံးကြောင်း သတင်းများရရှိသော်လည်း အလင်းမျက်ဝန်းမှ အတည်ပြုနိုင်ရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းတော့ မရှိခဲ့ပါ

No comments:

Post a Comment