New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 30, 2013

ကြားဖြတ်သတင်း။ ။ (၃၀ - ၄ - ၂၀၁၃ ) ဥက္ကံမြို့နယ်သတင်း



ဥက္ကံမြို့နယ်အတွင်းမြန်မာမွတ်ဆလင် ( ၄ / ၅ ) ခန့်ဖျက်စီးခဲ့ကြောင်းနှင့် ဥက္ကံဗလီ ကို နေခင်း၊ နေ့လည်အချိန်တွင် အကြမးဗမာ အုပ်စုက ဖျက်စီးနေကြောင်း သတင်း ရရှိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxx

ဥက္ကံမြို့သတင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ ကို တိုက် ခိုက်မှုပြုခဲ့ကြောင်း၊

ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။

ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှု မရှိကြောင်းသိရပါတယ်။

အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။

ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဍ်

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဥက္ကံဈေးဗလီရှိ မွတ်စလမ်ဆငိုင်ခန်းများဖျက်ဆီးခံရ ==============

 ဧပြီ ၃၀၊၂၀၁၃ M-Media KKဥက္ကံ ။။ယေန့ ဧပြီလ၃၀ရက် နေ့လည် ၁နာရီ ခန့်က ရန်ကုန်တိုင်း ဥက္ကံမြို့ ဈေးဗလီရှိ မွတ်စလမ်ပငိုင် ဆိုခင်န်း များအားအကြမ်းဖက်လူတစ်စုမှ ဖျက်ဆီး လိုက်ကြောင်း သတင်းရရှိသည်။ဥက္ကံမြို့ဈေးဗလီတွင် ရှိသော မွတ်စလမ်မင်ျားပိုသင်ည့် ဆိုခင်န်းများအား အကြမ်းဖက် ၍၀ိုင်းဝန်း ဖျက်ဆီးလိုက်သည့်အတွက် ဆိုခင်န်း(၅)ခန်း ပျက်စီးသွားသည်ဟု သိရသည်။ဆိုခင်န်း များဖျက်ဆီးစဉ်ကတည်းကရဲများရောက် ရှိလာသော်လည်းရဲများမှလည်း မထိန်းသိမ်းနိုင်ပဲရှိနေသည်။မွတ်စလမ်မင်ျားစိုးရိမ်ထိတ်လန့်နေ၍အိမ်ထဲမှ မထွက်ဝံ့ကြောင်းလည်းသိရသည်ဥက္ကံမြို့ပြဿနာစဖြစ်စဉ်တွပင် ဖုန်း လိုင်းများပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့ပြီး ပတယ်လီဖုန်းလိုင်းများခေါ်ဆိုမရဖြစ်ခဲ့ပါသည်။နောက် ဆက် တွဲရရှိသည့် သတင်းများကို ထပ်မံဖော်ပြပါမည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx
ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဟု ဆို

ဥက္ကံမြို့နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ များက ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးလည်းဖြစ် သမ္မတပြောခွင့် ရပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ပဋိပက္ခသည် ကိုရင်နှင့် အမျိုးသမီးတဦး တိုက်မိပြီး သပိတ်လွတ်ကျသည့်ဖြစ်စဉ်မှ အစပြုကာ ဗလီနှင့် ဆိုင်ခန်းများကို တိုက်ခိုက်မှုပြုခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ညနေ ၃ နာရီတွင် အခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းထုတ်ပြန် မည်ဖြစ်ကြောင်း၊ ဗလီတွင် မှန်အချို့ကွဲပြီး မီးလောင်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အေးချမ်းမွန် Credit & Copy From >The Irrawaddy (Burmese Version)<Thank
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် ဘာသာရေးအခြေပြု၍ အကြမ်းဖက်မှု လုယက်မှုများ ပြုလုပ်
Location: Okekan, Burma ကဏ္ဍ သတင်း
Email ThisBlogThis!Share to TwitterShare to Facebook
၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၈) ရက် | မျက်ဝန်း စီဂျေ

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့တွင် ယနေ့ နေ့လယ် (၁၂း၃၀) အချိန်ခန့်မှစတင်၍ ဘာသာရေး အကြမ်း ဖက်မှုများအား လူအင်အား (၅၀၀) ကျော်မက ပါဝင်သည့် အစွန်းရောက် ဗုဒ္ဓဘာသာဝင် များမှ ပြု လုပ်လျက်ရှိကြောင်း ကြားသိရပါတယ်။

ဖြစ်ပွားပုံအား အတိအကျ မသိရသေးသော်လည်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးမှ ကိုရင် တစ်ဦးအား မတော်တဆ စက်ဘီးဖြင့်တိုက်မိ၍ သပိတ်နှင့် သပိတ်အတွင်းပါ ထမင်း ဟင်း များ မှောက် ကျသွားသည်ကို တိုက်မိသူမှ ချက်ချင်းပင် တောင်း ပန်ခြင်း၊ ပေါ်ပေါက် ခဲ့သည့်အပေါ် လိုအပ်သည် များအား ပြန်လည်ပြုလုပ်ပေးခြင်းကို လူငါးဆယ်ဦးခန့်မှ မကျေနပ်နိုင်ဟု ပြောဆို၍ ရဲစခန်း တွင် အမှုဖွင့်နေစဉ် မူလစတင်ဖြစ်ပေါ်ရာနေရာအနီးရှိ အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများအား လိုက်လံဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

လိုက်လံဖျက်ဆီးရာတွင် လူအုပ်စုများ တဖြည်းဖြည်း များပြားလာခဲ့ပြီး လူဦးရေ (၅၀၀) ကျော်လာခဲ့လို့ ရဲတပ်ဖွဲ့မှ သေနတ် မိုးပေါ်ထောင်ပစ်၍ ထိန်းသိန်းခြင်းများ ရှိခဲ့သော်လည်း အခြား ထိရောက်သည့် သီးခြား အရေးယူခြင်းများကတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဥက္ကံမြို့တွင် အစ္စလာမ်ဘာသာရေး အခြေခံအဆောက်အအုံများကတော့ ဈေးဗလီ၊ လမ်းချိုးဗလီ၊ အမျိုးသမီးစခန်းသွင်းကုရ်အာန်အာဂုံဆောင်စာသင်ကျောင်း (ဟာဖေဇာကျောင်း)နှင့် မူလတန်းအဆင့် ဘာသာရေး အခြေခံစာသင်ကျောင်းများရှိပြီး မွတ်စလင်မ်အိမ်ထောင်စုပေါင်း (၅၀၀) ကျော် ခန့် ပြန့်ကျဲ စွာ နေထိုင်ကြကြောင်း အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

မကြာသေးမီ ရက်ပိုင်းများက ဥက္ကံမြို့နှင့်နီးစပ်သည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့ရွာများတွင် ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများနှင့် မွတ်စလင်မ်များပိုင် အဆောက်အဦးများအား အကြမ်းဖက် ဖျက်ဆီး လုယက်တိုက်ခိုက်ခြင်းများ ရှိခဲ့ပြီးနောက်ပိုင်း ပနီပင်ရွာအနီး၌ သစ်ခေါင်းကြီးကျေးရွာမှ စက်မှု(၁)၀န် ထမ်းငြိမ်းနှင့် ဗိုလ်ကြီးဟောင်းဖြစ်သူတစ်ဦးက ဦးဆောင်၍ 969 လှုံ့ဆော်ရေး များ ပြုလုပ်ခဲ့ပြီးနောက် ဆက်တွဲ အကျိုးဆက်ဖြစ်ကြောင်း ဘာသာရေး အကြမ်းဖက်မှု လေ့လာသူတစ်ဦးက ဆိုပါတယ်။

ယခုအခါ ရန်ကုန်မြို့မှ ၈၈ ကျောင်းသားခေါင်းဆောင်တချို့၊ ရွှေဝါရောင်သံဃာများနှင့် ငြိမ်းချမ်းရေး တည်ဆောက် မှုကွန်ယက်အဖွဲ့ဝင်များနှင့် 969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င် လက်ထောက်   ခေါင်းဆောင် တစ်ဦးဖြစ်သူ ရွှေညာဝါး (ခေါ်) ပညာသီဟ တို့မှာ အကြမ်းဖက်လုယက်နေသည့် ဥက္ကံဒေသသို့ သွားရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

ယခုအခါ အကြမ်းဖက်မှုဖြစ်ပွားရာဒေသအတွင်း ရှိနေတဲ့ မွတ်စလင်မ်များ ကတော့ ဘေး လွတ်ရာ သို့ ရှောင်တိန်းထွက်ပြေးနေကြရပြီး အလင်းမျက်ဝန်းမှ ဥက္ကံမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး ရုံးနှင့် အကြမ်းဖက်နေရသည့် မွတ်စလင်မ်များအား နောက်ဆုံးအခြေအနေအား မေးမြန်းရန် ဆက် သွယ်သော်လည်း တယ်လီဖုန်းလိုင်းမျာမှာ ခေါ်ဆိုရန် ခက်ခဲနေပါတယ်။


အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဟု ဆို
==========================
April 30, 2013

ဥက္ကံမြို့နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့များ က ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးလည်းဖြစ် သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ပဋိပက္ခသည် ကိုရင်နှင့် အမျိုးသမီးတဦး တိုက်မိပြီး သပိတ်လွတ်ကျသည့်ဖြစ်စဉ်မှ အစပြုကာ ဗလီနှင့် ဆိုင်ခန်းများကို တိုက်ခိုက်မှုပြုခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ညနေ ၃ နာရီတွင် အခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းထုတ်ပြန် မည်ဖြစ်ကြောင်း၊ ဗလီတွင် မှန်အချို့ကွဲပြီး မီးလောင်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဥက္ကံမြို့၏ ဖြစ်စဉ်များအား အောက်ပါသတင်း Page များမှ ဖေါ်ပြနေမှုများ မှန်ကန်မှုမရှိ

Myanmar Muslim Net Facebook Page ဖေါ်ပြသော ဥက္ကံမြို့ ဗလီ (၂)လုံးဖျက်ဆီးခံရသည် ဟု ဖေါ်ပြ ချက် မှာ မမှန်ကန်ပါ။

ရဲတပ်ဖွဲ့ဝင်များမှ (ဈေးဆိုင်ခန်းများသာ ဖျက်ဆီးခံခဲ့ရပြီး) ဥက္ကံမြို့မဈေးအား ချက်ချင်းပိတ်ခဲ့ပါသည်။)

Myanmar Muslim Net Facebook Page ဖေါ်ပြသော ဥက္ကံမြို့ အောင်ရ တနာ ရပ်ကွက်တွင် ယခု မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေသည် ဆိုသည်မှာ မဟုတ်မှန်ပါ။

(မည်သည့် မီးလောင်မှုဖြစ်စဉ်မှ ဥက္ကံမြို့တွင် မဖြစ်ပါ)

ဖြစ်စဉ်မှန်မှာ

မွတ်စလင်အမျိုးသမီးမှ ဥက္ကံမြို့ဈေး အပြင်တန်း (ရဲစခန်းရှေ့) တွင် လမ်းချိုး (ဥက္ကံမြို့မှ ရန်ကုန်ဘက် အထွက် ရန်ကုန်ပြည်လမ်းဘေး အလံတိုင်တိုက်ကျောင်း)မှ ကိုရင်ဆွမ်းခံလာစဉ် ၀င်တိုက်မိရာမှ သပိတ်ပြုတ် ကျပြီး ကွဲသွားခဲ့ပါသည်။

ကိုရင်မှ ပြန်လျှော်ပေးရန် ပြောကြားရာ အဆိုပါအမျိုးသမီးမှ သင်္ကန်းဆွဲပြီး မလျှော်ပေးနိုင်ကြောင်း ရိုင်းဆိုင်းသာစကားများ ပြောကြားခဲ့ရာ ပြဿနာ မကြီးထွားစေရန် ချက်ချင်းရဲစခန်းထဲ ဆွဲခေါ်ပြီး စခန်းမှူး မှ ပြေလည်အောင် နားချ ညှိနှိုင်းပေးခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပေါ်သည့်နေရာမှာလည်း ရဲစခန်းရှေ့တွင် ဖြစ်ပါသည်။

အမျိုးသမီးပြောကြားသော ရိုင်းဆိုင်းသောစကားများကြောင့် မြို့ခံလူများမှ ဥက္ကံမြို့ဈေး အပြင်တန်းရှိ မွတ်စလင် ဈေးဆိုင်များအား ဖျက်ဆီးမှုပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်များမှ အချိန်မှီ ဖြန်ဖြေပေးခဲ့သဖြင့် ဆိုင်ခန်း အနည်းငယ်သာ ပျက်ဆီးခဲ့ပါသည်။

ရွှေည၀ါဆရာတော်ယခု ရောက်ရှိလာပြီး ရဲစခန်းရှေ့တွင် ဘုန်းကြီးနှင့် လူထုအား မေတ္တာ ရပ်ခံပြီး   ပြဿနာမကြီးထွားရန် ပြောကြားခဲ့ပြီး လူစုခွဲခဲ့ပါသည်။

ထပ်မံထူးခြားမှုဖြစ်ပေါ်ပါက အချိန်နှင့် တပြေးညီ ဖေါ်ပြပေးပါမည်။

No comments:

Post a Comment