New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

" လှည်းကူးမြို့ နယ် သတင်း"


 
ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့ နယ်တွင် ယနေ့  မနက် 9း00 ခန့် က ဈေးထိပ်အတွင်း အစ္စလာမ် ဘာသာ ၀င် တစ်ဦးဆိုင် နှင့် ဗုဒ္ဓ ဘာသာဝင် ဆိုင် နှင့် ဈေးရောင်းနေချိန် အတွင်း စကားများ ရန်ဖြစ်ခဲ့ သည်၊၊ ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင်ဆိုင်မှ အမျိုးသားသုံးဦးသည် အစ္စလာမ်ဘာသာဝင်၏ ဆိုင်ပိုင်ရှင်၏ သားဖြစ်သူကို တစ်ဦးက ချုပ်ပြီး နှစ်ဦးက ၀ိုင်းပြီး ထိုးနှက်ခဲ့သည်။ ထိုးနှက်နေ စဉ် ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေး၏ မိခင်က ၀င်တားရာ တွင် မိခင် ဖြစ်သူကို ပါ ထိုးနှက်လိုက်ရာ မျက်နှာ၏ ညာဘက်စောင်း ကွဲသားခဲ့ပြီး ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေး၏ အမ ဖြစ်သူကို လဲ တစ်ချက် ထိုးနှက်ခဲ့ ကြောင်း သိရသည်။ အခုချိန်တွင် ထို သူသုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးသွားပြီး ချက်ချင်းပင် ရုံးတင်စစ်ဆေးလျှက် ရှိသည်။ ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေးနှင့် မိသားစု ကို ဆေးရုံ သို ခေါ်ဆောင်သွားပြီး ဆေးထည့် ကာ ပြန်လာခဲ့သည်။ ထို ဗုဒ္ဓဘာသာဝင်ဆိုင်မှ အမျိုးသားသုံးဦး ကို တရားဥပဒေအရ တရားစွဲ ဆို ထားကြောင်းသိရသည်။
myanmarmuslim Hero

No comments:

Post a Comment