New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Friday, May 3, 2013

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ


Friday, May 03, 2013
https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc6/270821_569742859733023_2096106590_n.jpg

ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့ folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..

ပထမဆုံးအနေနဲ့ memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီ stick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click – Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။

ပြီးရင် အဲဒီမှာ Organize ဆိုတဲ့ ထဲကို ၀င်လိုက်ပါ..

ပြီးရင် အဲဒီထဲကပဲ Folder and search options ကို တစ်ချက်နှိပ်လိုက်ပါ…

အဲဒါကို တစ်ချက်နှိပ်လိုက်တာနဲ့ Folder Options ဆိုတဲ့ box လေးတစ်ခု ကျလာလိမ့်မယ်….အဲဒီထဲက view ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ…..

ပြီးရင် show hidden files,…..ဆိုဒါကို တစ်ချက်နှိပ်လိုက်ပါ …

ပြီးရင် အောက်က Hide extensions for ….. ဆိုတဲ့စာကြောင်းလေးနဲ့ Hide protect Opera….. ဆိုတာလေးက tick လေးကို ဖြုတ်ပေးလိုက်ပါ………….
Yes လုပ်ပြီး OK လုပ်လိုက်ပါ။။။။

ကဲ ပထမ တစ်ဆင့်တော့ ပြီးသွားပြီ………….
ဇာတ်လမ်းက ခုမှ စမှာ……ကဲ
ပြီးတာနဲ့ Run box ကို ဖွင့်လိုက်ပါ။( Window key + R ကိုတွဲနှိပ်လိုက်ပါ။) ပြီးရင် အဲဒီမှာ cmd ဆိုပြီး ရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ cmd box လေး ကျလာပါလိမ့်မယ်။

ပြီးရင် အဲဒီမှာ ကိုယ့် memory stick ကို ရိုက်ထည့်လိုက်ပါ။ (ဥပမာ---F: , G: , D: , …. ) ကျွန်တော်က တော့ ကျွန်တော့ stick က G: မို့လို့ G: လို့ ရိုက်ထည့်ထားပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။

အဲဒီခါကျရင်…..attrib (folder နာမည်) –s –h ဆို ပြီးရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ အကယ်၍ ဒီနေရာမှာ မိမိ folder ရဲ့ name မှာ space ခြားတာတို့ ပါနေ ရင် attrib “romantic hacker” –s –h ဆိုပြီးရေးရပါမယ်။

အဲဒါဆိုရင် အဲဒီ memory stick ထဲကပျောက်နေတဲ့ folder ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်….
အားလုံး အဆင်ပြေပါစေ….

From: ကို ၀င်းကမ္ဘာကျော်
Myanmartechnician

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ

No comments:

Post a Comment