New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, May 6, 2013

အေးချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ဆိုတာ .......Myo Set




Multiculturalism ဆိုတာလေးကို တနေ့ က မြန်မာပြည်က လူကြီး တယောက် ပြော သွားတာ ကြား လိုက်ပါတယ်။ ဟုတ်ကဲ့ .. Multiculturalism ဆိုတာ လိုရင်းတို ရှင်း ပြောရရင်တော့ လူ့ အသိုင်း အဝိုင်းတစ်ခု ထဲမှာ လူမျိုး၊ ဘာသာ မတူညီတဲ့သူတွေ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း ဖြစ်ပါတယ်။

.

နိုင်ငံတနိုင်ငံမှာ မတူညီတဲ့ လူမျိုး၊ ဘာသာဝင်တွေ အေးချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ရာမှာ ထပ်ရောက်လာတဲ့ ခိုလှုံသူတွေဟာ မူလရှိရင်းစွဲ ဒေသခံများနဲ့ သဟဇာတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ရွှေ့ပြောင်းလာတဲ့ ခိုလှုံသူတွေရဲ့ အလေ့အထ အမူအကျင့်တွေဟာ မူလဘူတ ဒေသခံများအတွက် လက်မခံနိုင် စရာ ဖြစ်နေ မယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားမှုကို ဦးတည်စေ မှာ ဖြစ်ပါတယ်။

.

၂၀၁၁ နှစ်ဆန်းပိုင်းကစလို့  အီတလီကမ်းရိုးတန်းက လမ်ပီဂျူစာ (Lampedusa) ဆိုတဲ့ ကျွန်းကလေးကို ၂၆,၀၀၀ ကျော်တဲ့ မြောက်အာဖရိကမှ ခိုလှုံသူများ ခိုးဝင်ခိုလှုံလာတဲ့အတွက် မူလ လူဦးရေကို သုံးဆ တိုးပွားသွားစေခဲ့ပါတယ်။ အာဏာပိုင်များဟာ အဲဒီခိုလှုံသူများကို ကမ်းရိုးတန်း ရေစပ်တလျှောက်မှာ refugee camp များ ထိုးပြီး လက်ခံထားခဲ့ပါတယ်။ ဒီလို အစုလိုက် အပြုံလိုက် ရေလမ်းမှ ဝင်ရောက် လာတဲ့ ခိုလှုံသူများကြောင့် ဒေသခံများကြားမှာ မကျေနပ်မှုတွေ စတင်လာပါတယ်။

.

မကျေနပ်ကြတဲ့ ဒေသခံတွေဟာ ဆိုင်းဘုတ်တွေ ကိုင်ပြီး ကန့် ကွက်ကြရုံမက ရေစပ်မှာ လူတံတိုင်းတွေ ကာရံပြီးတော့တောင် ခိုလှုံသူတွေ ဝင်လို့ မရအောင် ကြိုးစားကြပါတယ်။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ အဲဒီလို ဝင်ရောက်လာသူတွေဟာ ပျမ်းမျှ တနေ့ ကို လူတထောင်ဝန်းကျင် ရှိပါသတဲ့။ အများစုဟာ မူစလင်များဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေကြားက အောင်မြင်စွာ ဝင်ရောက် လာတဲ့သူများ ကလည်း နောက်ပိုင်းမှာ ဒေသခံတွေရဲ့ တားဆီးမှုကို မကျေနပ်ကြောင်း ဆန္ဒပြကြပါတယ်။

.

ဒီလို ခိုလှုံလာသူတွေကို အီတလီအာဏာပိုင်များက ဗီဇာနဲ့ ၁၅၀ယူရိုတန် ရထားလက်မှတ် ပေးပါတယ်။ အဲဒီကမှတဆင့် ဥရောပနိုင်ငံများကို ထပ်မံ သွားရောက်ခိုလှုံနိုင်ပါတယ်။ အများစုဟာ ပြင်သစ်နိုင်ငံကို ဝင်ရောက်ခိုလှုံကြပါတယ်။

.

အခုဆိုရင် ဘာလင်၊ အိုစလို၊ ပဲရစ်၊ လန်ဒန် စတဲ့ ဥရောပ မြို့ ကြီးတွေမှာ သူတို့ ဟာ အတော်များများ အခြေ ချနေကြပြီ ဖြစ်ပါတယ်။ ဒေသခံများကလည်း နိုင်ငံကြီးသားများပီပီ သူတို့ အပေါ် အတတ်နိုင်ဆုံး သည်းခံပြီး လက်ခံခဲ့ကြပါတယ်။

.

ဒီလိုနဲ့ ၁၉၈၅ ကစပြီး ဥရောပ နိုင်ငံများကို ခိုလှုံဝင်ရောက်သူများဟာ တစတစနဲ့ အုပ်စု လည်း တောင့် လာရော လူပါးဝလို့  ဇာတိပြကြပါလေရော။ အထူးသဖြင့် ဥရောပရောက် မူစလင်ဦးရေ ဟာ ၃၈သန်းခန့် ရှိပြီး ဥရောပ လူဦးရေရဲ့  ၅% ရှိနေပါပြီ။ နောက်ထပ် ဝင်ရောက်လာမယ့် ခိုလှုံသူတွေ အပြင် သူတို့ ရဲ့ မြင့်မားတဲ့ သားဖွားနှုန်းတွေကြောင့် မဝေးတဲ့အနာဂတ်မှာ ဒီထက်မက တိုးပွားလာမယ်လို့  ခန့် မှန်းကြပါတယ်။ ၂၀၃၀ ခုနှစ်မှာဆိုရင် ဥရောပလူဦးရေရဲ့ ၈% ကျော်အထိ တိုးပွားလာဖွယ် ရှိတယ်လို့  ဆိုပါတယ်။

.

ဒီလို အနေကြာလာတာနဲ့အမျှ လူဦးရေတိုးပွားလာတာနဲ့အမျှ သူတို့ ခိုလှုံရာ နိုင်ငံများက အာဏာပိုင်တွေခမျာ အခက်တွေ့လာရပါတယ်။ သူတို့ ဟာ ဥရောပ ယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်ပါဘူး။ သဟဇာတ ဖြစ်ဖို့ လည်း မကြိုးစားတဲ့အပြင် အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ခြင်းမျိုးတောင် ရှိပြီး အမြင်မတူရင် ရန်သူသဖွယ် မှတ်ယူကြပါတယ်။

.

အခုဆိုရင် ဥရောပနိုင်ငံများမှာ ဒီလိုခိုလှုံသူတွေကြောင့် ဒုစရို်က်မှု ထူပြောခြင်း၊ စီးပွားရေး ကျဆင်းခြင်းနဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း စတဲ့ ပြဿနာများကို ရင်ဆိုင်နေရပါတယ်။ သူတို့ ရဲ့ ဒေသခံများနဲ့ လိုက်လျောညီထွေ မရှိမှုအပေါ် ပြင်သစ်သမ္မတ Nicolas Sarcozy က ရုပ်သံ အင်တာဗျူးတစ်ခုမှာ ဒီလို မှတ်ချက်ပေးခဲ့ပါတယ်။

.

'ခင်ဗျားတို့  ပြင်သစ်ကို လာချင်ရင် ဒီက အသိုင်းအဝိုင်းရဲ့ ဓလေ့ထုံးစံကို လက်ခံနိုင်အောင် ကြိုးစားပါ။ အဲဒီိလို လက် မခံနိုင်ဘူးဆိုရင်တော့ ခင်ဗျားတို့ ကို ပြင်သစ်က မကြိုဆိုပါဘူး 'တဲ့။

.

ပြင်သစ် ပြည်သူများအနေနဲ့ မူစလင်တွေ လမ်းလယ်ခေါင်မှာ ပိတ်ရပ်ပြီး လူစုလူဝေးနဲ့ ဆုတောင်းပွဲ လုပ်တာမျိုး ကို မနှစ်မြို့ပါဘူး။ အခုဆိုရင် ပြင်သစ်အာဏာပိုင်တွေဟာ မူစလင်အမျိုးသမီးများ burqa လို့ ခေါ်တဲ့ ခေါင်းမြီးခြုံခြင်းကို တားမြစ်ပါတယ်။ ဒါ့အပြင် ခိုလှုံခွင့်ပြုတဲ့ ဦးရေကိုလည်း ၁၀% လျှော့ချ ခဲ့ပါတယ်။ အလားတူ အီတလီမှာလည်း ခိုးဝင်သူများကို ငွေဒဏ် ယူရို တစ်သောင်းအထိ ချမှတ်ပါတယ်။

.

ဘာကြောင့်များ လူ့ အခွင့်အရေး အပြည့်ရှိတဲ့ ဒီမိုကရေစီ နိုင်ငံကြီးများဟာ ပြည်ပမှ မူစလင်များ ခိုလှုံမှုကို အကြီးအကျယ် စိုးရိမ်နေကြရသလဲ ။ ခရစ်ယာန်နိုင်ငံများ ဖြစ်ကြတဲ့ ဥရောပနိုင်ငံများမှာ မူစလင်အမျိုး သမီးများရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို မျက်ဝါးထင်ထင် တွေ့ မြင်ရတဲ့အပြင် အမျိုးဘာသာပျောက် မယ့် အရေး ကို ကြိုတင်သိမြင်လို့ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အယူဝါဒပိုင်းဆိုင်ရာ မှာလည်း ခရစ်ယာန်နဲ့ မူစလင် ဘယ်လိုမှ သဟဇာတ လိုက်လျောညီထွေ မဖြစ်နိုင်ပါဘူး။

.

ဗြိတိသျှဝန်ကြီးချုပ် David Cameron က ဗြိတိန်မှာ Multiculturalism မအောင်မြင်ပါဘူးရယ်လို့  ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပခဲ့တဲ့ Munich Security Conference မှာ ပြောကြားခဲ့ပါတယ်။

.

ကွဲပြားတဲ့ အယူဝါဒ ယုံကြည်ကိုးကွယ်ရာ ဘာသာနှစ်ခုအောက်မှာ ကြီးပြင်းလာတဲ့ အုပ်စုနှစ်ခုကို အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် အဓိကရုဏ်းတွေ စစ်မက်တွေကို ဖြစ်ပွားစေတယ်ဆိုတာ သမိုင်းအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးများမှာတောင် မအောင်မြင်တဲ့ Multiculturalism ကို ဒီမိုပျိုးပင်ပေါက် မြန်မာပြည်မှာတော့ လက်တည့်မစမ်းကြပါနဲ့လားရှင်

No comments:

Post a Comment