(Asia Time တွင် ပုံနှိပ်ဖော်ပြပြီးဖြစ်သော Myanmar morphs to US-China battlefield ဆောင်းပါးကို ခင်မေဇော်က ဘာသာပြန်ပြီး 7Days တွင် အခုတပတ် ဖော်ပြခဲ့သည့် သုံးသပ်ချက် ဆောင်းပါးဖြစ်သည်။)
မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကို ပွင့်လင်းစေရန်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာပင် သရုပ်မှန်များက ပေါ်ထွက်လို့လာနေပါပြီ။ တရုတ်နှင့် နီးကပ်လှသော ဆက် ဆံရေးမှ ဖယ်ခွာ၍ အနောက်ကိုလှမ်းနေသော မြန်မာနိုင်ငံ၏လုပ်ရပ်က အာရှအခင်းအကျင်း ကို ပြောင်း လဲလိုက်ကြောင်း ပြသလိုက်သဖြင့် ၀ါရှင်တန်နှင့် ဘေဂျင်းတို့၏ အကျိုးစီးပွားပဋိပက္ခ စတင်လာတော့သည်။
ထိုအခါ မြန်မာနိုင်ငံသည် အန္တရာယ်ကြီးသည့် အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှု အကြား ရောက်နေ သည့်အဖြစ်ကို တွေ့ရနိုင်သည်။ ဤအခြေအနေအောက်တွင် အစဉ်အဆက် အာဏာကြီးခဲ့ သည့် မြန်မာ စစ်တပ်က နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း ၄င်းတို့၏ ချုပ်ကိုင်မှုအခန်းကဏ္ဍကို အချိန်အတော်ကြာ ထိန်းသိမ်းထားဦးမည်ဟု ယူဆရသည်။
ဝါရှင်တန်သတင်းရပ်ကွက်၏ အဆိုအရ အမေရိကန်သမ္မတ အိုဘားမားအစိုးရအဖွဲ့သည် မြန်မာနိုင်ငံအား ၄င်းတို့၏နိုင်ငံခြားရေးမူဝါဒတွ
အမေရိကန်သည် မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက်များ စုဆောင်းနိုင်မှုအခြေအနေကိုလည်း အလျင်အမြန် မြှင့်တင်နေလေသည်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင်ရ
ဘေဂျင်းက ဤအခြေအနေကို မနှစ်သက်လှတာကတော့ အဆန်းမဟုတ်ပါ။ နေပြည်တော်အစိုးရကို နိုင်ငံရေးဖိအားပေးရုံသာမကတော့ဘ
ပြီးခဲ့သည့်နှစ်က တရုတ်လက်နက်ကုန်သည်များက တရုတ်-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA
ဤဖြစ်စဉ်အားလုံးသည် ၀ါရှင်တန်နှင့် နေပြည်တော်အကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာချိန်တွင် ဖြစ်ပေါ်လာသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အပယ်ခံဖြစ်ခဲ့သည်။ ၄င်း၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများေ
ထိုအရာအားလုံးသည် ၂၀၁၁ ခုနှစ်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံ သမ္မတသစ် ဦးသိန်းစိန် တက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်သည့်လုပ်ရပ်များဖြင့် အပြောင်းအလဲများလုပ်ပြီး အနောက်နိုင်ငံကို လက်ကမ်းခဲ့သည်။ သတင်းဆင်ဆာကို လျှော့ပါးပေးခဲ့သည်။ နိုင်ငံရေးအတိုက်အခံများကို စည်းဝေးခွင့်များပေးခဲ့သည်။ နိုင်ငံခြားသတင်းထောက်များကို ယခင်ကကဲ့သို့ လျှို့ဝှက်ရဲများစောင့်ကြည့်မှု (သို့မဟုတ်) ပိတ်ပင်တားဆီးမှုများမရှိဘဲ ပြည်တွင်းမှ သတင်းပေးပို့ခွင့်ပြုခဲ့သည်။
အနောက်ကလည်း အလားတူတုံ့ပြန်ခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ၀ါရှင်တန်မှ ဤအဆင့်ရှိ အစိုးရအရာရှိတစ်ဦး လာရောက်ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်သမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ ယခုနှစ် ဧပြီလ ၂၂ ရက်တွင် ဥရောပယူနီယံက လက်နက်မှလွဲ၍ ကျန်စီးပွားရေးပိတ်ဆို့မှုများကိ
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ကလည်း အလားတူလုပ်ရပ်များ လုပ်ရန်ရှိသော်လည်း ဥရောပနှင့်မတူသည့်အချက်မှာ အမေရိကန်၏ ချဉ်းကပ်မှုတွင် စစ်ရေးအကြောင်းအချက်များ ပါဝင်နေခြင်းဖြစ်သည်။ ပထမခြေလှမ်းတစ်ရပ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ပြုလုပ်သော Cobra Gold စစ်ရေးလေ့ကျင့်မှု၌ မြန်မာစစ်တပ်ကို အမေရိကန်က ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့သည်။
အိုဘားမား၏ အာရှဆုံလည်ဟုခေါ်သော ဗျူဟာအရ ၀ါရှင်တန်သည် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ စသည့် မဟာမိတ်များကို ထပ်မံအတည်ပြုခဲ့သည်။ ရန်သူဟောင်း ဗီယက်နမ်ကိုလည်း ဆက်ဆံရေးတိုးမြှင့်ခဲ့သည်။ သို့ရာတွင် အာရှတွင်း အမေရိကန်၏ သြဇာဖြန့်ကြက်မှုတွင် မြန်မာနိုင်ငံတစ်ခုတည်းကသာ တရုတ်အပေါ် ရိုက်ခတ်မှုရှိခဲ့သည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ပံ့ပိုးကူညီရန် အမေရိကန်က အကြိမ်ကြိမ်ပြောဆိုနေပြီး မြန်မာနိုင်ငံကလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ လုပ်နေသည် ဆိုသော်လည်း မည်သူမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောသည့်အချက်မှာ တရုတ်၏ အင်အားကြီးထွားလာမှုနှင့် လွှမ်းမိုးမှုအကြောင်း ဖြစ်သည်။ ဤနေရာတွင် အမေရိကန်နိုင်ငံရေးသမားများနှင်
၂၀၁၁ ခုနှစ်ခန့်က စာရေးသူထံ မြန်မာစစ်တပ်တွင်းက ပေါက်ကြားလာသော မှတ်တမ်းများအရ အမျိုးသားရေးပြဿနာများနှင့် အရေးပေါ်ဆွေးနွေးချက်များပါရှိရာ
တရုတ်နှင့် နီးကပ်လှသော မြန်မာ့ဆက်ဆံရေးကို မနှစ်သက်လှသဖြင့် ၀ါရှင်တန်အတွက်ကတော့ ဤသတင်းက နားဝင်ချိုလှသော်လည်း တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားနှင့် နေပြည်တော်က ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဆက်ဆံရေး တည်ဆောက်နေသည့်အဖြစ်ကြောင့် မြန်မာကို လက်မခံနိုင်ခဲ့ပေ။
ဝါရှင်တန်သတင်းအရ ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် အိုဘားမားအစိုးရအဖွဲ့က အခြေခံမူဝါဒပြောင်းလဲရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ သံတမန်များက မြန်မာနိုင်ငံနှင့် စိတ်ဝင်တစား ဆက်သွယ်လာကြပြီး တရုတ်စက်ကွင်းက ဆွဲထုတ်နိုင်ရေး ပါဝင်လုပ်ဆောင်လာခဲ့သည်။ မြောက်ကိုရီးယားကိုလည်း အနောက်အာရှနှင့် အရှေ့တောင်အာရှတွင် စစ်ရေးမဟာမိတ်မရှိအောင် စီမံခဲ့သည်။ မြောက်ကိုရီးယားနှင့် မဟာမိတ် ပြတ်တောက်သွားစေခြင်းက ရေတိုတွင် အဓိကအကြောင်းတစ်ရပ် ဖြစ်သော်လည်း ရေရှည်တွင်မူ တရုတ်နိုင်ငံ၏ သြဇာတက်လာမှုက အဓိကအကြောင်းရပ်ဖြစ်နိုင်သည်။
မြန်မာနိုင်ငံက အပြောင်းအလဲတစ်ခုခုရှိမှသာ ၀ါရှင်တန်က မူဝါဒပြောင်းလဲနိုင်မည်ဖြစ်သောေ
သို့သော် အဓိကအတားအဆီးကြီးတစ်ခုက ကျန်ရှိနေပါသေးသည်။ ဒီမိုကရေစီပြယုဂ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သူ့ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွှတ်ပြီးသည်နှင့် မြန်မာတိုင်းရင်းသားအရေး ဖြေရှင်းရန် စတင်လှုပ်ရှားခဲ့သည်။ ဖခင်ဖြစ်သူ လုပ်ကြံမခံရမီနှင့် လွတ်လပ်ရေးမရမီ တစ်နှစ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘီဘီစီနှင့် မေးမြန်းခန်းတွင် စစ်တပ်ကို သူ့ဖခင်တပ်ဟု အမြဲမှတ်ယူပြီး နှစ်သက်သဘောကျကြောင်း၊ ယခုကဲ့သို့ ပြောဆိုမှုအတွက် လူအများက မနှစ်သက်ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်ကြီးများကြား၌ တစ်ဦးတည်းသောအမျိုးသမီးအဖြစ် ရှေ့ဆုံးတန်းမှနေပြီး တပ်မတော်၏
နောက်ဆုံးပေါ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြည့်ရှုခဲ့ပြန်သည်။
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့် သဘောတူညီချက် ရယူပြီးဖြစ်သည်မှာ ထင်ရှားလာနေသည်။ အမေရိကန်ကဲ့သို့သော ပြင်ပအင်အားစုများက စစ်ခေါင်းဆောင်များနှင့် အလွမ်းသင့်အောင်ပေါင်းရန် ဖိအားရှိလာဟန်တူသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အကြား နိုင်ငံရေးအရ နှစ်ခြမ်းကွဲနေသော မြန်မာနိုင်ငံကို အမေရိကန် မလိုလားပါ။ ဤကိစ္စကို အင်န်အယ်လ်ဒီ အဖွဲ့ဝင်များကလည်း တိုးတိုးတိတ်တိတ် ၀န်ခံခဲ့ကြသည်။
၂၀၁၁ခု၊ သြဂုတ်လ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်
တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်အစိုးရကို ဝေဖန်မှုများမပြုလုပ်တော့ပါ။ ထိုနည်းတူ တိုင်းရင်းသားတိုက်ပွဲများနှင့်
၂၀၁၁ စက်တင်ဘာလတွင် ကချင်ပြည်နယ်တွင် တရုတ်အထောက်အပံ့နှင့် ဆောက်လုပ်မည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည်ကို ရပ်တန့်ရန် အစိုးရ၏ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။ အောက်ခြေလူထုအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာကြသော ဤလှုပ်ရှားမှုတွင် ရန်ကုန် အမေရိကန်သံရုံးက အကူအညီပေးထားသောသူများလည်း ပါဝင်ခဲ့သည်ဟု ၀ီကီလိခ်ကဖော်ပြသည်။
တရုတ်နိုင်ငံအတွက်မှာ မြန်မာနိုင်ငံသည် စီးပွားရေးနှင့် မဟာဗျူဟာအရ အရေးပါလှသည်။ မြစ်ဆုံအပြင် တရုတ်၏မြန်မာနိုင်ငံတွင်း
ရင်းနှီးမြှုပ်နှံမှုများမှာ ရေအားလျှပ်စစ်၊ ကြေးနီနှင့် အခြားရှားပါးသော သတ္တုများတူးဖော်ရေးတို့ဖြစ်သည်။
မြန်မာအစိုးရကို ဆောက်လုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ဒေါ်လာ ၅၂၇ သန်း ချေးငှားမည့်အကြောင်းနှင့် ကချင်နှင့်ဖြစ်ပွားသည့် စစ်ပွဲများကို ဖြေရှင်းပေးမည်ဟု
ရေမှုတ်ကမ်းပေးနေချိန်တွင် UWSAကို ထောက်ပံ့ပေးမည့် အစီအစဉ်က တရုတ်၏ကြီးမားသော မီးစတစ်ခုဖြစ်နေသည်။
UWSA က အမှန်တကယ် အစိုးရကို စစ်ဆင်နွှဲရန် တရုတ်တို့က လိုလားလိမ့်မည်မဟုတ်ဟု လေ့လာသူအချို့က ယူဆခဲ့ကြသည်။ MAN-PADS လက်နက်တပ်ဆင်ထားသော စစ်သုံးယာဉ်နှင့် ဒုံးကျည်တပ်ဆင်ထားသော ရဟတ်ယာဉ်ထောက်ပံ့မှုတို့ ကလည်း မြန်မာအစိုးရက “၀”တပ်ကို တိုက်ခိုက်မှုမရှိစေရန်
ရည်ရွယ်သည်ဟူ၍ ယူဆကြသည်။ ဤလုပ်ရပ်က တရုတ်သည် အမေရိကန်ကဲ့သို့မဟုတ်ဘဲ မြန်မာနှင့် ကပ်လျက်ရှိနေကြောင်း၊
ပြည်တွင်းတိုက်ပွဲများတွင် ပါဝင်ပတ်သက်နိုင်ကြောင်း၊
နေပြည်တော်က အမေရိကန်ဆီကို ပို၍နီးကပ်သွားမည်ဆိုလျှင် ဤသို့ပါဝင်ရန်ရှိကြောင်း တရုတ်တို့က သတိပေးလိုက်ခြင်းလည်း
ဖြစ်သည်။
အိုဘားမား၏ မြန်မာနိုင်ငံ တစ်ရက်တာ ခရီးစဉ်ဖြစ်သော နိုဝင်ဘာလ ၁၉ ရက်ခရီးစဉ်တွင် တရုတ်တို့က နယ်စပ်တစ်လျှောက်လုံး လုံခြုံရေးအင်အား တိုးမြှင့်ချထားသည်ဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ ဤလုပ်ရပ်သည် လုံခြုံရေးအရ လိုအပ်ခြင်းမရှိပါ။ သို့သော် သတင်းရပ်ကွက်တစ်ခုက ပြောသကဲ့သို့ ဆိုရလျှင် အမေရိကန်က အဝေးမှာရှိနေချိန်တွင် တရုတ်က အနားတွင်ကပ်လျက်ရှိနေကြောင်း လှမ်းသတိပေးလိုက်ခြင်း
ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ အနေအထားသည် ၄င်း၏အနောက်နှင့် ဆက်ဆံရေးနှင့် အနီးရှိအင်အားကြီးနိုင်ငံ အကျိုးစီးပွားနှစ်ခု အကြား မြေစာပင်လိုဖြစ်လာခဲ့သည်။
Jane's လေ့လာဖော်ပြချက်အရ ရဟတ်ယာဉ်ရရှိခဲ့ပြီး တပ်တွင်းနောက်ဆုံးအဆင့် သိသိသာသာ တိုးမြှင့်ဖြည့်တင်းထားသော UWSA သည် အာရှမဆိုထားနှင့် ကမ္ဘာတစ်ဝန်းမှာပင်လျှင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံးလက်နက် တပ်ဆင်ထားသည့် သူပုန်တပ်ဖြစ်လာသည်ဟု ဆိုသည်။
တရုတ်က နောက်ခြေလှမ်းတစ်ရပ်ကို မည်သို့လှမ်းမည်နည်း။ အမေရိကန်ကလည်း ထိုအချက်ကို တုံ့ပြန်ရန် ပြင်ဆင်သောအားဖြင့်
မြန်မာအစိုးရကို စစ်တပ်အကြား ဆက်သွယ်ဆောင်ရွက်မှု အပါအ၀င် ၄င်း၏အကူအညီကို တိုးမြှင့်မလား၊ စောင့်ကြည့်ရန်သာ လိုပါတော့သည်။ သို့သော် မည်ကဲ့သို့သော ခြေလှမ်းပင်ဖြစ်စေကာမူ မြန်မာနိုင်ငံသည် အင်အားကြီးနှစ်နိုင်ငံ အားပြိုင်မှုအကြား ဆွဲသွင်းခံလိုက်ရပြီး
နှစ်ဖက်စလုံးက အားပြိုင်လွှမ်းမိုးနေသောကြောင့်
ဖြစ်တော့သည်။
No comments:
Post a Comment