New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး



မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း သို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက် ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်း အဓမ္မ   ရွှေ့ပြောင်းစေ   ခဲ့ရသည်။

မုန်တိုင်း၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်ရှား အလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက်လက်ရွေ့ လျားမည်   ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည်ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်းကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင် ထားသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း   ကြေညာခဲ့သည်။

Ref: AP, The Daily Star/ ANN

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

အေးချမ်းမွန် Credit & Copy From > Eleven Media Group <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments:

Post a Comment