New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

ရခိုင်ပြည် ရိုဟင်ဂျာ ဒုက္ခသည်ရွှေ့ ပြောင်းရေး နောက်ဆုံးရသတင်း

 
May 14, 2013

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းများမှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်မ်များကို မုန်တိုင်းလွတ် ရာ   ရွှေ့ ပြောင်းရန် အစိုးရတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်ကို ရိုဟင်ဂျာများက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ထို့ အတွက်ကြောင့် အစိုးရအဖွဲ့ က အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးမျာ့း ကို ခေါ်ယူတွေ့ ဆုံကာ ဒုက္ခသည်များ ကို ဘေးလွတ်ရာသို့ ရွေ့ ပြောင်းစေ မေတ္တာရပ်ခံခိုင်းစေကြောင်းသိရပါတယ်ရိုဟင်ဂျာများကမူ အစိုးရ ၏ ဆောင်ရွက်မှုများကို ယုံကြည်ချင်းမရှိပဲ ယခုနေရာမှ နောက်တစ်နေရာသို့ ရွှေ့ ပြောင်းရပါက ယခုနေနေရသည့် နေရာပါ ပျောက်ဆုံးသွားဖွယ်ရှိကြောင်း စိုးရိမ်လျှက်ရှိပါတယ်မြို့ နှင့်ပိုမိုဝေးကွာစွာ ထပ်မံပြောင်းရွှေ့ ရမည်ကို စိုးရိမ်လျှက်ရှိကြောင်းသိရပါတယ်ရခိုင်လူမျိုးများ ကိုမူ ဘေးလွတ်ရာ ကျောင်း အဆောက်အအုံတွင် ရွှေ့ ပြောင်းထားကြောင်း သိရပါတယ်။
သတင်းပေးပို့ ချက်အရ အစိုးရအာဏာပိုင်များသည်စစ်တွေအ လွန်တွင်ရှိသည့် လေကွယ်ရာ
  တောင် ကြားဒေသ သို့ ရွှေ့ ပြောင်းပေမည်ဟု ပြောကြားသော်လည်း ပင်လယ်ကမ်းစပ်အနီး သို့ ပို့ ဆောင် ရန်စီစဉ်လျှက်ရှိသည်ကို စိုးရိမ်နေကြကြောင်းသိရပါတယ။
သီးခြားသတင်းတစ်ခုအရ မဟာစင်မုန်တိုင်းကို ရှောင်ရန် အစိုးရများအာဏာပိုင်များကို ခွင့်တောင်းကာ ဒုက္ခသည်စခန်းမှ ဆန္ဓအရတိမ်းရှောင်ရန်ထွက်ခွာသွားသည့် လူ၁၀၀ခန့် ပါသည့် ရိုဟင်ဂျာလှေ ၃စီး (တစ်စီးသာ အင်ဂျင်ပါ)သည်ပေါက်တောမြို့ နယ်အတွင်း ကျောက်ဆောင်ကို တိုက်မိကာနစ်မြုပ်ခဲ့ပြီး လူ၄၀ ကိုကယ်ဆယ်နိုင်ခဲ့ကာ အလောင်း ရှစ်လောင်းကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း BBC သတင်းဌာန တွင်ဖော်ပြထားပါတယ်။
ဒုက္ခသည် စခန်းအများစုမှာ ရေလွှမ်းမိုးနိုင်သည့် မြေနိမ့်ပိုင်းကုန်းပြန့် ဒေသတွင်တည်ရှိကြောင်း သိရပါတယ်
ထို့ ကြောင့် UN က ဒုက္ခသည်စခန်းများမှ အမြန်ဆုံးထွက်ခွာတိမ်းရှောင်ရန်တိုက်တွန်းထားပါတယ်အစိုး ရ အာဏာပိုင်များ၏ လုပ်ရပ်ကိုမူ ရိုဟင်ဂျာများက အယုံအကြည်လုံးဝ မရှိတော့ကြောင်းသိရပါတယ်။

Moon & Star 24-7 News Channel သတင်းအဖွဲ့ 

No comments:

Post a Comment