အင်ဒိုးနီးရှားနိုင်ငံမှ အစ္စလာမ်စစ်သွေးကြွများက မြန်မာနိုင်ငံအပေါ်
ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲ မည်ဆိုသော သတင်းများကို ပုဂ္ဂလိကသတင်းမီဒီယာများက
သတင်းဖော်ပြကြသဖြင့် ပြည်သူများ ထိတ် လန့်မှုများပေါ်ပေါက် နေပြီး အဆိုပါသတင်းဖော်ပြမှု သည် စာနယ်ဇင်းကျင့်ဝတ်နှင့်ကိုက်ညီမှု ရှိ၊ မရှိဝေဖန် သုံးသပ်ချက်များ ပေါ်ထွက်လာသည်။
မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ် စစ်သွေးကြွဝါဒီအချို့ကဖော်ထုတ်ေ ပြာဆိုပြီးနောက် မေလ ၃ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကိုချိန်ကိုက်ဗုံးနှင့်
ဖောက်ခွဲရန် ကြံစည်ခဲ့သည်ဟု သံသယရှိသူ ၂ ယောက်ကိုဖမ်းဆီးမိပြီး
လက်လုပ်ဗုံး ၅ခုကို ရှာဖွေတွေ့ရှိခဲ့သည် ဟု နိုင်ငံတကာ သတင်းဌာန များက
ရေးသားဖော်ပြခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများကလည်း
အင်ဒိုနီးရှားနိုင်ငံ မှလာသော သတင်းများကို ကိုးကားပြီး မြန်မာနိုင်ငံအပေါ်
ဂျီဟတ် ဘာသာရေး စစ်ပွဲပြုလုပ်ရန် လှုံ့ဆော်ဆန္ဒပြသည့်သတင်းနှင့်
ဆန္ဒပြဓာတ်ပုံကို ဝေေ၀ ဆာဆာဖြင့်
ဖော်ပြခဲ့ရာ မြန်မာ မွတ်စလင်
အသိုင်းအ၀ိုင်းနှင့် ပြည်သူများအကြား စိုးရိမ်မှုများ တိုးပွားလာကြောင်း
သိရှိရသည်။မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ် စစ်သွေးကြွဝါဒီအချို့ကဖော်ထုတ်ေ
ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြမှုကြောင့် စိုးရိမ်မှုများ တိုးပွားလာရခြင်းဖြစ်ပြီး ပဋိပက္ခ သတင်းများ ဖော်ပြရာတွင် မြန်မာသတင်းမီဒီယာများအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ သတိ ထားဖော်ပြ သင့်သည်ဆိုသော ဝေဖန်သုံးသပ်မှုများပေါ်ထွက်လာသည်
သမ္မတ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သူ
“အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြုစေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းများရဲ့
သတင်းသမားများတွင် လိုက်နာရမည့် ကျင့်ဝတ် ၊ မူများ ရှိပြီးဖြစ်သောကြောင့် သတင်းရေး ရမည့် အလုပ်မှာ သတင်းသမားများ၏တာဝန်သာ ဖြစ်ကြောင်း၊ ပဋိပက္ခနှင့်သက်ဆိုင်သည့် သတင်းသာမက မည်သည့်သတင်းကိုမဆို ကျင့်ဝတ်နှင့် အညီရေးသားရန်လိုအပ်ကြောင်း၊ သို့ရာတွင် ဖြစ်ပျက် နေသော ဖြစ်ရပ်မှန်ကို ပဋိပက္ခဖြစ်ပေါ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် မရေးဘဲ ချန်ထား၍ မရကြောင်း ဒေးလီးအဲလဲဗင်း သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။
”ဘာသာရေးပဋိပက္ခမဖြစ်အောင်ကတော့ ကျင့်ဝတ်မှာပါပြီးသားပဲ။ ဖြစ်တာကိုတော့ဖြစ်တဲ့အတိုင်းရေး
မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲလုပ်မည်ဆိုသောသတင်း
“ဖော်ပြလိုက်တဲ့ သတင်းတွေကြောင့် လူတွေ စိုးရိမ်စိတ်တွေပိုကြီးသွားမှာ။
အမေရိကန်ပြည်ထောင်စု၊ ဘာကလေတက္ကသိုလ်တွင် သတင်းစာပညာဘွဲ့ဆည်းပူးခဲ့သူ သတင်းစာ ဆရာဦးမြင့်ကျော်ကမူ သတင်းမီဒီယာ များအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားဖော်ပြရာတွင် တဖက်သတ်ရေးသားခြင်းမျိုးကို ရှောင်ကြဉ်ပြီး ရှု့ထောင့်ပေါင်းစုံ၊ ဘက်မလိုက်ဘဲ မျှမျှတတရေး သားဖော်ပြရန်လိုအပ်ေ
”တဖက်ထဲရေးလိုက်လို့ စိုးရိမ်စရာကြီးလို့ လူတွေကမြင်လာရင် ရန်ပြုဖို့အဆင်သင့် ဖြစ်လာမယ်။ ရှုထောင့်စုံက ပြည့်ပြည့်စုံစုံ ဖော်ပြရင်တော့ပြဿနာမရှိဘူး”ဟု ဦးမြင့်ကျော်က သုံးသပ်သည်။
လူငယ်သတင်းသမားများအတွက် သတင်းစာပညာများ ဖွင့်လှစ်သင်ကြားနေသော သင်တန်းဆရာ ဦးရဲနိုင်မိုး ကမူ သတင်းသမားများအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားရာတွင် မည်သည့် သတင်းအရင်းအမြစ်က လာသည်ကို သေချာစွာ အကဲဖြတ်ဆန်းစစ်မှု(Verification)
”ကိုယ်သိတဲ့သတင်းက လူတစ်ဦးနှစ်ဦးကပဲ ပြောတာလား။ လူတစုကပဲပြောတာလား။ အဲလိုမဟုတ်ဘဲနဲ့ အဲဒါကို လိုအပ်တာထက်ပိုပြီးတော့ Highlight အသားပေးရေးတာမျိုး ဖြစ်လာရင် အဲဒါက ပဋိပက္ခကို တနည်းနည်းနဲ့ စေ့ဆော်သလိုမျိုး ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ လူတွေက စိတ်လှုပ်ရှားမယ်။ စိတ်လှုပ်ရှားရင်သံသယဖြစ်ပြီ။သံသယစိတ်များလာရင် ကြောက်စိတ်များလာရော။ ကြောက်စိတ်များလာရင် လူတွေက ကာကွယ်ဖို့ အတွင်း ဒေါသစိတ် တွေ ထွက်လာတာပေါ့”ဟု ဦးရဲနိုင်မိုးက သုံးသပ်ပြောသည်။
အစွန်းရောက်အစ္စလမ်ဝါဒီများ၏ ဂျီဟတ် စစ်ပွဲဆင်နွဲမည်ဆိုသော ပြောဆိုချက်များနှင့် လုပ်ဆောင် ချက်များသည် မြန်မာနိုင်ငံ တွင်အေးချမ်းစွာနေထိုင်လိုသော အစ္စလမ် ဘာသာဝင်များ၏ ပုံရိပ်ကိုထိခိုက်စေကြောင်း၊ အစ္စလမ်ဘာသာ အပေါ်နားလည်မှုလွဲမှားစေနိုင်စေကာ
”ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာသံ
မြန်မာနိုင်ငံ မော်လ၀ီအဖွဲ့ချုပ် အတွင်းရေးမှူးဦးရဲနောင်သိန်းက ပြည်တွင်း မီဒီယာများ အနေဖြင့် နှစ်ဖက်ပဋိပက္ခ ဖြစ်နေစဉ်ကာလတွင် အကြမ်းဖက်မှုဖြစ်လာစေနိုင်သော အားပေးလှုံဆော်သည့် အရေး အသားများကို ရှောင်စေလိုကြောင်း၊ ပုဂ္ဂလိကသတင်းမီဒီယာအချို့သည် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများရှိကြောင်း ပြောသည်။
”တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုရင် ဟိုမှာမီးတစ၊ ဒီမှာ မီးတစဖြစ်နေတဲ့ အချိန်မှာ ဖွတာမျိုး စွတာမျိုးတွေ မရေးသင့်ဘူး။ မနေ့ကဂျာနယ်တစောင်မှာ ဂျီဟတ်ဘာသာရေးစစ်ပွဲလုပ်မယ့်အြေ
ရခိုင်ပြည်နယ်နှင့် မိထ္တီလာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခမျ
Credit http://www.searchmyanmar.com/
No comments:
Post a Comment