New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, May 6, 2013

“ မွတ်စ်လင်မ်ဆိုတာ အကြမ်းဖက်သူများမဟုတ်၊ လုံခြုံရေးအကာအကွယ်ပေးသူများဖြစ်ကြောင်းသက်သေ ”




မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များ ဗုဒ္ဓဘာသာအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မီးရှို့သတ်ဖြတ်တာကို မရှုမလှခံနေရတဲ့အချိန်မှာတောင် မွတ်စ်လင်မ်နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကို လုံခြုံရေးအကာအကွယ်ပေးရန် အစ္စလာမ်နိုင်ငံအစိုးရများက သဘောတူကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ပြောကြားချက်ကို The Messenger ဂျာနယ်တွင် ဖတ်လိုက်ရပါသည်။

အင်ဒိုနီးရှားနိုင်ငံဆိုလျှင် မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူ (ဖောက်ခွဲသူမဟုတ်သေးသူ)နှစ်ဦးအား အင်ဒိုနီးရှား အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နှင်းရေးအဖွဲ့က မေလ(၂)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ပြည်တွင်းပြည်ပမီဒီယာများတွင် ဖော်ပြကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်ခံရသူ မွတ်စ်လင်မ်များအား အမြန်ဆုံးအပြစ်ပေးအရေးယူနေသည်မှအပ အကြမ်းဖက်သမားများအား အရေးယူ အပြစ်ပေးခြင်း တစ်စုံတစ်ရာ မရှိသေးပါဘူး။

မြန်မာအစိုးရအနေနဲ့လည်း အကြမ်းဖက်သမားများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူပေးနိုင်ဖို့လိုပါတယ်။ အနာဂါတ်မှာလည်း မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များရဲ့လုံခြုံရေးကို အစ္စလာမ်နိုင်ငံများလိုပဲ ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ မယုံကြည်ပေမယ့် မျှော်လင့်မိပါတယ်။

No comments:

Post a Comment