New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, May 13, 2013

ရခိုင်ပြည်နယ်အတွင်းMass Grave ဟု ခေါ်သော အစုလိုက် အပြုံ လိုက်သတ်ဖြတ်ပြီး အလောင်း များ မြှုပ်နှံထားသည့် နေရာ ၄ခုကို HRW က ရှာ ဖွေ တွေ့ ရှိ



ရခိုင်ပြည်နယ်အတွင်း Mass Grave ဟုခေါ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်း များ မြှုပ်နှံ ထား သည့် နေရာ ၄ခုကို HRW က ရှာဖွေတွေ့ရှိခဲ့ပြီးအစိုးရ အာဏာပိုင်များက အလောင်းများ   ဖျောက် ဖျက် ခဲ့သည်ဟု ဆိုသည် ကို နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့ မှ ဦးရဲထွဠ်က လက်မ ခံနိုင်ကြောင်းလို့ ပြောထားပါတယ်။

ဦးရဲထွဠ် က ဒီလိုအလောင်းဖျောက်တဲ့ ဟာကို သူတို့ က တစ်ဘက်က ကြားစကားနဲ့   ပြော တာ ဖြစ်ပါ တယ်လို့ ပြော ထားတာရှိပါတယ်။ ကျွန်တော်ပြောချင်တာက မာန်ဇီ ရခိုင်း သချိုင်းမှာ အလောင်းတွေကို စစ်ကားနဲ့ တင်လာပြီး ဒီအတိုင်းအစုလိုက် အပြုံလိုက်စုပြီးမြုတ်တာကို မျက်မြင်သက်သေ ရှိပါတယ်၊၄င်း မျက်မြင် သက်သေ များကို HRW က စစ်ဆေးပြီးပါပြီ၊ နောက်ပြီး စစ်တွေ ပွိုင့် ကမ်းနားမှာ ရိုဟင်ဂျာ အလောင်းတွေကို ဓါတ်ဆီလောင်း မီးရှို့ အလောင်းဖျောက်တာ ရှိပါတယ်။


ကျွန်တော့် တပည့်နဲ့ အမျိုးတွေ နောက်ပြီး စစ်တွေ ပြည်သူ့ဆေးရုံမှာ အဆိပ်ခေတ် အသတ်ခံရတဲ့ ရိုဟင်ဂျာတွရော၊ စစ်တွေ ပိုက်သည်ရွာမှာ လသားအရွယ် ကလေးတွေ ကို အိမ်ပေါ်ကနေပစ်ချတာ အူတွေထွက်ကုန်တယ်၊ စစ်တွေ လမ်းမကြီးပေါ်မှာ ရိုဟင်ဂျာအလောင်းတွေ ပုံနေတာာ နောက်မှ လာပြီး စစ်တွေ ဟိုတယ် အနီးရှိ ပွိုင့် ပင်လယ်ကမ်းစပ်မှာ လောင်းတွေကိုဓါတ်ဆီလောင်း မီးရှို့ဖျောက်ပစ်တာ ကို နိုင်ငံတော်က လက်ပိုက်ကြည့်နေခဲ့တယ်။

နောက်ကျန်တဲ့ နေရာ နှစ်နေရာမှာ အလောင်းတွေ ဖျောက်ခဲပါတယ်။

HRW မှ Switzerland နိုင်ငံသားများပါဝင်တဲ့ အဖွဲတစ်ဖွဲ့ ၊အမေရိကန်တစ်ဖွဲ့ လာရောက်ပြီး ဒါတွေကို စစ်တွေ၊မြောက်ဦး၊ ကျောက်တော်၊မင်းပြား အထိ လိုက်ပြီး သူတို့ မီးရှို့ခံ ရိုဟင်ဂျာတွေ နဲ့ အင်တာဗျူးတွေ ဗွီဒီယိုမှတ်တမ်းတွေ ယူသွားပါတယ်။ မီးရှို့နေတဲ့ အချိန်မှာ ရိုဟင်ဂျာတွေ ရိုက်ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေ ကို သူတို့ ကို ပေး ပါတယ်။ ရဲက သေနတ်ဖြင့် ရိုဟင်ဂျာတွေကို ပစ်နေတဲ့ ပုံတွေ ၊ သေနတ်ကျဉ်ဆန် ထိလို့ ခြေထောင်ဖြတ်လိုက်ရတဲ သူတွေနဲ့ အင်တာဗျူးများ အားလုံးလိုလို ရှိပါတယ်။ အစိုးရ ကော်မရှင်ရေး တဲ့ ဟာ ဘယ်လောက်ကောင်းလဲ ကျွန်တော် သိတယ်။ တခြမ်းပဲ့ ဗလီကို အယ်လ်ကိုင်ဒါနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ ဖော်ပြ ထားတယ် ဆိုရင်ဖြင့် ကျန်တဲ့ ဟာ ဘယ်လောက်ကောင်းမလဲ စဉ်းစားကြည့်ပေါ့။

No comments:

Post a Comment