New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, May 7, 2013

မည်သည့်ဘာသာဝင်မဆို ဗလီများအတွင်း ၀င်ရောက်လေ့လာခွင့်ပြု



by Yangon Press International (Notes) on Monday, May 6, 2013

(မော်ကွန်းမဂ္ဂဇင်းမှ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

ရန်ကုန်- မေ ၆၊ ၂၀၁၃ (မော်ကွန်း)

မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ်ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ပြုထားပြီးဖြစ်ကြောင်း အစ္စလာမ်သာသာနာရေးကောင်စီဥက္ကဌဦး ညွန့်မောင် ရှိန် က မော်ကွန်းသို့အတည်ပြုပြောကြားသည်။


ယင်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ပြုရာတွင် အစ္စလာမ်ဘာသာရေးအဖွဲ့များဖြစ်သော အိုလမာ အစ္စ လာမ့် သာသနာ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာဌာနချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာမြန်မာမွတ်စလင်(မ်) လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊ မြန်မာမွတ် စလင် အမျိုး သားရေးရာအဖွဲ့ချုပ်နှင့်သက်ဆိုင်ရာဗလီဂေါပကများထံ အကူအညီတောင်း ခံနိုင်ကြောင်း ယင်းက ဆိုသည်။


“ခွင့်ပြုချက်က ဂေါပကတွေအပေါ်မှာမူတည်ပါတယ်။သူတို့ကလည်းခွင့်ပြုပေးပါလိမ့်မယ်။ ဓာတ်ပုံပါရိုက်လို့ ရပါတယ်”ဟု ဦး ညွန့်မောင်ရှိန်ကပြောပါသည်။

နိုင်ငံတကာရှိ ဗလီများတွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာခွင့်ရှိပြီး ယခုကဲ့သို့ မြန်မာနိုင်ငံရှိဗလီများတွင်လည်း မည်သည့်ဘာသာဝင်မဆိုဝင်ရောက်ကြည့်ရှုလေ့လာခွင့်ပြုခြင်းသည် အထူးပြင်ဆင်ထားရန်မလိုဘဲ ၀င်ရောက်လေ့လာ ကြည့်ရှုသူများအနေဖြင့်ဗလီများ၏ ဓလေ့ထုံးစံအတိုင်း ခြေလက်သန့်စင်ရန်သာလို အပ်ကြောင်း ၎င်းကရှင်းပြသည်။


၎င်းကိစ္စနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်များတွင် ၀င်ရောက်ဖြေရှင်းပေးနေသောရွှေည၀ါဆရာတော် အရှင် ပညာသီဟက “ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် မည်သူမဆို လွတ် လပ်စွာ ၀င်ခွင့်ထွက်ခွင့်ရှိတယ်လေ။ အဲတော့ သူတို့ရဲ့ ဗလီတွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာဝင်ခွင့်၊ဓာတ်ပုံရိုက်ခွင့်ရှိ တယ်ဆိုရင် နှစ်ဘာသာကြားမှာ ပဋိပက္ခပြသနာတွေ ဟာ လျော့နည်းသွားလိမ့်လို့ငါ့အနေနဲ့မြင်ပါတယ်” ဟု မိန့်ကြားသည်။

အစ္စလာမ်ဘာသာဝင်များအစုတွင်လည်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသောဆန္ဒသည် အမှန်တ ကယ် ရှိနေပြီး ယင်းသို့ပွင့်လင်းမြင်သာမှုရှိရှိဖြင့်ဗလီများအတွင်းဝင်ရောက်ကြည့်ရှုလေ့လာခွင့်၊ ဓာတ်ပုံရိုက် ခွင့်ပြု   ခြင်း သည် လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခများဖြစ်စဉ်များလျော့နည်းသွားစေရေးအတွက် များစွာ အထောက်   အကူပြုသော ကြောင့် ယင်းအားကြိုဆိုကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။ ။

ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဘန်ဂါလီ စွန္နီ ဂျာမေဗလီ (PHOTO: NYAN LYNN)

No comments:

Post a Comment