New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

ဘေးကင်းရာရွှေ့ ပြောင်းပေးခြင်း မရှိက မြန်မာအာဏာပိုင်များ၏ တာဝန်ဖြစ်ကြောင်း HRW မှပြောကြား

မေ-၁၆-၂၀၁၃
M-Media
253284_10151430505894067_1886853046_n

ကမ်းခြေအနိမ့်ပိုင်းရှိ စခန်းများ၌ ယမန်နှစ်ကတည်းက ရှိနေကြသော ရခိုင်ပြည်နယ်မှ ဒုက္ခ သည်ထောင်ပေါင်း   များစွာတို့မှာ လုံခြုံဘေးကင်းသည့်နေရာသို့ ရွှေ့ပြောင်းခံရခြင်းအစား မုန်တိုင်းကို ရင်ဆိုင်စေသည့်အဖြစ်မျိုး ကြုံနေရသည်။
ကျရောက်လာတော့မည့် မုန်တိုင်းအန္တရာယ်မှကင်းဝေးအောင် ရွှေ့ပြောင်းပေးမည့် မြန်မာအာဏာပိုင်များ၏ အဆိုကို မြောက်များစွာသော ရိုဟင်ဂျာတို့က အယုံအကြည် မရှိသဖြင့် လက်ရှိစခန်းများ မှာ   ရွှေ့ပြောင်းထွက်ခွာရန် ငြင်းဆိုကြသည်။ လက်ရှိနေရာနှင့်အခြေအနေသည် ၄င်းတို့ရွှေ့ပြောင်းခိုင်း သည့်နေရာများထက် ပိုမိုလုံခြုံနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
“ ကျွန်တော်တို့ဟာ ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဒီစခန်းထဲရောက်အောင် သူတို့ဘဲ အတင်း
အဓမ္မပို့ခဲ့တာဘဲ။ အခုကျတော့ မုန်တိုင်းရှိတယ်ဆိုပြီး ရွှေ့ခိုင်းနေပြန်ပြီ။ (လုံခြုံတဲ့နေရာ စီစဉ်ပေးထား တာမျိုး မဟုတ်လို့) ကျွန်တော်တို့ ငြင်းဆန်နေရခြင်းဖြစ်တယ်။ တကယ်လို့ သူတို့က သေနတ်နဲ့ချိန်ပြီး ခိုင်းလာပြီဆိုယင်တော့ ရွှေ့ရတော့မှာပေါ့ဗျာ ” ဟု အမျိုးသားကြီးတစ်ခုမှ ဆိုပါသည်။
သမ္မတရုံးဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မုန်တိုင်းကယ်ဆယ်ရေး ပြင်ဆင်ထားပုံများကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို အာမခံချက်ပေးပါတယ်။
“သူတို့ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိပါတယ်။ လုံခြုံမှု ရှိရဲ့လား။ နံပါတ်နှစ်အချက်က ဒီနေရာ ကို ပြန် ပြီးတော့ ပြန်မှရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး အာမခံထား တဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံးဝ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေး မှာ ဖြစ်ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာ ကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။”
ယင်းကမ်းခြေဒေသများထံ မဟာဆင်း မုန်တိုင်းသည် ၁၆.၅.၂၀၁၃ တွင် စတင်ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယသမုဒ္ဒရာမှဖြတ်ကျော်ဝင်ရောက်လာမည့် မဟာဆင်းဆိုင်ကလုန်းမုန်တိုင်း  သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများမှ လူပေါင်း ၈.၂ သန်းကျော်အတွက် အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။
ယမန်နေ့မုန်တိုင်းအရှိန်ကြောင့် သီရိလင်္ကာတွင် မိုးကြီးရေလျှံပြီး လူ ၈ ဦးသေဆုံးခဲ့သည်။ ၄င်းနောက် မုန်တိုင်းမှာ အဆင့် ၁ အရေးပေါ်အနေအထားသို့ စတင်ပြောင်းလဲလာနေပြီဖြစ်သည်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအဖို့ ပို၍စိုးရိမ်စရာအခြေအနေ ၌ ရောက်နေ သည်။
ရခိုင်ပြည်နယ်တွင်းရှိ လူပေါင်း ၃၈၀၀၀ အတွက် ပြန်လည်နေရာချထားရေးကို စီစဉ်ထား ပြီးဖြစ်ကြောင်း မြန်မာအစိုးရမှ ပြောဆိုသော်လည်း မည်ရွေ့မည်မျှ အထိ နေရာချ ထားပြီးခဲ့သည် ကိုမူ ရှင်းလင်းစွာ မသိရသေးဟု ကုလသမဂ္ဂမှ ဆိုသည်။
ယင်းသို့ပြန်လည်နေရာချထားရေးကိစ္စမှာ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတို့၏ မွတ်စ်လင်မ်ဆန့် ကျင်ရေး      လှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်၌ ပိုမိုရှုပ်ထွေးခဲ့ရသည်။
“ တကယ်လို့ အစိုးရအနေနဲ့ ဒီလူတွေကို (အမှန်တကယ် ဘေးကင်း လုံခြုံတဲ့ နေရာ ဖက်)   ရွှေ့ပြောင်းနေ ရာချထား မပေးဘူးဆိုယင် ဖြစ်လာတဲ့ဒုက္ခ အကျိုးဆက်မှန်သမျှဟာ သဘာဝအန္တ ရာယ်ကြောင့် မဟုတ်ဘူး။ သူတို့(အစိုးရ)ကိုယ်တိုင် ဖန်တီးလိုက်တဲ့ ကိစ္စသာဖြစ်ပါတယ် ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့ လာမှုအဖွဲ့မှ Brad Adams က ပြောဆိုလိုက်ပါသည်။
Ref: South China Morning  & VOA- May 16, 2013
(  သစ္စာချို  )

No comments:

Post a Comment