New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, May 13, 2013

ရခိုင်နယ်မှ မွတ်ဆလင်များ ၊ ဌေးလွင်ဦး




RB News
13.5.2013

ရခိုင်နယ်ရှိ အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်တဲ့ မွတ်ဆလင် သာသနာ ၀င်တွေကို အုပ်စု သုံးစု အဖြစ် တွေ့နိုင် ပါတယ်။

(၁) ရိုဟင်ဂျာ လူမျိုး အစ္စလာမ် သာသနာ ၀င်များ
(၂) ကမန် (ရခိုင် တပ်မတော်မှ ဆင်းသက် လာတဲ့ မျိုးဆက်) အစ္စလာမ် သာသနာ ၀င်များ
(၃) ရခိုင် ဧရိယာ အတွင်း ဗမာ မျိုးဆက် အစ္စလာမ် သာသနာ ၀င်များ ဖြစ်ပါတယ်။

ရခိုင် နယ်ကြီး ထဲမှာ ရိုဟင်ဂျာ လူမျိုးဟာ မူလ ဘူတ လူမျိုး ဖြစ်ပြီး-၊ သူတို့ဟာ အေဒီ ၈ ရာစု လောက်မှာ အစ္စလာမ် သာသနာ ကို စတင် လက်ခံ ခဲ့ပြီး- အေဒီ ၁၁ ရာစု လောက် မှာမှ လူမျိုး စုလိုက် အစ္စလာမ် သာသနာ ထဲကို အလုံး အရင်းနဲ့ လက်ခံ သွားသူ များဖြစ် ခဲ့တယ်။ ရှေးဦး ရခိုင် နယ်က မင်းဆက် များဟာ ရိုဟင်ဂျာ များ ဖြစ်ပြီး-၊ မင်းစဉ် မင်းဆက် တို့ရဲ့ အမည် နာမများ၊ ဘုရင့် သမိုင်း မှတ်တမ်း ကျောက်စာ များ ကို ရိုဟင်ဂျာ ဘာသာ စကားနဲ့ ရေးထိုး မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်တယ်။

ကမန် လူမျိုးစု အဖြစ် ဖြစ်တည် လာတဲ့ လူမျိုး ထဲမှာ မွန်ဂို စစ်သည်များ၊ မူလ ဘူတ ရိုဟင်ဂျာ များ၊ ရှေးဦး ဗမာ မျိုးနွယ် ရခိုင် သားများ ရောနှော ပါဝင် ခဲ့ပါတယ်။


ရခိုင် ဒေသဟာ မကြာခဏ ဆိုသလို ဗမာ များနဲ့ သီးခြား နေထိုင် ခဲ့ပြီး၊ ကိုယ်ပိုင် ထီးနန်း ကိုယ်ပိုင် တပ် များနဲ့ ရပ်တည် ခဲ့ပါတယ်။ ဒါကို ဗမာ လူမျိုးစု ကြီးက မကြာခဏ ၀င်သိမ်းပြီး ဗမာ အင်ပါယာ ထဲမှာ သွပ်သွင်း ခဲ့ပါတယ်။ ဗမာ အင်ပါယာ ထဲမှာ သွပ်သွင်း ခံရတိုင်း ဗမာ စစ်တပ်နဲ့ ဗမာ အုပ်ချုပ် သူများ အလုံး အရင်းနဲ့ ရခိုင် နယ်ထဲမှာ အခြေချ စေခဲ့ ရာက-၊ ဗမာမျိုး နွယ်များ၊ ဗမာနဲ့ မူလ ဘူတ ရိုဟင်ဂျာ ကပြား များ (ထိုစဉ်က ရိုဟင်ဂျာ များဟာ ဗုဒ္ဓ ဘာသာများ ဖြစ်ခဲ့လို့ ခွဲခြားမှု မရှိခဲ့ပါ၊) ဟာ ရခိုင် ဒေသမှာ မွေးဘွား ကြီးပြင်း ခဲ့ရာက မျိုးဆက် ကြာသော် ရခိုင်သား ဆိုပြီး ဖြစ်လာ ခဲ့ပါတယ်။ (ရခိုင် လူမျိုး မဟုတ်ပါ။ ရခိုင် ဒေသမှာ မွေးဘွားတဲ့ လူ လို့ပဲ အဓိပ္ပါယ် ဖြစ်ပါတယ်။) ရခိုင် သားများဟာ ဗမာ လူမျိုး နွယ်များ ဖြစ် ပေမယ့်-၊ ဗမာ့ နန်းစဉ် နန်းဆက် သဘာဝ အလျှောက် သားအဖ ချင်းတောင် ထီးနန်း လုခဲ့ သလို-၊ နယ် ခြား ရေခြားလို ဖြစ်နေတဲ့ ရခိုင်သား တို့ဟာ ဗမာက သီးခြား ထွက်ပြီး အချုပ် အခြာ ထူထောင် လိုစိတ် အမြဲရှိ နေခဲ့ ပါတယ်။ အချုပ် အခြာပိုင် ဒေသ ဖြစ်တဲ့ အလျှောက် ကိုယ့်ဘက်က အားသာရင် သာသလို နယ်မြေ ချဲ့ချင် စိတ်များ လည်း ရှိနေ ခဲ့ပါတယ်။

ရခိုင်ဟာ ကိုယ်ပိုင် ထီးနန်းနဲ့ နေခဲ့စဉ် ကိုယ်ပိုင် တပ်တွေ ရှိနေ ခဲ့ပါတယ်။ ဒီမှာ မြင်းတပ်၊ ဆင်တပ်၊ ခြေလျှင်တပ်၊ လေးတပ် (ဒူးလေး စစ်တပ်) တို့ ရှိခဲ့ ပါတယ်။ စစ်တပ် ဖြစ်တဲ့ အတွက် တပ်တစ်ခု ချင်းစီမှာ နိုင်ငံ တစ်ခု အတွင်း ရှိသမျှ သော လူမျိုးမှ စစ်သားတို့ ပါဝင် ခဲ့ပါတယ်။ ဒါကြောင့် ကမန်ခေါ် လေးတပ် ထဲမှာ လူမျိုးစုံ ရှိခဲ့ ပါတယ်။ ကမန်ခေါ် ဒူးလေး တပ်ရဲ့ စစ်ပညာကို မွန်ဂို စစ်သား များက သင်တန်း ပို့ချ ပေးပြီး မွန်ဂိုတို့ အုပ်ချုပ်တဲ့ ဘင်္ဂလားနဲ့ ရခိုင် နယ်မြေ ထိစပ် နေတဲ့ အတွက် အပြန် အလှန် ဆက်ဆံ ရေး များလည်း ရှိခဲ့ ပါတယ်။ ဒါကြောင့် ဒူးလေး တပ်မှာ မွန်ဂို စစ်သည် တွေလည်း ၀င်ရောက် အမှုထမ်း ခဲ့ပါ တယ်။ မွန်ဂို စစ်သင်တန်း ဆရာ များက အစ္စလာမ် သာသနာ ၀င်များ ဖြစ်ပြီး သူတို့ရဲ့ ဟောပြောမှု ကျင့် ဆောင်မှု များကို သဘော တွေ့က စစ်သား တစ်ချို့ အစ္စလာမ် ဘက်ကို ကူးပြောင်း ကြပါတယ်။ စစ်သား တစ်ချို့ ဆိုတာမှာ မွန်ဂို စစ်သည်များ၊ ရိုဟင်ဂျာ စစ်သည်များ၊ ဗမာ မျိုးနွယ် ရခိုင်သား စစ်သည် များထဲက ဖြစ်ခဲ့ ပါတယ်။ သူတို့ဟာ စစ်သားများ ဖြစ်တဲ့ အလျှောက် တာဝန် ကျရာ အရပ်မှာ အိမ်ထောင် ကျခဲ့တာ များပြီး အထူး သဖြင့် ရခိုင် သူများနဲ့ အိမ်ထောင် ကျကာ အစ္စလာမ် သာသနာ ရပ်ဝန်း ကျယ်ပြန့် လာခဲ့ ပါတယ်။ စစ်မှုထမ်း တို့ သဘာဝ ထီးနန်းက ချမှတ်တဲ့ တရားဝင် ဘာသာ စကား (ရှေးဟောင်း ဗမ စကား) ကို ပြောဆို ရာက သူတို့ ရဲ့ ဘိုးဘွား ဘာသာ စကား မွန်ဂိုတို့ ပြောတဲ့ ဖာရ်စီ စကား၊ ရိုဟင်ဂျာ စကားတွေ ပျောက်ဆုံး လာကာ- ရှေးဟောင်း ဗမာစကား (ယခု ရခိုင်များ ပြောနေသော စကား) ကိုသာ ပြောဆို သူများ ဖြစ်သွား ခဲ့ပါတယ်။ (ကမန်လို့ ခေါ်တဲ့ ရခိုင် ဘုရင် များရဲ့ လေးတပ်မတော် သား အားလုံး အစ္စလာမ် သာသနာ ၀င်များ ဖြစ်သွားခြင်း မဟုတ်ပါ။- ကမန် စစ်သား များထဲမှာ အစ္စလာမ် သာသနာဝင် မဟုတ်သူ များလည်း များစွာ ရှိနေကြောင်း သမိုင်း အထောက် အထားတွေ များစွာ ရှိနေ ပါတယ်။)

တတိယ အနေနဲ့ ရခိုင် ဒေသ ဗမာ မျိုးနွယ် အစ္စလာမ် သာသနာ ၀င်များကို သံတွဲ နယ်ရဲ့ တောင်ပိုင်းမှာ တွေ့ရပြီး- အလွန် လူနည်း စုလေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုလိုတဲ့ ဗမာ မျိုးနွယ် ဆိုတာက ရှေးဦးက ရခိုင် နယ်ကို ရောက် လာပြီး ရခိုင် သားလို့ ခံယူ သွားတဲ့ ရှေးဦး ဗမာ မျိုးနွယ် များကို ဆိုလိုခြင်း မဟုတ်ပါ။ ရခိုင် ဒေသကို နောက်ပိုင်းမှ ဗမာများ ၀င်သိမ်းစဉ် ဗမာ စစ်သည် များထဲမှ ပါလာခဲ့တဲ့ ဗမာ မွတ်ဆလင် စစ်သား များထဲက တစ်ချို့ရဲ့ သား သမီး များကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီနေ့ထိ ဗမာ စကားကို သာ ပြောဆို မြဲ ဖြစ်ပြီး၊ သူတို့ စကား ထဲမှာ နန်းသုံး စကား တစ်ချို့လည်း ရှိနေ ဆဲပါ။ ၁၉၈၂ ခုထိ ဗမာမျိုး နွယ် အစ္စလာမ် သာသနာ ၀င် အိမ်ခြေ ၅၀ လောက် ကျန်ရှိ နေခဲ့ပြီး-၊ ၂၀၁၃ ခု (လက်ရှိ အချိန်) မှာတော့ အများဆုံး အိမ်ခြေ ၂၀ လောက်ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ ဒီလို လျှော့ပါး သွားရ တာက ဖိအား အမျိုးမျိုး ကြောင့် သော် လည်းကောင်း၊ ပတ်ဝန်းကျင် နီးစပ်မှု ကြောင့်သော် လည်းကောင်း ဗုဒ္ဓ ဘာသာ ထဲကို ကူးပြောင်း သွားတာ ရှိသလို-၊ သံတွဲ မြို့ရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ရခိုင် တိုင်းရင်းသား မွတ် ဆလင် များနဲ့ အိမ်ထောင်ပြု ပြောင်းရွှေ့ သွားတာ မျိုးလည်း ရှိပါတယ်။

ဒီနေရာမှာ သံတွဲ မြို့ပေါ်နဲ့ မြောက်ပိုင်း ကျေးရွာ များက မွတ်ဆလင် များနဲ့ ပတ်သက်ပြီး အလျှဉ်း သင့်လို့ တင်ပြဘို့ ရှိနေ ပါတယ်။ သူတို့ဟာ သူတို့ကိုယ် သူတို့ ရခိုင် လူမျိုး အဖြစ်သာ ဘိုးစဉ် ဘောင်ဆက် သိ မှတ် ပါတယ်။ ဒါပေမယ့် ၁၉၉၀ ၀န်းကျင် လောက်မှာ ကမန် သမိုင်း ပညာရှင် များက သူတို့ကို ကမန်မျိုး နွယ် အဖြစ် သတ်မှတ်ဘို့ ကြိုးစား လာခဲ့ ပါတယ်။ သူတို့ ကိုယ်တိုင်က မနှစ်မြို့ ခဲ့ပါ။ သူတို့ သမိုင်းကို မျိုးရိုး လိုက်ပြုစု ထားတဲ့ ပညာတတ် တစ်ဦးက မျိုးစဉ် မျိုးဆက်ကို ကျွန်တော့ကို ပြခဲ့ ပါတယ်။ ဒီမျိုးဆက် ဟာ သူဌေး ချောင်း ကျေးရွာ အုပ်စုမှာ သြဇာ ရှိပြီး မိသားစု ကြီးတဲ့ ဆွေမျိုး အုပ်စု ကြီးပါ။ သူ စာရင်း ပြုစု တာက ၁၉၇၃ ခုနှစ်မှာ ဖြစ်ပြီး ထိုစဉ်က အသက် ၇၀ ကျော်ပြီ ဖြစ်တဲ့ သူ့အဖိုး အပါ အ၀င် ရှေးမှီ လူကြီးများ ဆီက စုံစမ်း ခြင်းများ ဖြစ်ခဲ့တယ်။ အဲ့ဒီ မျိုးစဉ် အရ သူတို့ဟာ ဒီမတိုင်မှီ လေးဆက်က မာန်အောင်ကျွန်း က ပြောင်းရွှေ့ လာခဲ့ သူများ ဖြစ်ကြောင်း သိရပါတယ်။ သံတွဲမြို့ မြောက်ပိုင်း မွတ်ဆလင် တွေရဲ့ ရုပ်ရည် များဟာ ဥရောပ ကပြား များနဲ့ ရုပ်ဆင်ပြီး-၊ များသော အားဖြင့် အသားဖြူ၊ အရပ်မြင့်၊ လူကိုယ် ကြီးထွား သူများ ဖြစ်ကြောင်း ကို သတိ ထားမိ ပါတယ်။ နောက်ပိုင်းမှာ ဒေသခံ ရခိုင်သား၊ သံတွဲ တောင်ပိုင်းမှ ဗမာ မွတ်ဆလင် များနဲ့ ကပြား ဖြစ်သွား သူတစ်ချို့ တစ်ဝက် လောက်သာ အသားရောင် အညို ဘက်ကို ပြောင်းသွား ပေမယ့်-၊ အခု အချိန်ထိ ဥရောပ ကပြားရုပ် အများ အပြား ကျန်ရှိ နေပါ သေးတယ်။ ဒါကြောင့် သူတို့ဟာ ကမန် တပ်ထဲက မွန်ဂို ကပြားများ ဖြစ်နိုင် သလို၊ မာန်အောင် ကျွန်းဘက်က ဒါ့ခ်ျ ကပြား များလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ (သေ ချာတဲ့ သုတေသန မပြုလုပ် ရသေးပါ။) အစ္စလာမ် သာသနာ ၀င်တွေ ဖြစ်လို့ ကမန် မျိုးနွယ် စုလို့ သတ်မှတ် ဘို့ များနိုင် ပေမယ့်-၊ သံတွဲ မြို့ကို အစ္စလာမ် သာသနာ ရောက် လာပုံမှာ ရခိုင် မြောက်ပိုင်းနဲ့ မတူ ထူးခြားတဲ့ ၀ိသေသ တွေ ရှိနေ သေးတယ် ဆိုတဲ့ အခြား တစ်ချက် ကလည်း ရှိနေ ပြန်ပါတယ်။ ပါရှန်း သာသနာ ပြုများ သံတွဲ နယ်ကို ရောက်ခဲ့ ကြောင်း သက်သေ တွေ ရှိသလို၊ သံတွဲ မြို့ရဲ့ ယခင်က ရွက်လှေ ဆိပ်ဟောင်း ရွှေကျောင်း ပြင်ဆိုတဲ့ နေရာမှာ ရှေးဟောင်း ပါရှန်း လက်ရာ အစ္စလာမ် ဂူဗိမာန် ဟောင်းတွေ ရှိနေပါတယ်။ သမိုင်း ဖျောက်ခံ ရတဲ့ အစိုးရ အဆက်ဆက် အောက်မှာ သမိုင်းတွေ ပျောက်ဆုံး ကုန်ပြီ ဖြစ်ပေမယ့်-၊ သမိုင်း ဆိုတာ ရှာလေ တွေ့လေ ဆိုတဲ့ သီအိုရီ ကိုတော့ အားကိုး မပျက်နိုင်ပါ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

http://bit.ly/14fXo1J

No comments:

Post a Comment