New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, July 1, 2013

ရိုဟင်ဂျာ ဒုက္ခသည်များ အထောက်အပံ့များ ဆိုးရွားစွာ လိုအပ်လျက်ရှိ

ပေါက်တော ဒုက္ခသည် စခန်း (ဓါတ်ပုံ - RB News)
မောင်အာသာ 
RB News 
18.5.2013 
ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဆင်တက်မော်ရှိ ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာ ဒုက္ခ သည် များမှာ လူသားချင်း စာနာသော အထောက် အပံ့များ အရေး တကြီး လိုအပ် လျက်ရှိကြောင်း သိရ သည်။ မဟာဆင် မုန်တိုင်း ရှောင်ရန် ငှက်ချောင်း ဒုက္ခသည် စခန်းမှ ဒုက္ခသည် များရောက်ရှိ လာ ပြီးနောက် ဒုက္ခသည် ဦးရေ တိုးပွားလာပြီး စားရေး သောက်ရေး ခက်ခဲ လာခြင်း ဖြစ်သည်။ 
“ကျွန်တော်တို့ မုန်တိုင်း ရှောင်ဖို့ နေရာရှာရင်း ဒီကိုရောက် လာတာ။ ကျွန်တော်တို့ တားမြစ် တာတွေ များတော့ ဘာမှ ယူလာလို့ မရဘူး။ ကျွန်တော်တို့မှာ စားဖို့ အစား အသောက် မရှိဘူး။ နေဖို့ နေရာ မရှိဘူး။ ၀တ်စရာ အ၀တ် မရှိဘူး။ ကျွန်တော်တို့ ရဲ့မူလ နေရာကို လည်း သွားလို့ မရသေး ဘူး” ဟု ဒုက္ခသည် တစ် ဦးမှ RB News သို့ပြောသည်။
ကုလ သမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ မနေ့က အမိုး အကာ အချို့ ပေးခဲ့သော်လည်း အ စား အသောက်နှင့် အခြားသော မရှိ မဖြစ် လိုအပ်သည် များကို မပေးခဲ့ ကြောင်း သိရသည်။ 
“မနေ့က UNHCR က ပလတ်စတစ် အမိုးအကာ တွေပေးတယ်။ ဒါပေမယ့် တခြား ဘယ်အဖွဲ့ အစည်းကမှ ဘာ အကူ အညီမှ မပေးဘူး။ ကျွန်တော်တို့ နေရတဲ့ အခြေ အနေက တော်တော်လေးကို ဆိုးရွားတယ်။ အဲဒါကြောင့် လူသားချင်း စာနာတဲ့ အထောက် အပံ့တွေ ပေးတဲ့ အဖွဲ့ အစည်း အားလုံးကို ကျွန်တော်တို့ ကိုတတ်နိုင် သမျှ ကူညီပေး ပါလို့ မေတ္တာ ရပ်ခံ ပါတယ်” ဟု အဆိုပါ ဒုက္ခသည်မှ ဆက်လက် ပြောသည်။

No comments:

Post a Comment