New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

ရိုဟင်ဂျာ ၂၀၀ ခန့်ပါဝင်သော မုန်တိုင်းရှောင် လှေတစင်း ပေါက်တော၌ နစ်မြှုပ်

မေ-၁၄-၂၀၁၃
M-Media
_67586840_burma_pauktaw214042013
မဟာစင် မုန်တိုင်း ဘေးက လွတ်မြောက်အောင် ရှောင်တိမ်းလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ၂၀၀ လောက် ပါဝင်တဲ့ လှေတစီးပါ စစ်တွေ ၊ ပေါက်တောမြို့အနီးမှာ နစ်မြှုပ်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာ နာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အဖွဲ့က ပြောကြားလိုက်ပါတယ်။
လှေနစ်မြုပ်ခဲ့တာဟာ တနင်္လာနေ့ညက ဖြစ်ပြီး လူဘယ်လောက် ပျောက်ဆုံးနေတယ် ဆိုတာကို မသိရသေးဘူးလို့ ပြောတယ်။
ရခိုင်ပြည်နယ်မျာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းကျော်ဟာ   နေ့ရပ်စွန်ခွါပြီး ကယ်ဆယ်ရေးစခန်းနေမှာ နေထိုင်လာကြရတာ ယခုဆို ၁ နှစ်နီးပါးရှိလာပါပြီ။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားဒေရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်လာနိုင်တယ်လို့ ပညာရှင်များခန့်မှန်း ထားကြပြီး ကုလသမဂ္ဂ မှ မုန်တိုင်းဖြတ်သန်းနိုင်တဲ့ ဧရိယာတွေမှ ပြည်သူများကို ဘေးကင်း ရာ သို့ ရွှေပြောင်းပေးရန် နှိုးဆော်သတိပေးထားပါတယ်။
Ref: BBC

No comments:

Post a Comment