New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

မုန်တိုင်းလွတ်ရာသို့ ရခိုင် ဗုဒ္ဓဘာသာများအား ပြောင်းရွေ့ပေးပြီးချိန်အထိ မြေပုံမြို့ရှိ အစ္စလာမ်ဘာသာဝင်များအား ပြောင်းရွေ့မပေး




မေလ ၁၄
SK - မြန်မာမွတ်စလင်မ် မီဒီယ

မြေပုံတောင်ပေါ်မွတ်စလင်မ်ဒုက္ခသည်စခန်းရှိ ကမန်တိုင်းရင်းသားနှင့် ရိုပာင်ဂျာများအား ယနေ့နေ့လည် ၁၂ နာရီအချိန်တွင်မုန်တိုင်းလွတ်ရာသို့ပြောင်းရွေ့ပေးမည်ပာု သက်ဆိုင်ရာ အချို့က ဂတိပေးခဲ့သော် လည်း ယနေ့ ည ၆ နာရီ အချိန် အထိပြောင်းရွေ့ပေးခြင်းမရှိသေးကြောင်း ဒုက္ခသည် စခန်းအတွင်းရှိ မွတ်စလင်မ်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

"မနက် တုန်းကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က နေ့လည် ၁၂ နာရီဆိုရင်ပြောင်းပေးမယ်လို့လာပြောတယ်။အိမ်ခြေ ၄၀ စာပဲရှိတဲ့ ဗုဒ္ဓဘာသာစခန်း ကိုတော့ ပြောင်းပေးပြီးပြီလို့ပြောပါတယ်" မြေပုံမွတ် စလင်မ် ဒုက္ခသည်စခန်း မှ
အစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။
ယနေ့နံနက် ၁၀နာရီတွင် မြေပုံမွတ်စလင်မ်ဒုက္ခသည်စခန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှုး မင်းခိုင်ဝင်း၊ စည်ပင်ဦးစီး ဦးမောင်တင်အောင်၊ မြို့မိမြို့ဖ ဦးဖေညွန့် နှင့် စည်မြောင်းဦးစီး တစ်ဦးတို့ ကလာရောက်ကာ မြို့တွင်းရှိစည်ပင်ရုံး ၊သမ၀ါယမရုံး၊စည်ပင်လိုင်းခန်းတွဲတို့သို့ ပြောင်းရွေ့ပေးမည် ဖြစ်ကြောင်း
ပြောကြားခဲ့ကြောင်းသိရသည်။

ရခိုင် အကြမ်းဖက်သမားတို့ က မြေပုံမြို့ရှိ အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့ သဖြင့်   မြေပုံ မြို့ရှိ အစ္စလာမ်ဘာသာဝင် ၃၆၆၆ ဦး(အိမ်ထောင်စု၆၃၂ စု )မှာ ယခု အချိန်အထိ ဒုက္ခသည်စခန်း တွင်နေထိုင်နေရသည်။

ထို့အပြင် မြေပုံမွတ်စလင်မ်များအား ပြောင်းရွေ့ပေးမည့် နေရာများသို့ပြောင်းရွေ့ခွင့်မရစေရန် ရခိုင် အကြမ်း ဖက် အချို့က တာဝန်ရှိသူများအား အနှောက်အယှက်ပေးခဲ့ကြောင်းလည်းသိရသည်။

No comments:

Post a Comment