New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး



May 16, 2013

မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ် သည်။ အဆိုပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ် လွှင့်ကျေညာသည်။

ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

အိမ်ပြိုသွားသွားသောကျေးရွာများမှာ အဆိုပါ ခရိုင်အတွင်းရှိ ခါဆူဇူရာ ရွာ၊ ခါဝါဂေါရာ၊ မေလာ ပါရာ၊  ခေါင်ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။

ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။

လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လ ခရိုင်တို့တွင် လျှပ်စစ်မီး ပြတ်တောက်သွားပြီဟု သိရသည်။

No comments:

Post a Comment