New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, April 29, 2013

ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူးမှ ထုတ်ပယ်


ဖြူး ၊ ဧပြီ ၂၈

အရက်မူးနေသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက် စစ်ဆေး ရာမှသေဆုံးခဲ့သည်နှင့် ကိစ္စနင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စိုးသန်းက Thန ဠသငခန သို့ ပြောကြားသည်။

အဆိုပါ လူသေဆုံးမှု သည် လွန်ခဲ့သော ခြောက်လခန့် စက်တင်ဘာလ ၁ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင်၊ ဖြူးမြို့တွင် အရက်မူးနေသည့် အသက်၂၄ နှစ်အရွယ် ဦးလင်းကိုကိုထက် (ခ) တောသားက စားသောက် ဆိုင် မှ အိမ်သို့ အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးက ဖမ်း ဆီးခေါ်ဆောင်စစ်ဆေး ခဲ့ပြီးဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဖခင်ဦးလှမြင့် ကပြောကြား သည်။

ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်းထိန်သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် အပါအဝင် ၊ ရဲတပ်ကြပ်ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပယ်ခဲ့ပြီး ၊ ဒုရဲအုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချကာ ၎င်းတို့လေးဦးလုံးကို တောင်ငူခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ရဲမှူး စိုးသန်းက ရှင်းပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေက လူငယ်ကို ရိုက်ရင် ရဲ အရာရှိမှာ တားရမဲ့ တာဝန် ရှိတယ်၊သူ မတားခဲ့လို့ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူတာပါ၊ လူသေတာက တော့ တရာရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးသန်းက ထပ်လောင်းပြောကြားသည်။
“ဆေးရုံမှာ ကျွန်မ မောင်လေးကို တွေ့တုန်းက နှာဖူးမှာဘု ထွက်ပြီ ညိုမဲနေတယ်၊ မျက်ကွင်းလည်း မဲနေတယ် ၊ ညာဘက်မျက်နှာမှာလဲ ဒဏ်ရာ ဒဏ်ချက်နဲ့ ဘယ်ဘက် နားရွက်မှာလည်းဒဏ်ရတွေ့တယ် ၊ နှာခေါင်းလည်းသွေးထွက်ပြီး ၊ပါးစပ်မှာလဲ ဒက်ရာတွေတွေ့တယ် ။” သေဆုံးခဲ့သည့် မောင်ဖြစ်သူ လင်းကိုကိုထက်ကို မြင့်တွေ့ခဲ့ရသည့် အခြေအနေအား အမတော်စပ်သူဒေါ်မြင့်ခက်ခက်မွန်က ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ၊ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ ဖြင့် နိုဝင်ဘာလ ၂၉ ရက်မှစတင်ကာ စစ်ဆေးလျက်ရှိပြီး ဧပြီလ ၂၆ ရက်နေ့ အထိ ရုံးချိန်းပေါင်း ၁၄ ကြိမ် နှင့် သက်သေပေါင်း ၁၁ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တောင်ငူ ခရိုင် တရားသူကြီး ဦးအောင်စိုးက ပြောကြားသည်။

Re-Post By ACM 29-4-2013
အေးချမ်းမွန် Credit & Copy From > The Voice Weekly<Thank

No comments:

Post a Comment