New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 16, 2013

မောင်တော မြို့တွင် သားအဖ နှစ်ဦး ဓါးဖြင့် ခုတ်ခံရ


RB News
15.4.2013

မောင်တော ။ ။ မောင်တော မြို့၊ အလယ် သံကျော် တိုက်နယ်၊ ဈေးကုန်း တန်းကျေးရွာ (ဒေလ် ဖာရာ) အနီးရှိ ပဲခင်းတွင် ပဲခင်း စောင့်၍ အိပ်နေသော သားအဖ နှစ်ဦးကို ရခိုင် အစွန်းရောက် အချို့မှ ဓါးဖြင့် ခုတ်ခဲ့ ကြောင်း သတင်း ရရှိ ပါသည်။

ဖြစ်ပွား ပုံမှာ ယနေ့ နံနက် ၁ နာရီ ခန့်တွင် အလယ် သံကျော် တိုက်နယ်၊ ဈေးကုန်း တန်းကျေးရွာ (ဒေလ် ဖာရာ) အနီးရှိ ပဲခင်းတွင် ပဲခင်း စောင့်၍ အိပ်နေသော ရိုဟင်ဂျာ လူမျိုး သားအဖ နှစ်ဦး ဖြစ်သည့် ဦးရှော်မ်ရှူ (ဘ) ဦးမော်ဂုလ် အဟမတ် (အသက် ၄၆ နှစ်) နှင့် မောင်အိုမာရ် ဖာရုခ် (အသက် ၁၇ နှစ်) တို့ကို ရခိုင် အစွန်းရောက် ၆ ယောက် ခန့် လာရောက်၍ ဓါးများဖြင့်

ခုတ်ခဲ့သည်။ သားအဖ နှစ်ဦး စလုံးမှ အော်ဟစ်၍ ရွာသား များကို အကူ အညီ တောင်းရာ ရွာသား များရောက် ရှိလာပြီး ရခိုင် အစွန်းရောက် များထွက် ပြေးသွား ကြောင်း သိရသည်။

“သားအဖ နှစ်ယောက် စလုံးက အော်ဟစ်ပြီး အကူ အညီတောင်း တော့ရွာသား တွေအားလုံး လိုက်သွား ကြတယ်။ ရွာသား တွေလာတာ တွေ့တာနဲ့ ရခိုင် အစွန်းရောက် တွေထွက် ပြေးသွားတယ်။ ဒါပေမဲ့လည်း သားအဖ နှစ်ယောက် စလုံးရဲ့ လက်နဲ့ ခြေထောက်တွေ ဓါးနဲ့ ခုတ်ခံ လိုက်ရတယ်။ ဒဏ်ရာ ပြင်းတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ ပြောပါသည်။

ဒဏ်ရာ ပြင်းထန်စွာ ရရှိသော သားအဖ နှစ်ဦးလုံးကို အလယ် သံကျော် တိုက်နယ် ဆေးရုံသို့ ဆေးကု သရန် ခေါ်သွား ခဲ့သော်လည်း --

“ကျွန်တော်တို့ အဲဒီသားအဖ နှစ်ယောက်လုံးကို တိုက်နယ် ဆေးရုံကိုခေါ်သွားတယ် ။ဆေး ရုံရောက် တော့ ဆေး ရုံက ဆေးမကု ပေးနိုင်ဘူး ဆိုပြီးတော့ ပြန်လွှတ် လိုက်တယ်။ ရဲစခန်းမှာ အမှုသွား ဖွင့်ရင်လည်း အကြမ်း ဖက် သမားတွေကို မဖမ်းဘဲ အကြမ်းဖက် ခံရတဲ့သူ တွေဆီက ငွေညှစ်မှာမို့ အိမ် မှာဘဲ ဒဏ်ရာ တွေကို အဆင်ပြေ သလို ဆေးထည့် ပေးနေတယ်” ဟု အဆိုပါ ရွာသားမှ ဆက် လက် ပြောပါသည်။

No comments:

Post a Comment