New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အင်ဒိုနီးရှားသမ္မတဒေါက် တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 Hmuu Zaw's photo.
 


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အင်ဒိုနီးရှားသမ္မတဒေါက် တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
====================================================
နေပြည်တော် ဧပြီ ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ ညနေ (၅) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။

ထို့သို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ၁၉၄၉ ခုနှစ်မှ စတင်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တိုးတက် ခိုင်မာအောင် ဆောင်ရွက်လိုပါကြောင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် သွားရောက်ခဲ့သည့် မိမိ၏ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်တွင် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန် ဒေါ်လာသန်း (၅ဝဝ)ထိ တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း (၄၇ဝ) ရှိနေပြီဖြစ်၍ ပိုမို တိုးတက်အောင် ဆောင်ရွက်လိုပါကြောင်း။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား ကုမ္ပဏီ (၁၂) ခု မှ အမေရိကန် ဒေါ်လာ(၂၄၁) သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရှိရကြောင်း၊ အနာဂတ်တွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှိနေပြီဖြစ်ကြောင်း။

နှစ်နိုင်ငံအကြားတွင် ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နည်းပညာ ကဏ္ဍ မြှင့်တင်နိုင်ရေးတွင် ပညာသင်ဆုများ ပေးအပ်ခြင်း၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင် ရွက်ခြင်းများကို ဆောင်ရွက် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံသမ္မတက မိမိအနေဖြင့်၂ဝဝ၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက်ရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ   ဖော်ဆောင်ရေးကဏ္ဍ၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကဏ္ဍနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍများတွင် ထင်ရှားသည့် အောင်မြင်မှုများကို တွေ့ရှိရသဖြင့် များစွာ ချီးကျူးဂုဏ်ပြုပါကြောင်း။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးသကဲ့ သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကိုလည်း တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီး ရှားနိုင် ငံမှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမို လာရောက်ရင်း နှီးမြှုပ်နှံရန်အတွက် တိုက်တွန်း သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကိုလည်း လာမည့်နှစ် တွင် ဒေါ်လာသန်း (၁ဝဝဝ) ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆွေတော် သမ္မတကြီး အဆိုပြုသည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် ပတ်သက်၍လည်း မိမိအနေဖြင့် သဘောတူညီပါကြောင်း၊ အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်  ရန်တို့အတွက် ဆုမွန်ကောင်း တောင်းအပ် ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံ သဘောတူစာချုပ်နှင့် နားလည်မှု စာချွန် လွှာ များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် အားပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး H.E. Mr. Gita Irawan Wirjawan တို့က နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူ စာချုပ်ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီး ရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Dr. R. M. Marty M. Natalegawa တို့က နှစ်နိုင်ငံအကြား လူ့စွမ်းရည်မြှင့် တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး တို့က နှစ်နိုင်ငံဝန်ကြီး ဌာနတို့ အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေး ထိုးကြသည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/04/23/id-3140

No comments:

Post a Comment