New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့စွပ်စွဲချက် အစိုးရကန့်ကွက်မည်



ရန်ကုန်၊ ဧပြီ-၂၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်မှာ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ် မှု ပြုလုပ်ခဲ့ခြင်း

ဖြစ်ကြောင်း Human Rights Watch အဖွဲ့၏ ထုတ်ပြန်ချက်အား မြန်မာအစိုးရက ကန့်ကွက်သွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အဆိုပါ အစီရင်ခံစာပါအချက်များအနက် သမ္မတဦးသိန်းစိန်အစိုးရအား လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအား ကိုင်တွယ်ပုံညံ့ဖျင်းကြောင်း ပြောကြားထားပြီး မွတ်ဆလင်အိမ်ထောင်ပေါင်းများစွာကို မီးရှို့ဖျက် ဆီးနေ သည့်လက်နက်ကိုင် ဗုဒ္ဓသာဘာ လူအုပ်စုကို ရဲတပ်ဖွဲ့ဝင်များက တားဆီးရန်ပျက်ကွက်ခဲ့ကြောင်း၊ မွတ်ဆလင် များကို ကာကွယ်ရန် အစိုးရအဖွဲ့က မသိကျိုးကျွန်ပြုနေကြောင်း၊ အချို့အကြမ်းဖက်မှုများတွင် အစိုးရတပ်ဖွဲ့ ၀င်အချို့ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း စသည်ဖြင့် ရေးသားထားသည်။

“ဒီအစီရင်ခံစာကို အသေးစိတ်လေ့လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် သံတမန်နည်းလမ်းအရ တုံ့ပြန်ဆောင် ရွက် သွားမှာပါ” ဟု ဦးရဲထွဋ်က ပြောကြားသည်။

“စကားလုံး အသုံးအနှုန်းက အစီရင်ခံစာအရဆိုရင်တော့ တော်တော်ပြင်းထန်တယ်။ ဒီပဋိပက္ခဖြစ်စဉ်တွေကြောင့် အခု ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာမှာ ပုံရိပ်တော်တော်ကျဆင်းသွားပြီ။ အခုဒီပုံရိပ်ကိုပဲ ပြန်ကောင်းအောင်လုပ် ရမယ်။ နှစ်ဦးနှစ်ဖက် မုန်းတီးမှုတွေ ဘယ်လို ချေဖျက်နိုင်မလဲကိုပဲ စဉ်းစားရမှာ။ ဒီအစီရင်ခံစာက တော်တော်လေး လက်ခံရခက်ပါတယ်” ဟု ဦးနေသန်မောင်က သုံးသပ်ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့မှ ထုတ်ပြန် လိုက်သော အစီရင်ခံစာတွင် ရိုဟင်ဂျာ မွတ်ဆလင်များ၏ ပြောစကားများကိုသာ ရယူရေး သားထားပြီး မြန်မာ တိုင်းရင်းသားများ၏ ပြောကြားချက်များမပါဝင်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုဟူသည့် စကား ရပ် ကိုထည့်သွင်းသုံးစွဲ ထားကြောင်း အစီရင်ခံစာ လေ့လာသူများက ပြောကြားသည်။ ထို့ပြင် ယခုအစီ ရင်ခံစာမှာ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားသည့် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ မထုတ်ပြန်မီ တစ်ရက်အလိုတွင် ကြိုတင်ထုတ်ပြန်ခဲ့ခြင်း၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို အမေရိကန်ပြည်ထောင်စုမှ ငြိမ်းချမ်းရေးဆုပေးအပ် သည့်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း၊ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ကို ဖြေလျှော့ ရန် ပြန်လည်သုံးသပ်နေသည့် အချိန်ဖြစ်ခြင်း၊ လာမည့် မေလကုန်တွင် အမေရိကန်အစိုး ရ မြန်မာနိုင်ငံအပေါ် စီးပွားရေး အထူးအခွင့်အရေးများ ပေးအပ်တော့မည့်အချိန်နှင့် အချိန်ကိုက် ထုတ်ပြန်လာသည့် အစီရင်ခံစာမှာ ရိုးသားမှုမရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောကြားသည်။

“အဖြစ်မှန်မဟုတ်တဲ့ကိစ္စကို စွပ်စွဲတယ်လို့ထင်တယ်။ HRW ဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိတဲ့ အဖွဲ့အစည်း တစ်ခုလို့ မြင် တယ်။ အစိုးရကိုယ်တိုင် အစီရင်ခံစာမှာ အကြမ်းဖက်ပါဝင်ပတ်သက်နေတယ်လို့ပြောတာဟာ ကျွန်တော် တို့နိုင် ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ မြင်တယ်” ဟု ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းထွန်းကဆိုသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်စလင်းကမူ “လူမျိုးတုံးသတ်ဖြတ် မှုတွေ မဟုတ်ဘူးဆိုပေမယ့် အများအားဖြင့်တော့ ခံတာများပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကွက်ကြီးပါ။ အစိုးရကိုယ် တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာကိုတော့ လုံးဝလက်မခံပါဘူး” ဟု ပြောဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့တစ်ဖက်သတ်ရေးသားထားသည့်အစီရင်ခံစာအပေါ် အလေးထားမည်မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ်သာ အလေး ထား   အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားထားသည်။

HRW အဖွဲ့၏ အစီရင်ခံစာတွင် မြန်မာအစိုးရအပေါ် ဝေဖန်ပြောကြားထားသော်လည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ် ကမ္ဘာ့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို လေ့လာစောင့်ကြည့်ပြီး ထုတ်ပြန်သည့် အစီရင်ခံစာ တွင်မူ မြန်မာအစိုးရ၏ လူ့အခွင့်အရေးဆောင်ရွက်ချက်များကို ချီးကျူးပြောကြားထားသည်။

ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာတွင် ၂၀၁၂ ခုနှစ် မေလကုန်ပိုင်းက ရခိုင်တိုင်းရင်းသူ တစ်ဦးအား မွတ်ဆလင်အမျိုးသား သုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုမှ အစပြု၍ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် မှုဖြစ်စဉ် များ ဖြစ်ပွားခဲ့သည်။ မိတ္ထီလာမြို့တွင်လည်း ရွှေဆိုင်တစ်ဆိုင်မှ အရောင်းအ၀ယ်ကိစ္စမှ အစပြု၍ အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၃ ခုနှစ် မတ် လ ၂၂ ရက်မှစပြီး ယနေ့ထိ နိုင်ငံတော် သမ္မတမှ အရေးပေါ်ဥပဒေ သတ်မှတ် ကြေညာထားသည်။

No comments:

Post a Comment