New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, April 29, 2013

ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်


Monday, April 29, 2013


ရန်ကုန်- ဆေးဝန်ထမ်း ၃၀၀ ကျော်ပါသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်သင်္ဘော သည် မြန်မာနိုင်ငံသို့ ဇွန်လအတွင်း လာရောက်မည်ဖြစ်ကြောင်း တရုတ်သံရုံးက ယနေ့သတင်း ထုတ်ပြန်သည်။

“အဓိကကတော့ ဒီသင်္ဘောက ဒဏ်ရာရ ရေတပ်သားတွေကို ကုသမှုပေးတာ ဖြစ်ပါတယ်။ ဒီလာမယ့် ရည်ရွယ်ချက်အတိအကျကို မပြောနိုင်ပေမယ့် အရပ်သားတွေ အတွက်လည်းဖြစ်ပါလိမ့်မယ်။ အရပ်ရော တပ်ရောအတွက် ဖြစ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေး ဆိုခွင့်ရှိသူ က ပြောကြားသည်။


မြန်မာ့တပ်မတော်အား ခေတ်မီတိုးတက်သည့် စစ်တပ်တစ်ခုဖြစ်ရန် တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ကူညီမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး
ဇက်ယွန်း က ကြာသပတေးနေ့တွင် ပြောကြားပြီးနောက်ပိုင်း တိုက်ဆိုင်စွာ တရုတ်သံရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ နဲ့လွတ်လပ်ရေးအတွက် တပ်မတော်ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတစ်ခုကြား စစ်တပ်အချင်းချင်း ဆက်ဆံမှုကို မှတ်ချက်မပေးလိုပါဘူး”ဟု သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သို့သော် အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား စစ်တပ်ချင်း ရင်းနှီးသောဆက်ဆံရေး ထိန်းသိမ်းထားရန် လိုအပ်သည်ဟု ၄င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကောင်းမွန်သည့် အခြေအနေတွင်ရှိပြီး နှစ်စဉ်နှစ်တိုင်းတွင် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ တွေ့ဆုံမှုများရှိနေသည်။

ယင်းစစ်င်္ဘော ဇွန်လအတွင်း လာရောက်ရန်မှာ ၉၀ ရာခိုင်နှုန်း သေချာနေပြီဖြစ်ပြီး “Peace Ark” သင်္ဘော မြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာနိုင်ငံသားများအား အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်မည်ဖြစ်၍ နှစ်နိုင်ငံပြည်သူများကြား ဆက်ဆံရေးအတွက် တိုးတက်ကောင်းမွန်လာမည်ဟု ယင်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ စစ်သင်္ဘောတွင် အမြောက်၊ဒုံးကျည်ကဲ့သို့ စစ်လက်နက်ပစ္စည်းများ မပါဘဲ ကမ္ဘာတစ်ဝန်း ဘေးဒုက္ခဖြစ်ပေါ်သည့် နေရာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် အဓိက ရည်ရွယ်ထားခြင်းဖြစ်ကာ လူနာတင်ခုတင် ၃၀၀၊ အရေးကြီး လူနာကုသခန်း ၂၀၊ ခွဲစိတ်ခန်း ၈ ခန်းနှင့် ဆေးကုသမှုဝန်ထမ်းပေါင်း ၄၀၀ ခန့်လိုက်ပါလျက်ရှိပြီး အာဖရိက ၊ လက်တင်အမေရိကန်နှင့် တောင်အာရှဒေသများရှိ နိုင်ငံပေါင်း (၈)နိုင်ငံသို့ သွားရောက်ခဲ့သည်။

Credit: 7 Day News Journal

No comments:

Post a Comment