New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 30, 2013

ဥက္ကံမြို့နှင့်အနီးတ၀ိုက်၏ နောက်ဆုံးအခြေအနေနှင့် သုံးသပ်ချက်



၂၀၁၃ ခုနှစ်၊ ဧပြီလ | မျက်ဝန်း

မိတ္ထီလာမြို့တွင် မွတ်စလင်မ်ကလေးငယ်တစ်ဦးအား 969 ဂိုဏ်းမှတုတ် ဓားများဖြင့် ၀ိုင်းဝန်း ခုတ်ဖြတ်ရိုက်နှက်၍ သတ်နေကြစဉ်
ရန်ကုန်တိုင်းဒေသကြီးနှင့် မိုင် (၆၀)နီးပါးခန့်သာ ဝေးသည့် ဥက္ကံမြို့တွင် ယနေ့ နေ့လယ်ပိုင်း (၁) နာရီဝန်းကျင်ခန့်တွင် ဘာသာရေးအခြေပြု၍ အကြမ်းဖက်မှုများ စတင်ခဲ့ရာ လူအုပ်စုများ အလွန်များပြားလာခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် အတူ လုယက်မှုများပါ ကျူးလွန်ခဲ့၍ ညနေ (၄)နာရီကျော်အချိန်တွင် စစ်တပ်မှရောက်ရှိ လာပြီး သေ နတ်မိုးပေါ်ထောင်ပစ်၍ အခြေအနေအား ထိန်းသိန်းခဲ့ခြင်းကြောင့် လူအုပ်စုမှ ကွဲသွားခဲ့တယ် လို့ ဒေသခံများ က ဆိုပါတယ်။

အဆိုပါ ကွဲသွားသည့် လူအုပ်စုမှာ ညနေ (၄း၃၀)နာရီအချိန်ခန့်တွင် ဥက္ကံမြို့နှင့် သုံးမိုင်ခွဲခန့်သာ ဝေးကွာသည့် မွတ်စလင်မ်အိမ်ခြေ (၇၀) ခန့်ရှိသော မီးလောင်ပြင်စခန်းကျေးရွာသို့ သွားရောက်စုရုံး၍ ဗလီ၊ စာသင်ကျောင်းနှင့် မွတ်စလင်မ်များ၏ နေအိမ်မျာအား အကြမ်းဖက် ဖျက်ဆီး၍ လုယက်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယင်း မီးလောင်ပြင်စခန်းဗလီ၌ ရန်ကုန်မြို့မှ တရားအားထုတ်သူ ဆယ်ယောက်ကျော်ခန့်မှာလည်း ရောက်နေပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ညနေ (၅း၃၀)နာရီအချိန်ခန့်မှာတော့ အဆိုပါ မီးလောင်ပြင်စခန်းကျေးရွာနှင့် (၂)မိုင်ခန့်ဝေးကွာပြီး မွတ်စလင်မ်အိမ်ခြေ (၃၀)ခန့်ရှိတဲ့ ချောက်တဲကျေးရွာသို့ ရောက်ရှိသွားခဲ့ပြီးနောက် ဗလီငယ်နှင့် မွတ်စလင်မ်နေအိမ်များအား အကြမ်းဖက် ဖျက်ဆီးကြတယ်လို့ သိရပါတယ်။

ညနေ (၆)နာရီအချိန်မှာတော့ (၂)မိုင်ကျော် ဝေးတဲ့ မွတ်စလင်မ်အိမ်ခြေ (၁၀၀)ကျော်ရှိရာ ကျွဲပုန်းရွာရှိ ဗလီ၊ ကုရ်အာန်အာဂုံဆောင်ကျောင်းနှင့် မွတ်စလင်မ်တို့၏ နေအိမ်များအား အကြမ်းဖက် လုယက် ဖျက်ဆီးမှုများပြု လုပ်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

တပြိုင်တည်းမှာပင် မကြာသေးမီ ရက်ပိုင်းအတွင်းက သစ်ခေါင်းကြီးကျေးရွာမှ စက်မှု(၁)ဌာန၏ အငြိမ်းစားဝန်ထမ်း ဗိုလ်ကြီးဟောင်းတစ်ဦးမှ ဦးဆောင်၍ 969 လှုံ့ဆော်ပွဲများ ကျင်းပပြုလုပ်ခဲ့သည့် မွတ်စလင်မ်အိမ်ခြေ (၂၀၀)ကျော်နေ ထိုင်သည့် ပနီပင်ကျေးရွာရှိ ဗလီ၊ ကျောင်းနှင့် မွတ်စလင်မ်ပိုင် အဆောက်အဦးများအား အကြမ်းဖက် လုပ်ယက် ဖျက်ဆီးပြီးနောက် မီးရှို့မှုအချို့လည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

နောက်ဆုံးအခြေအနေအား ဆက်သွယ်နိုင်ရန်အတွက် ဖုန်းလိုင်းများ ခက်ခဲနေပြီး ဥက္ကံမြို့နှင့် အကြမ်း ဖက်ခံခဲ့ရသည့် ကျေးတောသား မွတ်စလင်မ်များမှာ အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်မြို့နှင့် ရန်ကုန်မြို့များအထိပင် ရောက်ရှိခိုလှုံနေကြတယ်လို့ သိရပါတယ်။

သဲဝါနှင့် ကျိန်ချောင်းကျေးရွာများရှိ အစ္စလာမ်ဘာသာရေး အခြေခံ အဆောက်အဦးများနှင့် မွတ်စလင်မ်များ ၏ နေအိမ်များအား အကြမ်းဖက်ဖျက်ဆီးခံရမှုများသည်လည်း ညနေ (၅)နာရီဝန်းကျင်ခန့် မှစတင်၍ ပေါ်ပေါက်ခဲ့သော်လည်း မည်မျှအတိုင်းအတာအထိ အကြမ်းဖက်မှုမျိုး ရှိ/မရှိကိုမူ သီးခြား အတည်ပြုနိုင်သေးခြင်း မရှိပါ။

ဖြစ်ပျက်ခဲ့သမျှဒေသများတွင် လုံလောက်သည့် လုံခြုံရေးများ မရှိခြင်းကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးကြရပြီး၊ အသက်အရွယ်ကြီးရင့်သူများ၊ လူမမာများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ အသက်လုံခြုံရေး အတွက် ကျေးရွာသားများမှ ကာကွယ်စောင့်ရှောက်၍ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးကြ စဉ်တွင် ပြန်လည် ရန်ပြုလာသူများအား ပြန်လည် ခုခံရမှုများလည်း ရှိနေပြီး ဒဏ်ရာရသူများနှင့် အသေအပျောက်များ ရှိနေကြောင်း ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နောက်ဆုံးအခြေအနေစုံစမ်းမှုအရတော့ ဥက္ကံမြို့နှင့်အနီးတ၀ိုက်ရှိ အကြမ်းဖက်မခံရသေးသည့် မွတ်စလင်မ်များ စုပေါင်းနေထိုင်ရာ ချမ်းသာကုန်းကျေးရွာ၊ ၀ံကိုက်ကျေးရွာများသည်လည်း လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ ဆဲဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ လုံလောက်သည့် လုံခြုံရေးများ ချထားပေးခြင်းမရှိဘူး လို့ ဒေသခံ များက ပြောပြပါတယ်။

ဥက္ကံနှင့်အလွန်နီးနေသည့် တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ပေါင်းတည်မြို့နယ် အစရှိသည့်မြို့ကြီးများ အပါအ၀င် ကျေးရွာများတွင်လည်း မွတ်စလင်မ်များမှာ မိမိတို့အသက်လုံခြုံရေးအတွက် အထူး သတိကြီးစွာ နေ ထိုင်စောင့်ကြည့်နေ ရတယ်လို့ သိရပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့တွင်း မွတ်စလင်မ်များအား အကြမ်းဖက် သတ်ဖြတ်မှုများအပြီး၊ ပဲခူးတိုင်း အနောက်ခြမ်းဒေသများသို့ အကြမ်းဖက်မှုများ ဆက်လက် ကူးစက်ခဲ့သော်လည်း ယင်းအကြမ်းဖက်မှုများ၌ အဓိကကဏ္ဍမှ ပါဝင်နေသည့် 969 အကြမ်းဖက်ဂိုဏ်းအား သက်ဆိုင်ရာမှ ဖြိုခွင်းခြင်းမရှိသေးသည့်အပြင် ပိုမို၍ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်မှုများလည်း ပြုလုပ်လာခဲ့ရာ သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်ရာ မြို့တော် နေပြည်တော်နှင့်အနီးတ၀ိုက်ဒေသများတွင်ပါ ကျယ်ပြန့်သည့်အသွင်ဖြင့် လှုံ့ဆော်မှုများ ရောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထပ်က အကြမ်းဖက် လူသတ်မှုများဖြင့် ထောင်ကျခဲ့သော မန္တလေးမြို့မှ ၀ီရသူ၊ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့၍ သံဃာ့နာယကပိုင် ကျောင်းပေါ်မှ မောင်းချခြင်းခံခဲ့ရသူ ရန်ကုန်မြို့မှ စစ်သွေးကြွ ရွှေညာဝါးနှင့် ထောက်လှမ်းရေးစစ်ဗိုလ်ပြုတ် ခင်ညွှန့်တို့မှာ 969 အကြမ်းဖက်ဂိုဏ်းအား ထူထောင်သူများအဖြစ် ပြောဆိုနေကြသော်လည်း ၎င်းတို့အား အရေးယူခြင်းမပြုခင် မိတ္ထီလာမြို့တွင် အစဆွဲထုတ် ခံရသော မွတ်စလင်မ်များအား နှစ်ရှည်ထောင်ဒဏ်များပေး၍ မတရားဖမ်းဆီးခဲ့ခြင်း များ ပြုလုပ်ခဲ့တာကြောင့် အကြမ်းဖက်သမားများအား အကာအကွယ်ပေးသလို ဖြစ်နေ တယ်လို့ ဝေဖန်ကြပါတယ်။

ယင်းအကြမ်းဖက်မှု၌ ပါဝင်ပတ်သက်သူများအား လုံလောက်သည့် အရေးယူခြင်းများမရှိခဲ့စဉ်အတွင်း အစိုးရ အကြီးအကဲတစ်ဦးမှ မွတ်စလင်မ်များအား ပြင်ပကမ္ဘာတွင် 969 များ ၀ါဒဖြန့်ထားသည့် စကားလုံးများဖြင့် ၀ါဒမှိုင်းမိ၍ အခြေအနေ ပကတိအား မမြင်ခဲ့ဘဲ စွတ်စွဲချက်များလည်း ထွက်ပေါ်ခဲ့ပြီး ဒေသအုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့ကြောင်းများကိုလည်း မီဒီယာများမှ အထောက်အထား ခိုင်လုံစွာဖြင့် ထောက်ပြခဲ့ကြသည်ကိုလည်း အစိုးရအနေဖြင့် ဖြေရှင်းချက်ထုတ်ရန် ပျက်ကွက်ခဲ့ပြီး အစိုးရအဖွဲ့များ မပါဝင်ကြောင်းကိုသာ ယုတ္တိယုတ္တန်မဲ့စွာ တွင်တွင်ခေါင်းခါ၍ ကျားကျားမီးယပ်ပေါ်လစီအား လက်ကိုင်စွဲထားမှုကြောင့် ကမ္ဘာ့အလယ်တွင် သိက္ခာမဲ့စေခဲ့ပါတယ်။

ဤဆောင်းပါးရေးနေစဉ်မှာပင် တယ်လီဖုန်းဆက်သွယ်ချက်တစ်ခု ရောက်လာပါတယ်။ မကြာသေးမီက ကလေးငယ် (၁၃)ဦး မီးလောင်ခံရပြီးသေဆုံးခဲ့ရာ ရန်ကုန် (၄၈)လမ်းကျောင်း၏ ကျောင်းခွဲတစ်ခုဖြစ်တဲ့ ရန်ကုန်ပြည်လမ်း မပေါ်က မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာမှ အသက် (၁၀)နှစ်ဝန်းကျင် အရွယ် ကျောင်းသားကလေးငယ် (၂၀၀)နီးပါး ကျောင်းအိပ်ကျောင်းစားအဖြစ် နေထိုင်နေကြတဲ့ ကုရ်အာန်အာဂုံဆောင်ကျောင်းအား သက်ဆိုင်ရာမှ လုံခြုံရေး ချပေးမထားခြင်းကြောင့် ရွှေဝါရောင် သံဃာတော်များ ဦးဆောင်ပြီး ရန်ကုန်တိုင်း NLD အဖွဲ့ဝင်တချို့နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက်အဖွဲ့ဝင်များ အင်အား ၁၀၀ ခန့်မှ ယခင် (၄၈)လမ်းမှာကဲ့သို့သောအနိထ္ထာရုံ မြင်ကွင်း ပုံစံမျိုး မပေါ်ပေါက်စေဖို့ လာရောက် စောင့်ရှောက်ပေးနေကြတယ်လို့ သိရပါတယ်။

မည်သို့ပင်ဆိုပါစေ လတ်တလောတွင် အစ္စလာမ်ဘာသာအား ကိုးကွယ်ကြသောသူများမှာ ကျီးလန့်အစာစားနေ ရသလိုဖြစ်နေကြပြီး မည်သည့်နေရာတွင်မဆို လုံခြုံမှုမရှိဟု ခံစားနေကြရပေသည်။ ဗလီများ၊ စာသင်ကျောင်း များနှင့် နေအိမ်များသည် တဖြုတ်ဖြုတ်နှင့် နေ့စဉ် ပျက်စီးနေကြရသော်လည်း တာဝန်ယူမည့်သူက မရှိသေးသည့် အပြင် ဘုရားသားတော်အယောင်ဆောင်ထားသည့် ကတုံးများကိုပင် မော်၍ ဖူးထားနေကြဆဲမို့ အလွန် အံ့သြမိပါသည်။

No comments:

Post a Comment