New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 17, 2013

မင်းလှမြို့နယ်အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်ရေး သွေးတိုး စမ်း ခြိမ်းခြောက်



ဥပဒေအရ အကာ အကွယ်ပေးရမည့် အစား တာကွေ့ရွာအုပ်ချုပ်ရေးမှုးက ခြိမ်းခြောက်စကားပြော ယခုရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်ရေးသွေးတိုး စမ်းမှုများ ထပ် မံဖြစ်ပေါ်လာ

ဧပြီ ၁၇ ပိာန်းအောင်
မင်းလှမြို့နယ် လက်ပံရေကျော်ကျေးရွာအုပ်စု တာကွေ့ရွာတွင် ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာ ၀င်များပိုင်စာသင်ကျောင်းအား ဘေးဘက် ယာယီ အမိုးအကာများ ပြန်ုလည် တပ်ဆင်ခြင်းကို ဒေသခံ အချို့ မကျေနပ်ပာုဆိုကာ ရွာအုပ်ချုပ်ရေးမှုး ဦးမောင်ဝင်းက “အခုမဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေစုနေပြီ” ပာု ဒေသခံ အစ္စလာမ်ဘာသာဝင်များအား ယခု လ ၁၃ ရက်နေ့ တွင်ခြိမ်းခြောက်ပြောကြား သဖြင့် ပြန်လည်ဖျက်သိမ်းပေးခဲ့ရကြောင်းသိရသည်။
“အခု မဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေ စုနေပြီ၊ ငါတို့ သတင်းရထားတယ် လို့ ဦးမောင်ဝင်း ကလာပြောတာပါ။သူနဲ့ အတူ ဆယ်အိမ်မှုး ဦးစိန်သောင်းလည်း ပါ တယ်။အရင်လတုန်းက အကြမ်းဖက် တဲ့ အထဲမှာပါတဲ့ ခေါင်းဆောင်ပိုင်းတချို့က ညနေ ၄ နာလောက်မှာ ကျောင်းရှေ့ကိုလာတယ်။ ည ၆ နာရီလောက်ကျတော့ ဦးမောင်ဝင်းတို့က အဲ သလို လာပြောတော့ တာပဲ”ပာု ဒေသခံမွတ်စလင်မ် တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
အကြမ်းဖက်ရာတွင် အဓိကခေါင်းဆောင်ပိုင်း အချို့မှာ မင်းလှ မြေစာရင်းဦးစီးဌာနမှ စာရေး ဇာနည်ကျော် ထိုက်၊ ဗောဒိကုန်းရွာနေ ရခိုင်လူမျိုး ဦးဘဖေ၊ ရေကျော် အရှေ့ပိုင်းနေ ဦးဖိုးကျပ် (ခ) ဦးသန်းမြင့်၊ ဦးသန်းသန်းအောင်နှင့် ဇနီး ပြုံးပြုံးသီ၊ နှမ်းကုန်းကျေးရွာနေ ဦးအုန်းငွေ စသည့် ဘာသာရေး အစွန်းရောက် ဂိုဏ်းဝင်များဖြစ်ကြောင်းသိရသည်။
“မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တုန်းက ဦးဘဖေ က အဆိုးဆုံးပါပဲ။အစပိုင်းမှာ ဦးဇင်းတွေ ၀င်ထိန်းလို့ အေး သွားတော့ မလိုဖြစ်နေတဲ့လူအုပ်ကို သူက ဆိုင်ကယ်နဲ့ လိုက် ပတ်ပြီး အော်အော်ပြီး လှုံ့ဆော်တာပါ “ပာုလည်း အထက်ပါဒေသခံကပင်ဆက်လက်ပြောကြားသည်။
တာကွေ့ရွာရှိ အထက်ပါ အစ္စလာမ်ဘာသာရေး အဆောက်အအုံသည်သည် မတ်လ ၂၄ ရက်ည၉း၃၀ အချိန်မှ စတင်ကာ ၉၆၉ ဂိုဏ်းဝင်များ၏အကြမ်းဖက်တိုက်ခိုက်မှုတွင် အကာအကွယ် မဲ့ဖျက်ဆီးခံခဲ့ရပြီး အမိုး အကာများ၊ဘေးဘက် နံရံများ၊ ၀ိုသူပောာက်စ်(အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရန် အတွက် ခန္ဒာကိုယ်ကိုသန့်စင်ဆေးကြောသည့် နေရာ)အပါအ၀င် အခြားသော အကြမ်းဖက် ဖျက်ဆီးခံရမှုများစွာ ရှိခဲ့သည်။ အကြမ်းဖက်အုပ်စုများသည်ကျောင်းဝင်းအတွင်းရှိ အုန်းပင်ကိုပါ ခုတ်လှဲကာ ကျောင်းအဆောက် အဦးအပေါ် သို့လှဲချခဲ့ကြေင်းလည်း မျက်မြင် သက်သေများ၏ ပြောကြားချက် အရသိရသည်။
အကြမ်းဖက်သမားများကို အရေးယူမှုမရှိသဖြင့် ယခုရက်ပိုင်းအတွင်း သွေးတိုးစမ်းဆောင် ရွက်ချက်များ ရှိ လာကြောင်းလည်းသိရသည်။ဧပြီ ၁၅ ရက်ညပိုင်းတွင် လျှမ်းလျှမ်းတောက် အခွေ အဌားဆိုင် မှ လူတစ်စုက ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဘက်သို့ ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်တိုင်တိုင် လောက်လေးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“မင်းလှ မြေစာရင်းရုံးက စာရေး ဇာနည်ကျော်ထိုက်ဖွင့်ထားတဲ့ အခွေဌားဆိုင်က လူတွေပြစ်တာပါ။ သူ့ဆိုင်က လူစုံတယ်လေ။အကြမ်းဖက်တဲ့ ညတုန်းကလည်းသူ့ဆိုင်မှာ တစ်စုစုပြီး စထွက် တာ ပါ။သူ့ဆိုင်နဲ့ကျောင်းနဲ့က ကိုက် ၁၀၀ လောက်ပဲဝေးတယ်”ပာုတာကွေ့ကျေးရွာသားတစ်ဦးကပြောသည်။
အုတ်ဖိုမြို့နယ် သရက်ကုန်းကျေးရွာနေ ဦးမဲကြီးနှင့် ဒေါ်တင်ဝင်း သား စိန်ဝင်း (ပါ၃ဦး)က လည်း ဧပြီ ၁၆ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များအား ဆဲဆိုမှု ၂ ကြိမ်ကို နေ့လည် ၂ နာရီ တွင် လမ်းမပေါ်တွင် ပထမ အကြိမ်၊ ည ၆ နာရီတွင် အစ္စလာမ်ဘာသာဝင် ကိုကျော်တင့် ပိုင်ခြံဝင်း အတွင်းသို့ ၀င်ရောက်ကာ ဒုတိယ အကြိမ် ရမ်းကားခဲ့သော်လည်း အရေးယူခြင်း မခံခဲ့ ရကြောင်း ဒေသခံ မွတ်စလင်တစ်ဦး ၏ပြောကြားချက် အရသိရသည်။

No comments:

Post a Comment