New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, April 29, 2013

ILO နှင့် အလုပ်သမား သမဂ္ဂများ ဆွေးနွေးပွဲ ကျင်းပ


  
 
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) နှင့် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမား သမဂ္ဂ အဖွဲ့များ ရန်ကုန်မြို့၌ ၂ ရက်ကြာ ဆွေးနွေးပွဲ တရပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့ စတင်သည့် ယင်းဆွေးနွေးပွဲ၌ ဂျနီဗာ အလုပ်သမား ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်ရွေးချယ်ရန်၊ ခုံသမာဓိ ကောင်စီ၊ ILO ၏ အကြံပေး အတိုင်ပင်ခံ အဖွဲ့ စသည်တို့ကို ပြန် လည် စိစစ် ဖွဲ့စည်းရန် ရှိကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိ မှတ်ပုံတင်ကျပြီးသား အလုပ်သမား သမဂ္ဂ အဖွဲ့ ၅၀၀ ခန့်ရှိကြောင်း၊ မြို့နယ်အဆင့် အလုပ်သမား သမဂ္ဂ ၆ ဖွဲ့နှင့် သဘောင်္သား သမဂ္ဂ အဖွဲ့ချုပ် ၁ ဖွဲ့ ရှိကြောင်း သိရသည်။

No comments:

Post a Comment