New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 16, 2013

အိမ်ဖြူတော်သမိုင်း

အိမ်ဖြူတော်
Sunday, April 14, 201 အိမ်ဖြူတော်လို့ဆိုတာနဲ့ လူတိုင်းက အမေရိကန်သမ္မတွေကို ပြေးမြင်တဲ့အထိ လူသိ များ လှပါတယ်… အဲ့ဒီ အိမ်ဖြူတော်ကို ဘယ်သူမှ အရောင်းအဝယ်မလုပ်ပေမဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ online လုပ် ငန်းကြီးဖြစ် တဲ့ Zillow.com က ခန့်မှန်းတာကတော့ အိမ်ဖြူတော်ရဲ့တန်ဖိုးဟာ အမေရိ ကန်ဒေါ်လာ   287189701 ရှိမယ် လို့ဆိုပါတယ်…

သမိုင်းဝင်နေရာကြီးတစ်ခုဖြစ်တဲ့အိမ်ဖြူတော်မှာအဆင်တန်ဆာတွေအများအပြားပါရှိပါတယ်… အဆောက် အဦရဲ့ ကြမ်းခင်းဧရိယာစုစုပေါင်းဟာ (အထပ် ၆ ထပ်အတွက်) 55000 စတုရန်းပေရှိပြီး အခန်းပေါင်း ၁၃၂ ခန်းဖွဲ့ထားပါတယ်… အိပ်ခန်း ၁၆ ခန်း၊ သန့်စင်ခန်း ၃၅ ခန်း ပါဝင်ပြီး ခြံဝန်းအကျယ်က ၁၈ ဧကကျယ် ဝန်း

ပါတယ်… တံခါးပေါင်း ၄၁၂ ပေါက်၊ ပြတင်းပေါက်ပေါင်း ၁၄၇ ပေါက်၊ မီးလင်းဖိုပေါင်း ၂၈ ခု၊ လှေခါးအိမ် ၈ ခုနဲ့ ဓာတ်လှေခါး ၃ ခုတို့ပါဝင်ပါတယ်…
သမိုင်းတစ်လျှောက်မှာ အိမ်ဖြူတော်ကို သမ္မတနန်းတော်၊ သမ္မတအိမ်တော်နိုင်ငံတော်အိမ်တော် စသဖြင့် အမည်အမျိုးမျိုးတွင်ခဲ့ပြီး သမ္မတ သီရိုဒိုရုဇ်ဗဲ့ရဲ့ လက်ထက် 1901 ခုနှစ်ရောက်မှ အိမ်ဖြူတော်လို့ တရား ဝင်နာမည်ပေးခဲ့တာဖြစ်ပါတယ်…
အိမ်ဖြူတော်ရဲ့ စားဖိုဆောင်ဟာ ဧည့်သည်ပေါင်း ၁၄၀ ဦးကို တည်ခင်းဧည့်ခံနိုင်ပြီး အဆာပြေအစာနဲ့ဆိုရင် အယောက် ၁၀၀၀ ကျော် ဧည့်ခံနိုင်ပါတယ်… အိမ်ဖြူတော်ရဲ့ အပြင်ဘက် မျက်နှာပြင်   အကုန်လုံး ကို ဆေးသုတ်ဖို့အတွက်ဆိုရင် သုတ်ဆေး ၅၇၀ ဂါလံလိုပါလိမ့်မယ်…
အိမ်ဖြူတော်အကြောင်းကို ဒီနေရာတွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်…

No comments:

Post a Comment