New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

“အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ”

 


“တလောကရန်ကုန်တိုင်းသာသနာရေးမှုးဦးအောင်ကြည် ကတရားဝင်ဗလီဆိုပြီးဆောက် ခွင့်ပေးထား တာမရှိဘူးဆိုပြီးပြောသွားတာကြားလိုက်ရပါတယ်။ဒါနဲ့သာသနာရောင်ဝါထွန်းစေဖို.ဆိုတဲ့စာအုပ်ကိုကြည့်လိုက်ပါတယ်။စာအုပ်ရဲ.အမှာစာကိုန-ဝ-တ အတွင်းရေးမှုး (၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေးအထူးအဖွဲ.မှူးနှင့်စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကရေးသားထားပြီး “ဘာသာအယူဝါဒသည်လူသတ္တဝါများကိုယဉ်ကျေးသီမ်မွေ.အောင်ဆုံးမရာတွင်စွမ်းအားမြင့်မားသောအင်အားကြီးတရပ်ဖြစ်ပေသည်”ဟုအမှာစကားပါးထားပါတယ်။ဒီစာအုပ်ထဲကအရေးကြီးတဲ့အချက် လေးချက်လောက်ကိုတော့ပြောချင်ပါတယ်။နံပါတ် (၁)အစ္စလာမ်ဘာသာမြန်မာနိုင်ငံကိုရောက်လာတာနှစ်ပေါင်း ၁၂၀၀ ခန့်ရှိပြီဆိုတဲ့အချက်၊ (၂)ရခိုင်မှာ ကမန်မွတ်စလင်တွေအပြင် တိုင်းရင်းသားဖြစ်တဲ့အစ္စလာမ်ဘာသာဝင် ရခိုင်တွေရှိခဲ့တယ် ဆိုတဲ့အချက်၊(၃) တိုင်းရင်းသားအစ္စလာမ်ဘာ သာဝင်တွေကိုဟဂ်ျသွားခွင့်ပြု ခဲ့တဲ့ဆိုတဲ့အချက်နဲ.(၄) ဗလီတွေပြန်လည် မွန်းမံဆောက်လုပ်ခြင်း ဝင်းထရံကာခြင်း အသစ်တိုးချဲ.ဆောက် လုပ်ခြင်းတွေကိုသက်ဆိုင် ရာအာဏာ ပိုင်များ၏စီစစ်ခွင့်ပြုချက်နှင့်သာဆောင်ရွက်ခဲ့ခြင်းဆိုတာကိုတွေ.ရပါတယ်။ဒီစာအုပ်က န-ဝ-တ ခေတ်
၁၉၉ရ မတ်လ ထုတ်ပါ။ထုတ်ဝေတာက ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည်နေရာချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် ကတာဝန်ခံ ထုတ်ဝေတာဖြစ်ပါ တယ်။ပြောရရင် န-အ-ဖ အစိုးရကထုတ်တာပါ။အဲဒီစာအုပ်ထဲက အစ္စလာမ်ဘာသာနှင့်မြန် မာနိုင်ငံဆိုတဲ့ အကြောင်းကိုတင်ပြချင်ပါတယ်။ကောက်နုတ်ဖော်ပြချက်သာဖြစ်ပါတယ်။အပြည့်အစုံကိုတော့စာအုပ်ကိုရှာဖွေဖတ်ရှုစေချင်ပါတယ်။

“အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ”
အစ္စလာမ်ဘာသာသည်မြန်မာနိင်ငံသို့လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက် ၎င်း၊တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။သမိုင်းအထောက်အထားများ အရအစ္စလာမ် ဘာသာမြန်မာနိုင်ငံသို.စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို.လာရောက်သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင်သင်္ဘောများစွာပျက် ခဲ့ပြီး အစ္စလာမ်ဘာသာဝင်သင်္ဘောသားများအားရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများ တွင်အတည် တကျနေရာ ချထားပေးခဲ့ကြောင်းတို့အပြင် အခြားအထောက် အထားတွေကိုပါဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ကမန်မွတ်စလင်တို့အပြင်စစ်တွေမြို.အရှေ.ပိုင်းဒေသများ၊ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် “တိုင်းရင်းသားများဖြစ်ကြသော” အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များအနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန် လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင်ရေးကူးသောစစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေးခဲ့ကြောင်းရေးသားထားသည်။နေရာ ၁၂ နေရာမှာ ၁။တောင်ငူ ၂။ရမည်းသင်း ၃။ညောင်ရမ်း ၄။ယင်းတော် ၅။မိတ္ထီလာ ၆။ပင်းတလဲ ရ။တဘက်ဆွဲ ၈။ဘောမိ ၉။သာစည် ၁၀။စည်ပုတ္တရာ ၁၁။မြေဒူး ၁၂။ဒီပဲယင်း တို့ဖြစ်ကြောင်း ၁၉၉၃ ခု ကောက်ယူသောသန်းခေါင်စာရင်းအရ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁၆၂၀၂၃၃ ဦးရှိပြီး လူဦးရေ၏ ၃.ရ၉ % ရှိကြောင်းဖော်ပြ ထားသည်။ဆက်လက်ဖော်ပြထားရာတွင် “တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို.၏ “သာသနာ့ တာဝန်တရပ်ဖြစ်သော မက္ကာမြို.သို.ဟဂ်ျဘုရားဖူးသွားရောက်ခြင်းကို ၁၉၆၀ တွင် ၂၈၉ ဦး၊၁၉၆၁ တွင် ၄၉၄ ဦး၊၁၉၆၂ တွင်၁၀၂ ဦးတို့အားသွားရောက်ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင်နိုင်ငံခြားငွေအခက် အခဲကြောင့် ဟဂ်ျဘုရားဖူးသွားခြင်းကိုပိတ်ပင်ခဲ့ပါသည်။
ယနေ့အခြေအနေ
အစ္စလာမ်ဘာသာရေးကိစ္စများအတွက်သာသနာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော အစ္စ လာမ် ဘာသာရေးအဖွဲ.ကြီး ငါးဖွဲ.ရှိပြီး၎င်းတို.မှာ ၁။အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ၂။အို လမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ.ချုပ် ၃။မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ.ချုပ် ၄။မြန် မာနိုင် ငံလုံးဆိုင်ရာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ. ၅။မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ.ချုပ် တို့ဖြစ်သည်။ အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက်နိုင်ငံတော်ကနှစ်စဉ်ကျပ်တစ်သိန်းထောက်ပံ့ထားပြီး ဗလီများပြန် လည်ပြုပြင်မွန်းမံတည်ဆောက်ခြင်းနှင့်ဝင်းထရံကာရံခြင်း၊အသစ်တိုးချဲ.ဆောက်လုပ်ရေးအတွက် သဘော ထားများစီစစ်ပြန်ကြားဆောင်ရွက်ပေးခြင်း၊ဆောက်လုပ်ရေးပစ္စည်းများဝယ်ယူခွင့်ရရှိရေး အတွက်ဆောင်ရွက်ပေးခြင်းတို.ကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။ဘာသာေ၇းဆိုင်ရာစာပေများ ထုတ်ဝေခြင်းကိုစီစစ်ခွင့်ပြုခြင်း၊ပြည်ပမှအခမဲ့ပေးပို.လှုဒါန်းသော ဘာသာရေးစာအုပ်များ၊မွတ်စလင်ကုသိုလ်ဖြစ်ဆေး ရုံအတွက်ဆေးရုံသုံးပစ္စည်းများ၊လူနာတင်ယဉ်များတင်သွင်းခွင့်ရရိရေးအတွက်စီစစ်တင်သွင်းခွင့်ပြုလျက်ရှိပါသည်။
၁၉၉ရ မတ်လ နိုင်ငံတောငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှထုတ်ဝေသော သာသနာရောင် ဝါထွန်းစေဖို. စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment