New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 16, 2013

မပြီးဆုံး နိုင်သော လက်ဗွေ ပုံပြင်


ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ နယ်မြေ (၉)တွင် နစကမှူး ဗိုလ်ကြီး ၀င်းလှိုင်ဦး အမှူး ပြုသော ကွန်ပျူတာတွင် လက်ဗွေနှိပ်ယူခြင်း လုပ်ငန်းကိစ္စကို ယခုလဆန်းမှ စတင်၍ ပြန် လည် လှုပ်ရှား လာရာ၊ နယ်မြေ (၉)တွင် နေထိုင်ကြသော ပြည်သူများက ၎င်းတို့ တစ်ဖန် လိမ်လည်ခံရမည်ကို စိုးရိမ်၍ လက်ဗွေ မနှိပ်ပေးပဲ ရှောင်နေသည်မှာ တစ်ပတ်ခန့် ရှိနေပါပြီ။
ယမန်နေ့ (ဧပြီလ ၁၀ ရက်) ကလည်း နစကမှူးသည် ယင်းမ၊ ပေါက်တောပြင်၊ ငရန်းချောင်း၊ ကျီးနှုတ် သီး၊ မောင်နှမ စသည့် နယ်မြေ (၉) အပိုင် ရွာများမှ ရပ်မိ ရပ်ဖ ၅၀ ဦးကို ခေါ် ယူ တွေ့ ဆုံပြီး၊ ကွန်ပျူတာ လက်ဗွေနှိပ် ယူခြင်းကို အကောင်အထည် ဖော်ကိုဖော်ရမည် ဖြစ်ကြောင်းကို စည်းဝေး ပြောဆို
ခဲ့ကြောင်း ရွာသား များမှ သတင်း ရရှိ ပါသည်။ ထိုသို့ လက်ဗွေနှိပ် ပေးရာတွင် လူမျိုး နေရာတွင် မည်သည့် လူမျိုး ဟူ၍ ရေးပေးမည် မဟုတ်ကြောင်း အစိုးရမှ လူမျိုး နာမည် သတ်မှတ် ပြီးမှသာ လူမျိုး နာမည်ကို ထည့်ပေး မည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း၊ နယ်မြေ (၉) အတွင်းရှိ ပြည်သူလူထုများထံမှ လက်ဗွေကို ရက်ပေါင်း ၁၀၀၀ အတွင်း အပြီး ကောက်ခံရမည် ဖြစ်ကြောင်း၊ အထက် အမိန့်အရဟု   ပြောနေသော်လည်း၊ အထက်က ညွှန်ကြားထားသော မည်သည့် စာရွက် စာတမ်းမျှ မပြခဲ့ကြောင်း သတင်းရရှိပါသည်။ ပြည်သူ လူထု (ရိုဟင်ဂျာ)များမှာ အလိမ်ခံရမည်ကို အထူးစိုး ရိမ်ပြီး၊ လက်ဗွေ မနှိပ်ပေး ရအောင် ရှောင်ပြေးနေသော်လည်း၊ ယခု အတင်းအဓမ္မ ပြုလုပ်နေသဖြင့်   ရှောင်တိမ်း မရ ဖြစ်နေ သဖြင့် အထူး စိုးရိမ် ပူပန်နေကြသည်။
ရိုဟင်ဂျာများသည် အစိုးရမှ မိမိတို့၏ မူရင်း နာမည် ရိုဟင်ဂျာ ပြန်လည် သတ်မှတ်ပေးပြီး၊ လူမျိုးနေရာတွင် ရိုဟင်ဂျာဟု ရေးသွင်းမှသာ လက်ဗွေနှိပ်ပေးလိုကြောင်း၊ သို့မဟုတ်ပါက ကွယ်ရာ တွင် ဘင်္ဂလီဟု လိမ်လည် ရေးသွင်းပေးမည်ကို စိုးရိမ်နေကြောင်း၊ စစ်အစိုးရ ခေတ်အဆက်ဆက်တွင်လည်း ရခိုင်လူမျိုး လ၀ကများက ထိုကဲ့သို့ လိမ်လည်မှု မျိုးစုံ ပြုလုပ် ကာ နောက်ဆုံး တွင် ခိုးဝင်ဘင်္ဂလီများဟု စွပ်စွဲလာကြသည်ကို သာဓကများရှိနေကြောင်း ရွာသားများမှ ပြောကြားကြသည်။
အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာများသည် ရှေးနှစ်ပေါင်းများစွာ ကတည်းက ယခု ရခိုင်ပြည်နယ် ဟု ခေါ်တွင်သော ရှေးခေတ် အာရ်ကန် ပြည်တွင် ဘိုးစဉ် ဘောင်ဆက် အတည် တကျ နေထိုင် လာခဲ့ကြသူများဖြစ်ပြီး၊ အာရ်ကန်ပြည်၏ မူလဘူတ တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပါတီစုံ ဒီမိုကရေစီခေတ်တွင် ရိုဟင်ဂျာဟူသော နာမည်ဖြင့် တိုင်းရင်းသား ၁၄၄ မျိုးတွင် ပါဝင်ပြီး၊ တိုင်းရင်းသား အခွင့်အရေးများ အပြည့်အ၀ ရရှိခဲ့သော်လည်း၊ ဗိုလ်ချုပ်နေ၀င်း၏ အာဏာသိမ်း   တော်လှန်ရေး အစိုးရ တက် လာပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာတို့၏ တိုင်းရင်းသား အခွင့်အရေးများ သာမက နိုင်ငံသား အခွင့်အရေးများပါ တဖြည်းဖြည်း ပိတ်ပင် တားဆီးလာရာ ယခုအခါ ရိုဟင်ဂျာများအား ခိုးဝင် လာသော ဘင်္ဂလီ များအဖြစ် ရုပ်လုံးဖေါ်လာကြသည်။
စစ်အစိုးရ ခေတ်အဆက်ဆက်တွင် ရိုဟင်ဂျာများအား စစ်ဆင်ရေး အကြိမ်ကြိမ် ပြုလုပ်ကာ လ၀ကများက ၎င်းတို့ ကိုယ်တိုင် ရေးသားဖြည့်စွက်ထားသော စာရွက်များတွင် လိမ်လည် လက်မှတ် ထိုးခိုင်းခြင်း၊ လက်ဗွေနှိပ်ခိုင်းခြင်းများ ပြုလုပ်ကာ လူမျိုးနေရာတွင် ရိုဟင်ဂျာအစား ဘင်္ဂလီဟု ရေးသားမှတ် တမ်းတင် ထားခဲ့ကြသည်။ ရိုဟင်ဂျာတို့၏ သန်းခေါင်စာရင်းများ ကို ခြောက် လတစ်ကြိမ် လဲလှယ်ပေးပြီး၊ လဲပေးရာတွင် လည်း လူမျိုးနေရာတွင် လ၀ကများစိတ်ကြိုက် ဘင်္ဂလီဟုသာ ရေးသွင်းခဲ့ကြသည်။ ရိုဟင်ဂျာများက မိမိတို့ကိုယ်မိမိတို့ ရိုဟင်ဂျာ ဟု ပြောဆိုခဲ့သော်လည်း ရခိုင်လူမျိုး လ၀ကများက ၎င်းတို့ စိတ်ကြိုက် သာ ဘင်္ဂလီဟု ရေးသားပေးခဲ့ကြသည်။ ဘင်္ဂလီဟု မရေးသားပါက သန်းခေါင်စာရင်း ထုတ်မပေးဘဲ ထားခဲ့သော ရိုဟင်ဂျာများ မြောက်မြားစွာရှိသည်။
ယခု ပြည်ထောင်စု မြန်မာနိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ ဦးတည်   လျှောက် လှမ်းနေသောကာလတွင်လည်း ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရာပါ လူသားအခွင့် အရေး၊ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများကို ခံစားလိုသဖြင့် လူမျိုးနေရာတွင် မိမိတို့၏ ရိုဟင်ဂျာဆိုသော လူမျိုးနာမည်ကို ထည့်သွင်းရေးသား လိုကြ သည်။ သို့မဟုတ်ပါက အစိုးရ ခေတ်အဆက်ဆက်ကကဲ့သို့ ၎င်းတို့ စိတ်တိုင်းကျ ချယ်လှယ်ကာ ခိုးဝင်လာသော ဘင်္ဂလီများအဖြစ် လိမ်လည် မှတ်တမ်းတင်မည်ကို အလွန်တရာ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
မေယုတာရာ | RB News

No comments:

Post a Comment