New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 16, 2013

DNA ဖွဲ့စည်းမှုကို ဖော်ထုတ်နိုင်ခဲ့သူ သိပ္ပံပညာရှင် ဖရန်စစ်ခရခ်၏ လက်ရေးစာမူအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်

DNA ဖွဲ့စည်းမှုကို ဖော်ထုတ်နိုင်ခဲ့သူ သိပ္ပံပညာရှင် ဖရန်စစ်ခရခ်၏ လက်ရေးစာမူအား အမည် မဖော် လိုသူတစ်ဦးက ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူ

လန်ဒန် ဧပြီ  ၁၁
DNA ဖွဲ့စည်းမှုကို ဖော်ထုတ်နိုင်ခဲ့သူ သိပ္ပံပညာရှင် ဖရန်စစ်ခရခ်၏ လက်ရေးစာမူအား အမည်မဖော် လိုသူတစ်ဦးက ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူ
DNA မော်လီကျူး၏ ဖွဲ့စည်းမှုနှင့် ၎င်း၏ အရေးပါပုံကို ဖော်ထုတ် နိုင်ခဲ့သူ နိုဘယ်ဆုရ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ်ခရခ်၏ စာမျက်နှာ ခုနစ်မျက်နှာ ပါသော   လက်ရေးစာမူတစ်စောင်     ကို Christie   လေ လံပွဲ တွင် အမည် မဖော်လိုသူတစ်ဦးက ဧပြီ ၁ဝ ရက် တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့်
ဝယ်ယူခဲ့သည်ဟု သိရသည်။
အဆိုပါ လက်ရေးစာမူသည် ဖရန်စစ်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဂျိမ်းစ်ဝက်စ် တန်တို့သည်  အလွန် အရေးကြီး သည့် ရှာဖွေတွေ့ရှိမှုတစ် ခုကို တွေ့ရှိခဲ့ဟန် ရှိသည်ဟူ၍ ၁၂ နှစ်အရွယ် သားငယ် မိုင်ကယ်ထံ သို့ ရေးသားရှင်းပြထားသည့် စာ တစ်စောင်ဖြစ်သည်။
ဖရန်စစ်နှင့် ဂျိမ်းစ်ဝက်စ်တန် တို့သည် DNA မော်လီကျူး၏ ဖွဲ့စည်းမှုကို ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူထံသို့ လက် ရေးစာစောင် ပေးပို့ခဲ့သည့် အချိန်မှာ ၁၉၅၃ ခုနှစ် မတ် ၁၉ ရက်က ဖြစ်သည်ဟု သိရသည်။
စာမျက်နှာ ခုနစ်မျက်နှာရှိသော ဖရန်စစ်၏ လက်ရေးစာမူ၏ တတိယ စာမျက်နှာတွင် DNA မော်လီ ကျူး၏ နှစ်ထပ်ကြောင်လိမ် ခွေပုံစံကို ရေးဆွဲထားသည့် ပုံကြမ်းလည်း ပါဝင်သည်ဟု သိရသည်။
Christie လေလံပွဲတွင် ခရခ်၏မှတ် စုစာအုပ်များ၊ ခရခ်အတွက် DNA ပုံစံကို ရေးဆွဲပေး ခဲ့သည့် ဇနီးသည်၏ ပုံဆွဲစာအုပ်လည်း ပါဝင်သည်ဟု သိရသည်။
ထို့အပြင် ၁၉၆၂ ခုနှစ်တွင် ဝက်စ်တန် နှင့် မော်ရိုက်စ် ဝဲလ်ကင်တို့နှင့် အတူရရှိ ခဲ့သည့် ၂၃ ကာရက် ရှိသော နိုဘယ် ရွှေတံဆိပ်ကိုလည်း Heritage လေလံပွဲ၌ ဆက်လက် ရောင်းချ သွားမည်ဟု သိရသည်။

No comments:

Post a Comment