New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 16, 2013

မောင်တော မြို့တွင် ရိုဟင်ဂျာ အိမ်တစ်လုံး မီးရှို့ခံရ


 
မောင်တောမြို့နယ် တောင်ပိုင်း ဒုချီရာတန်း (ဂေါဒူ ဆာရာ) ကျေးရွာရှိ ရိုဟင်ဂျာ လူမျိုးပိုင် နေအိမ် တစ်လုံးကို ယမန်နေ့ ည ၉ နာရီခွဲ တွင် မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီရာတန်း ကျေးရွာရှိ ဦးဂုရာမျာ၏နေအိမ်မှာ နတလ ရခိုင်ရွာနှင့် အလွန် နီးကပ်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ရခိုင်လူမျိုး ဦးရဲအောင်မှ အဆိုပါ အိမ်ကို ဖျက်ပေး ရန် အိမ်ရှင်အားအကြိမ် ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော်လည်း ပိုင်ရှင်ဖြစ်သူ ဦးဂုရာမျာမှာ အဆိုပါအိမ်တွင် မိသားစုဖြင့် နှစ်ပေါင်းများ စွာ နေထိုင် လာခဲ့သဖြင့် ဖျက်မပေးနိုင်ကြောင်း ပြော၍နေခဲ့သည်။
လွန်ခဲ့သည့်နှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဦးဂုရာမျာသည် ညဘက် အန္တရာယ် ကို ကြောက်ရွှံ့၍ မိသားစုနှင့်အတူ နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် အိပ်လေ့
ရှိကြောင်း သိရသည်။
ယမန်နေ့ ည ၉ နာရီခွဲတွင် မီးရှို့ခံရခြင်းနှင့် ပတ်သက်၍ “ည ၉ နာရီခွဲလောက်မှာ နတလ ရခိုင်ရွာက ရခိုင်လူမျိုး ၈ ယောက် လာပြီး မီးရှို့သွားတာပါ။ မီးရှို့တဲ့အချိန်မှာ အိမ်ရှင်ဖြစ်တဲ့ ဦးဂုရာမျာနဲ့ မိသားစု ရှိနေတယ်။ သူတို့ မိသားစု အသက်ကိုလုပြီး တော်တော်လေး ပြေးလိုက်ရတယ်။ ကံကောင်း ထောက်မပြီး သူတို့ မိသားစုတော့ ဘာမှမဖြစ်ဘူး။ အိမ်ကတော့ လုံးဝ ပြာကျသွားတယ်။ မီးလာရှို့တဲ့ ၈ ယောက် ကို မြင် လိုက်ရတယ်။ ဘယ်သူတွေလဲဆိုတာတော့ အမှောင်ထဲမှာ သဲသဲ ကွဲကွဲ မမြင် လိုက်ရဘူး။ အခင်းဖြစ်ပြီး တဲ့နောက် နစကတွေရောက် လာတယ်။ သူတို့ ရောက်လာတော့ ကျွန်တော်တို့လည်း အနား ကပ်ခွင့် မရတော့ဘူး။ မီးရှို့တဲ့ ရခိုင် ၈ ယောက် ကတော့ မီးရှို့ပြီး ပြန်သွားကြတယ်။” ဟု မျက်မြင် သက်သေ တစ်ဦး မှ RB News သို့ ပြောပါသည်။
ဤကဲ့သို့ ဖြစ်ပွားမှုများကို နစကများနှင့် အာဏာပိုင်များမှ လာရောက် ကြည့်ရှူ၍ မှတ်တမ်း တင်ရုံသာပြု လုပ်ပြီး အရေးယူ ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ဟု မောင်တောမြို့ ဒေသခံ တစ်ဦး မှ ပြောပါသည်။
RB
အလင်းမျက်ဝန်းမီဒီယာ

No comments:

Post a Comment