New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

ရိုဟင်ဂျာမွတ်စလင်များအား အကြမ်းဖက်လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲ ချက်များထွက်ပေါ်



မြန်မာနိုင်ငံအနောက်ဖက်ပိုင်းရှိ အာရကန် [ရခိုင်] ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက် မှုတွေ အပေါ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ် လာပြီး တဲ့နောက်မှာ ပြည်သူ့အရေခြုံ ဟန်ဆောင်အစိုးရဟာ “လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုတွေ”၊ “လူသားများ အပေါ် ရာဇဝတ်မှုကျုးလွန်မှုတွေ” ပြုလုပ်နေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ နိုင်ငံမဲ့ဖြစ်နေရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြီးကြောင့် မီးရှီု့မှုတွေ၊ လုယက်မှုတွေ၊ သွေးအေးသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ရတဲ့အတွက် အနည်းဆုံး လူ ၂၀၀ ခန့်သေဆုံးခဲ့ရပြီး ၁၂၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ HRW ကတော့ ဒီလို သတ်ဖြတ်မှုတွေလုပ်ဆောင်နေကြတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့ကိုလွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုထားတဲ့ အာဏာပိုင်တွေကို စွပ်စွဲလိုက်ပါတယ်။

ဒီအရေးကိစ္စနဲ့ စပ်နွယ်မှုမရှိတဲ့ လောလောလက်လက် အကြမ်းဖက်မှုတွေ ပြီးခဲ့တဲ့လက ထပ်မံဖြစ်ပွားခဲ့ပြီးနောက်မှာ ရာစုနှစ်တစ်ဝက်လောက် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုပ်မှုမှာ ဖြတ်သန်းလာခဲ့ပြီးမှ အသစ်တဖန်ခေါင်းထောင်လာတဲ့ အစိုးရရဲ့ အရည်အချင်းနဲ့ ဆန္ဒသဘောထားတွေဟာ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီအစီရင်ခံစာ ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) က 'ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု' ပေးတဲ့နေ့နဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ကို ဥရောပ သမဂ္ဂ (European Union) ကဖယ်ရှားလိုက်တဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ ထွက်ပေါ်လာခဲ့တာပါ။

HRW ရဲ့အစီရင်ခံစာအရ ရခိုင်လူအုပ်ကြီးက [၂၀၁၂ ခုနှစ်] ဇွန်လအတွင်းမှာ မွတ်စလင်တွေ ရဲ့ မြို့နယ် လေးခု ကို တိုက်ခိုက်ကြပြီး အောက်တိုဘာလမှာတော့ မြို့နယ် ၉ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။ ရွာတွေကို မီးရှို့၊ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခဲ့ကြပါတယ်။ မြောက်ဦးမြို့နယ်မှာရှိတဲ့ ရန်ထဲ ရွာကို တစ်ရက်အတွင်း ရိုဟင်ဂျာ အယောက် ၇၀ ကို သတ်ဖြတ်ခဲ့ကြတဲ့ အကြောင်းကိုလည်း စာမျက်နှာပေါင်း ၁၅၃ ရွက်ပါရှိတဲ့ ယင်းအစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

“ပထမကတော့ စစ်သားတွေက ‘ဘာမှမလုပ်ကြတဲ့၊ ခင်ဗျားတို့ကို ကာကွယ်ပေးမယ်။ ကျနော်တို့ကယ်မယ်။’ လို့ပြော ကြတော့ ကျနော်တို့လည်း သူတို့ကို ယုံကြည်အားကိုးခဲ့မိတယ်။” ဟု အသက် ၂၅ နှစ်အရွယ် မသေမပြောက် သေ တွင်း ကလွတ်လာသူတစ်ဦးက HRW ကိုပြောပါတယ်။ “နောက်တော့ သူတို့ကတိဖျက်ကြတယ်။ ရခိုင်တွေ ကျနော်တို့လူတွေ ကို အလွယ်တကူ ရိုက်နက်သတ်ဖြတ်ကြတယ်။ လုံခြုံရေးတွေက ကျနော်တို့ကို ဘာ အကာအကွယ်မှ ပေး ခဲ့ဘူး။” ဟုပြောပြပါတယ်။

မြန်မာနိုင်ငံ အနောက်ဖက်ပိုင်းမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေဟာ လူဦးရေအားဖြင့် ၈၀၀၀၀၀ လောက်ရှိပြီး နိုင်ငံ မဲ့ဖြစ်နေ ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မျိုးရိုးစဉ်ဆက်အလိုက်နေ ထိုင်လာခဲ့ကြပေမယ့်လည်း လူမျိုးရေး အစွန်းရောက် ဝါဒီ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေက ပုံဖော်ထားတဲ့ တရားဝင်တိုင်း ရင်းသား လူမျိုးစာရင်း ၁၃၅ ခုထဲမှာမပါဝင် ပါဘူး။

ရိုဟင်ဂျာတွေဟာ ‘ကီလီမီတာ ၃၀၀ လောက်ထိစပ်နေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံက လူတွေဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ ဒေသတွင်းက သယံဇာတတွေကို ခိုးယူသုံးစွဲဖို့အတွက် တရားမဝင်ခိုးဝင်လာသူ ဘန်ဂါလီတွေဖြစ်တယ်’ လို့ မြန်မာအစိုးရက သက်မှတ်ထားပါတယ်။ ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာသွားလာခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကလေးမွေးဖွားခွင့် အစရှိတဲ့ထိန်းချုပ်မှုတွေအပါအဝင် ကန့်သတ်ချုပ်ချယ်မှုပေါင်းမြောက်များစွာ အတွင်းမှာ နေ ထိုင်ကြရပါတယ်။

ဘင်္ဂလာဒေရှ့်ကလည်း သူတို့လူတွေမဟုတ်ဘူးဆိုပြီး ဥပက္ခာပြုထားပါတယ်။ ဒီကြားထဲ ပြဿနာဖန်တီးလိုတဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေကတော့ ရိုဟင်ဂျာတွေက ‘ဗုဒ္ဓဘာသာအမျိုးသမီးတွေကို အဓမ္မကျင့်တယ်’၊ ‘မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာဖြစ်အောင်ေ ပြာင်းလဲနေတယ်’၊ ‘မွတ်စလင်ကလေးတွေ များလာအောင် မိန်းမတွေ အများကြီး ယူကြတယ်’ လို့ လုပ်ကြံဝါဒဖြန့်ကြပါတယ်။

HRW ရဲ့ အာရှရေးရာ လက်ထောက်တာဝန်ခံ ဖေးလ် ရောဘတ်စန် (Phil Robertson) ဟာ “[အာဏာပိုင်တွေ အနေနဲ့] ယနေ့အထိ ကူညီထောက်ပံ့ပေးမှုတွေကို ငြင်းပယ်နေခြင်းအာဖြင့်သော်လည်းကောင်း၊ သွားရေးလာရေးတွေကို ကန့်သတ် ထားခြင်းဖြင့်သော်လည်းကောင်း ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်းသုတ်သင် ရှင်း လင်းရေး လှုပ်ရှားမှုကြီးမှာ” မြန်မာအစိုးရက ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲလိုက်ပါ တယ်။ ပြီး ခဲ့တဲ့ နှစ် ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်းမှ မြန်မာအာဏာပိုင်တွေဟာ ဗလီဝတ်ကျောင်းတော်တွေ ဖျတ်ဆီး ခဲ့တဲ့ အကြောင်း၊ လူစုလူဝေးတွေကို အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့အကြောင်း၊ အိုးအိမ်မဲ့ဖြစ်နေတဲ့ မွတ်စလင်တွေ ကို ထောက် ပံ့ပေးတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့တားဆီးထား တာတဲ့အကြောင်းတွေ ကိုလည်း အစီရင်ခံစာအသစ်မှာ အကျယ်တဝန့်ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ မွတ်စလင်အမျိုးသားသုံးဦးရဲ့ လုပ်ရပ်ကို လက်စားခြေတုန့်ပြန်တဲ့အနေနဲ့ ဘာသာရေးခရီးထွက်လာတဲ့ ဘတ်စ်ကားပေါ်က မွတ်စလင် ၁၀ ဦးကို လူတစ်စုက သတ်ဖြတ်တဲ့ ကိစ္စရပ်တွေက အကြမ်းဖက်မှုကို စတင်စေခဲ့တဲ့ မီးပွားတွေဖြစ်ပါတယ်။ နောက်လတွေမှာတော့ “ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရအာဏာပိုင်တွေစုဝေးကြပြီး လူမျိုးစုအရေးကို ရာသက်ပန်  ပုံစံပြောင်းလဲနိုင်ရေးအတွက်” ရိုဟင်ဂျာတွေကို အစအနဖျောက်ကြဖို့ ကြံစည်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့မှာ နည်းဗြူဟာတွေရှိတယ်။

ဒီလုပ်ရပ်တွေအားလုံးဟာ သေသေခြာခြာ အစီအစဉ်ဆွဲပြီး စနစ်တကျလုပ်ဆောင်ကြတာပါ။” ဟု ရိုဟင်ဂျာ နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ အမျိုးသားလူ့အခါင့်အရေး ဒီမိုကရက်တစ်ပါတီ (National Democratic Party for Human Rights) ရဲ့ ဥက္ကဌ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်မြင့်က ပြောပါတယ်။

အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်း (အန်ဂျီအို) တွေကလည်း ဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေစိုး ရွားနေပြီး  ရောဂါဘယထူထပ်နေကြောင်း၊ မရှိမဲ့ရှိမဲ့ စားနပ် ရိက္ခာတွေလည်း ကုန်ခန်းနေပြီဖြစ်ကြောင်း သတိပေးနေကြ  ပါတယ်။ (မလေးရှားအပါအဝင်) နိုင်ငံရပ်ခြားတွေကို ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေ အသက် စွန့်ပြီး ထွက်ပြေးသွားအောင်လုပ်တဲ့ ကလိန်ကကျစ် လှည့်ကွက်က ပေါ့သေးသေးကိစ္စတော့မဟုတ်လှပါဘူး။

ရိုဟင်ဂျာတွေဟာ ဒေါ်လာ ၃၅၀ နဲ့ညီမျှတဲ့ ငွေကြေးပမာဏကို သူတို့ကို အန္တာရယ်ပြုကြသူတွေထံ လူကုန်ကူခ ပေးပြီး ထွက်ပြေးကြရပါတယ်။ ဇွန်လအကြမ်းဖက်မှုတွေကြောင့် မိသားစုဝင် ရှစ်ဦးဆုံးရှုံးသွားခဲ့ရတဲ့ ဂျာမဏီနိုင်ငံအခြေပြု ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးနေဆန်းလွင်က “ဒီသတ်ဖြတ်မှုတွေရဲ့နောက်ကွယ်မှာ အစိုးရပါ တယ်ဆိုတာ ရာနှုန်းပြည့်သေခြာပါတယ်” လို့ TIME မဂ္ဂဇင်းကိုပြောပြပါတယ်။

“အကယ်လို့ အစိုးရဟာ ဒီလိုအကြမ်းဖက်မှုတွေကို တားဆီးချင်တဲ့ ဆန္ဒရှိရင် ချက်ချင်းတားဆီးလို့ရနိုင်ပါတယ်” လို့သူကပြောပါတယ်။ “သူတို့တွေ ဒီလိုဘဲ ဆက်လုပ်နေကြမယ်ဆိုရင် နောက်ငါးနှစ်အတွင်း မြန်မာပြည်မှာ ရိုဟင်ဂျာ ရှာတွေ့တော့မှာမဟုတ်ဘူး။” လို့လည်း ဆက်လက်ရှင်းပြပါတယ်။

ရိုဟင်ဂျာတွေကိုကူညီကြတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေကလည်း ချိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် နယ်စည်းမခြားဆရာဝန် များအဖွဲ့ (Doctors Without Borders MSF) နှစ်ဖွဲ့လုံးရဲ့ ဝန်းထမ်းတွေက ပြီးခဲ့တဲ့ နှစ်အတွင်း အာရကန်ပြည်နယ်မှာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းခံခဲ့ရပါတယ်။

MSF ရဲ့ အထွေထွေညွန်ကြားရေးမှူး အားဂျန် ဟီဟန်းခမ်ပ် (Arjan Hehenkamp) ကလည်း ဖေဖော်ဝါရီလ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် သူ့အဖွဲ့ဟာ ရိုဟင်ဂျာ စခန်းတွေမှာ ကူညီလုပ်ဆောင်ရကောင်း လားဆိုပြီး ရခိုင်တွေရဲ့ ကြိမ်းမောင်းမှုတွေကို ခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

“လက်ကမ်းစာတွေ၊ စာစောင်တွေ၊ ဖောစ့်ဘွုတ် စာမျက်နှာတွေအပေါ်မှာ MSF နဲ့ အခြားအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို အားပေးအားမြှောက်လုပ်နေကြတယ်လို့ အချို့ရခိုင်တွေက အစဉ်တစိုက်ဝေဖန်ပြောဆိုနေကြပါတယ်။

ဒုက္ခသည်စခန်းတွေကို တရားဝင် ဝင်ခွင့်မပြုဘဲ ဒီလို စွပ်စွဲချက်တင်နေတာတွေကတော့ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲဖြစ်ပါ တယ်” လို့ သူ့ရဲ့ ထုန်ပြန်ကြေညာချက်တစ်ခုဖော်ပြထားပါတယ်။

ပိုမိုစိုးရွားလာတဲ့ ဒီအကြမ်းဖက်မှုတွေက ရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာဘဲ ဦးတည်လုပ်ဆောင်နေတာ မဟုတ်တော့ ပါဘူး။ အရင်နှစ်က အကြမ်းဖက်မှုတွေမှာလည်း သီးခြားမွတ်စလင် လူမျိုးစု တစ်စုဖြစ်တဲ့ ကမန်လူမျိုးတွေကိုလည်း ဦးတည်တိုက်ခိုက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့လမှာလည်း အကြမ်းဖက်မှုလှိုင်းလုံးကြီးဟာ ရန်ကုန်မြို့ မြောက်ဖက် ကီလိုမီတာ ၅၀၀ လောက်မှာတည်ရှိတဲ့ မိထ္တီလာမြို့ကို ရိုက်ခပ်ခဲ့ပါတယ်။ မပြောပလောက်တဲ့ မွတ်စလင်ပိုင်ရွှေဆိုင်မှာ အငြင်းပွားမှု ဖြစ်ပွားရာကစခဲ့ပြီး လူ ၄၃ ဦးနဲ့ အနည်းဆုံး အိမ်ခြေ ၈၀၀၊ ဗလီ ၅ ဆောင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ လူ ၁၂၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး ဒုက္ခသည်နေရာချထားရေးစခန်းတွေထဲ ရောက်ကုန်ပါတယ်။

ဒီအကြမ်းဖက်မှုက ရိုဟင်ဂျာတွေနေထိုင်ရာ ဒေသမဟုတ်တဲ့ အခြား မြို့နယ် ၁၁ ခု ကိုလည်း ပြန့်နှံ့ခဲ့ပါတယ်။ မွတ်စလင် ပိုင်အဆောက်အဦးတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖျက်ဆီးနေတာတွေ၊ သင်္ဃန်းခြုံထားတဲ့ ဘုန်းကြီးတွေက လူသတ်နေတာတွေ ကို အသုံးမကျတဲ့ မြန်မာ့ရဲအရာရှိတွေ ရပ်ကြည့်နေတဲ့ ဗီဒီယိုမှတ်တမ်းကို BBC က ထုတ်လွင့်ခဲ့တာကိုလည်း ထိတ်လန့်စွာရှု့မြင်ရပါတယ်။ ဒါပေမယ့် သောင်းကြမ်းသူတွေရဲ့ အန္တာရယ်က အသက်စွန့်ပြီး မွတ်စလင် အိမ်နီးနားချင်းတွေကို ကာကွယ်ပေးခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်ဆိုတာကိုလည်း သတိမူသင့်ပါတယ်။

ဘာသာရေးအမုန်းပွားမှုတွေရဲ့အလယ်မှာ ဗျောင်တိုက်ဟောပြောနေတဲ့ ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ ၉၆၉ အမှတ်တံဆိပ်ပါ ဗုဒ္ဓဘာသာစစ်သွေးကြွအဖွဲ့က အချက်အခြာကျကျပါဝင်နေတာကို တွေ့ရပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်မှာ အခြေစိုက်တဲ့ ဝီရသူဟာ မွတ်စလင်တွေက “ရခိုင်ပြည်မှာ ဂျီဟဒ် (ဘာသာရေးခုခံစစ်ပွဲ) ဆင်နွဲနေတယ်”၊ “ကလေးငယ်တွေကို မူရစ်ဆေး တိုက်ပြီး တိုက်ခိုက်ခိုင်းနေတယ်။” “သူတို့ကိုယ်သူတို့ အမျိုးသမီးတွေ လို ဟန်ဆောင်ပြီး တိုက်ခိုက်နေတယ်” လို့ အခြေအမြစ်မရှိပဲ စွပ်စွဲနေပါတယ်။ အခုတော့ နိုင်ငံအနှံ့မှာ ၉၆၉ အမှတ်တံဆိပ် စတစ်ကာတွေဟာ ဗုဒ္ဓဘာသာဝင်တွေပိုင်တဲ့ စီးပွားရေး တွေရဲ့ အမှတ်သားအဖြစ်တွေ့မြင်ရပါတယ်။


ပြည်တွင်းသတင်းမီဒီယာတွေကလည်း ဒီကိစ္စမှာ အထူးတလှယ် အထောက်အကူမပြုပါဘူး။ တောင်အာရှသား အသားညိုသူတွေကို ခေါ်တဲ့ ‘ကုလား’ ဆိုတဲ့ သုံးအနှုန်းတွေထည့်သွင်းဖော်ပြထာမျိုးရှိသလို ရိုဟင်ဂျာတွေကိုလည်း တရားမဝင်ကျူးကျော်လာသူတွေလို့ ယုံမှားသံသယဖြစ်စေတဲ့ ‘ဘန်ဂါလီ’ လို့ သုံးနှုန်းဖော်ပြကြ တာတွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့ကတော့ တစ်ချိန်က နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်ပြီး ငြိမ်း ချမ်းရေး နိုဘလ် ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။

သူမဟာ ဒီကိစ္စရပ်တစ်လျှောက်လုံးမှာ ရိုဟင်ဂျာတွေကို ကြမ်းတမ်းရုတ်မာစွာဆက်ဆံနေမှုကို နှုတ်ဆိတ်နေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲကိုမျှော်ကိုးပြီး ဗုဒ္ဓဘာသာတွေရဲ့ ဆန္ဒမဲတွေ မရမှာစိုးရိမ်တဲ့အတွက် ဒီကိစ္စမှာရှေ့တမ်းမထွက်ရဲ တဲ့ လူ့အခွင့်အရေးချန်ပီယံ ဟောင်းတစ်ယောက် သာဖြစ်ပါတယ်။ မြန်မာပြည် ကမွတ်စလင်တွေ အတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ တော်တော်လေး အလှမ်းဝေးနေပါသေးတယ်။


ဧပြီ ၂၃ ၂၀၁၃ တွင် ချာလီ ကန်ဘဲလ် ရေးသားထားသော TIME မဂ္ဂဇင်းမှ Burma Accused of Ethnic Cleansing for Rohingya Violance ဆောင်းပါးကို O’laie Manzu မှ ဆီလျှော်သလို ဘာသာပြန်ထားပါသည်။


မူယင်းသတင်းဆောင်းပါး။ http://world.time.com/2013/04/23/burma-accused-of-ethnic-cleansing-for-rohingya-violence/#ixzz2RISXqjJj

No comments:

Post a Comment