New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, April 18, 2013

သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှား ရန်ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်


Thursday, April 18,2013

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့် တိုင်အောင် နိုင်ငံရေး ပါတီမှန်သမျှ၏ ခေါင်းဆောင် များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ် လာ ရန် မျှော် လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါ သည်။

“ဟုတ်တယ်။ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့် လင်း လင်းပြော လိုက်ရင် သတင်းထောက်တွေ အားလုံး အံ့အား သင့် သွားကြ မယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ ခေါင်းဆောင် တကယ် ကို မဖြစ်ချင်ပါဘူးဆိုတဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် ရှိတယ် ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည် က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။  ဒေါ်အောင် ဆန်း စုကြည်ကသူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီး ထားသော လက်ရှိအခြေခံဥပဒေ ကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။

“ကျွန်မသမ္မတမဖြစ်အောင် တားဆီးထားတဲ့အချက်တွေ အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခြေခံ ဥပဒေဆိုတာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို နေရာ မရအောင် ဒါမှ မဟုတ်နေရာမြဲအောင် ရေးဆွဲရတဲ့အရာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။” ဟု   ဒေါ်အောင် ဆန်း စုကြည်က ဆိုပါသည်။

“သဘောတူညီမှုကတဆင့်အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ မတူကွဲပြားတဲ့ အင် အား စုတွေ အကြား သဘောတူညီမှုကတဆင့် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်”ဟု သူမက   ပြောကြား သည်။

မူဆလင်နှင့်ဗုဒ္ဓဘာသာဝင်များအကြားတင်းမာမှုအရှိန်မြင့်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံး မှု   ရှိစေရန် အတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးသည် အရေးကြီးကြောင်း မြန်မာ အတိုက် အခံခေါင်းဆောင် က ထုတ်ဖော် ပြောဆိုသည်။

“မြန်မာနိုင်ငံဟာတိုင်းရင်းသား လူမျိုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရကတည်းက အပြည့်အဝ   ငြိမ်းချမ်းတဲ့ အချိန်ဆိုတာလုံးဝ မရှိခဲ့ပါဘူး။

ကျွန်မတို့တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိဖို့ ပထမဆုံးလုပ်ရမှာကတော့ တရားဥပဒေ စိုးမိုးရေး ထူထောင်တာပါပဲ။ လုံခြုံမှုမရှိဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုမရနိုင်ပါဘူး။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ချရ တယ်လို့ မခံစားရဘဲနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေး ဖလှယ်ပြီးအဖြေရှာ ဖို့ မဖြစ်နိုင်ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

မိနစ်၄၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်စုကြည်က သူမ၏တွေ့ဆုံပွဲများသို့ ဂျပန်ရောက်မြန်မာ ရိုဟင်ဂျာများ တက်ရောက်ခွင့်မရဟု မီဒီယာများက ဖော်ပြနေသည့်ကိစ္စကို ထည့်သွင်းပြော ဆိုခြင်း မပြုခဲ့ပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့ အလည်အပတ်ရောက် ရှိနေသော ဒေါ်အောင် ဆန်း စုကြည်သည် သောကြာနေ့အထိတစ်ပတ်ကြာနေထိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

No comments:

Post a Comment