New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, April 24, 2013

`မြန်မာပြည်မှာ လူ့အခွင့်အရေးကို နားခါးနေတဲ့ လူတန်းစားတစ်ရပ်ကို (ရှေ့နေ ဦးကိုနီ) သတိပေး

`မြန်မာပြည်မှာ လူ့အခွင့်အရေးကို နားခါးနေတဲ့ လူတန်းစားတစ်ရပ်ကို ထပ်ပြီး သတိပေးချင်ပါတယ်။ လူ့အခွင့် အရေးကို ချိုးဖောက်ဖို့များ စဉ်းစားနေရင် တိုင်းပြည်ပါ ပျက်သွားနိုင်တယ်ဆိုတာ နားလည်စေ ချင်တယ်။ ပြည် သူတွေရုန်းကန်ခဲ့တာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်ပါ။ ပြောချင်ရာပြော လူသတ်ချင်ရာ သတ်လို့ရပြီ။ အားရပါးရ မုန်းလို့ရပြီလို့ ထင်နေရင် လုပ်ကြည့်လိုက်ပါ။ ကမ္ဘာကြီးက မျက်စိမှိတ် မထားဘူး။ အမျိုးသားရေး အမျိုးသားရေးဆိုတဲ့ အသံကြားရင် စစ်ထောက်လှမ်းရေးတွေ အပင်းသွင်းခဲ့တဲ့ အဆိပ်တွေကို မြင်ယောင်မိတယ်။ အမျိုးသားရေး သိပ်တက်ကြွနေသူတွေ အမျိုးသားနိုင်ငံရေးဆိုတာကို သိတယ်နော်။ ဘာပြီးရင် ဘာလာမလဲ သိရင် ပြီးတာပဲ။´

`အခုတော့ ရဝမ်ဒါ လူသတ်ပွဲနဲ့ ယူဂိုဆလားဗီးယားလူသတ်ပွဲ မှတ်တမ်းတွေ ပြန်ကြည့်နေတယ်။ မက်ရှက်တီးလို့ခေါ်တဲ့ ဓါးရှည်တွေတဝင့်ဝင့်နဲ့ တိရိစ္ဆာန်စိတ်ဝင်နေတဲ့ လူအုပ်တွေရဲ့ တိုက်ခိုက်မှုတွေအောက်က အပြစ်မဲ့လူတွေ အတုံး အရုံး သေကြေကြတယ်။ တိရိစ္ဆာန်စိတ်ဝင်တဲ့သူဆီမှာ လူမျိုးလည်း မရှိဘူး။ ဘာသာလည်း မရှိဘူး။ လူသားချင်း စာနာ စိတ်က ပိုဆိုးတာပေါ့။ လူမှ မဟုတ်တော့ဘဲ။ (ရှေ့နေ ဦးကိုနီ)

No comments:

Post a Comment