New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

““အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက်စာတမ်း (အကျဉ်း)””




““အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက်စာတမ်း (အကျဉ်း)””

ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)

၃။ ဂျိဟာဒ်ဟူသည် မွတ်စလင်မ်မဟုတ်သူများကို သုတ်သင်ရှင်းလင်းခြင်းဖြစ်ပါသလော။

=====================================

တစ်ချိန်က အနောက်တိုင်းတွင် အစ္စလာမ်သာသနာသည် ဓါးမိုး၍ သာသနာပြုခဲ့သည်ဟူသော ၀ါဒဖြန့်မှု လွှမ်းမိုးနေခဲ့သည်။ သို့သော် ယင်းစွပ်စွဲ ချက်ကို အနောက်တိုင်းမှ ရိုးသားသောပညာရှင်အသီးသီးက မဟုတ်မှန် ကြောင်း ရှင်းပြသွားခဲ့ကြသည်။ ဥပမာ-L.E. Browne က “ခိုင်မာစွာ ဖြစ်တည် လျက်ရှိသော အချက် များက အနောက်တိုင်း၏ ယင်းကျယ်ပြန့်သော စွပ်စွဲချက် များကို ပယ်ဖျက်နေပေ သည်”ဟု ဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လည်း မွတ်စလင်မ်တို့သည် အင်အား ကောင်းလာလျှင် ဂျိဟာဒ်ခေါ် မွတ်စလင်မ် မဟုတ်သူများကို သုတ်သင်ရှင်းလင်းရေးလုပ်လိမ့်မည်။ အထူး သဖြင့် ၂၁-ရာစုတွင် ပြု မည်ဖြစ်ရာ ၈၈-နှစ်သာ ကျန်တော့သဖြင့် မိမိတို့၏သား မြေးလက်ထက်တွင် ဗုဒ္ဓဘာသာများ ကိုသုတ်သင် ကာ မြန်မာပြည်ကို အပြီး သိမ်းလိမ့်မည်ဟူသောလွဲမှားသည့် ၀ါဒဖြန့်ချိမှုပေါ်ပေါက်လာသဖြင့် မွတ်စလင်မ် တို့အပေါ် သံသယများ၊ ရန်လိုမုန်းတီးမှု များ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရပါသည်။

သို့ဆိုလျှင် ဂျိဟာဒ်ဟူသည့် အဓိပ္ပာယ်မှန်မှာ အဘယ်နည်း။
ဂျိဟာဒ် ဟူသော အရဗီဝေါဟာရ၏ စာပေအဓိပ္ပာယ်မှာ အစွမ်းကုန်ကြိုး ပမ်းခြင်း၊ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်း (effort, struggle, striving) ဟူ၍ ရပါသည်။ ကုရ်အာန်ကျမ်းမြတ် (၉း၂၄)အရ အဓိပ္ပာယ်မှာ စစ်မှန်သော မွတ်စလင်မ်ဟူသည့် မိမိ အသက်၊ အိုးအိမ်၊ စည်းစိမ်ထက် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်နှင့် ထိုအရှင်၏စေတမန် မုဟမ္မဒ်တို့ပြဆိုသော မှန်ကန်ခြင်း၊ တရားမျှတခြင်း၊ လောကကိုအလှဆင်ခြင်းတို့ကိုအခြေခံသည့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ပိုမိုချစ်မြတ်နိုးက ယင်းအတွက် သက်စွန့်ကြိုး ပမ်းဆောင်ရွက်ခြင်းကို ခေါ်ပါသည်။

ထို့အပြင် ဂျိဟာဒ်ဟူသည့် သာသနာ့စစ်ပွဲဆင်နွှဲခြင်း(Holy War)၊ အစွန်းရောက်ခြင်း၊ အယူသည်းခြင်း၊ အကြမ်းဖက်ခြင်းဟု လုံးဝ အဓိပ္ပာယ်မရဘဲ ကုရ်အာန်(၂၂း၄၀)အရ ဘာသာတရားတို့၏ လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံး ခွင့်ကိုအာမခံခြင်း၊ အကြမ်းဖက်မှုကို ဆန့်ကျင်တားဆီးခြင်းဟုလည်း အဓိပ္ပာယ် ရပါသည်။

ထို့အပြင် ကုရ်အာန်ကျမ်းမြတ်အရ---
(၁) ငြိမ်းချမ်းစွာပြုရသောဂျိဟာဒ် (Peaceful Jihad)နှင့်
(၂) လက်နက်စွဲကိုင်ရသောဂျိဟာဒ် (Armed Jihad)ဟူ၍ (၂)မျိုးရှိပါသည်။

(က) ငြိမ်းချမ်းစွာပြုရသော ဂျိဟာဒ်
------------------------------------
တမန်တော်မြတ် မုဟမ္မဒ်သည် မက္ကဟ်မြို့တွင် ၁၀ နှစ်တိုင် အစ္စလာမ် ခေါ် ငြိမ်းချမ်းမှုဘ၀ တည်ဆောက်ရေးလမ်းညွှန် တရားကို ဟောကြား သွန်သင် ခဲ့ရာ လက်ခံသူများရှိသလို အများစုက ဆန့်ကျင်ခဲ့ကြသည်။ ထို့အပြင် တမန် တော်မြတ်အား အစ္စလာမ်တရား ဟောကြားခြင်းမပြုရန် ဘုရင်အာဏာ၊ စည်းစိမ်၊ ကညာပျိုတို့ဖြင့် ဖျားယောင်းခဲ့ကြရာ မအောင်မြင်ခဲ့ကြသဖြင့် အစ္စလာမ်ကို လက်ခံသူများကို ညှဉ်းပမ်းသတ်ဖြတ်မှုများ ပြုလာခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ်နှင့် နောက်လိုက်များကို မက္ကဟ်မြို့ပြင်သို့ မောင်း ထုတ်၍ ၃-နှစ်တာ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ကြသည်။ ယင်းသို့ မွတ်စလင်မ်များ ၁၃ နှစ်တာ ညှဉ်းပမ်းသတ်ဖြတ် ခံခဲ့ကြရသော်လည်း အနှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်က လက်နက်စွဲကိုင်ခွင့်မပေးခဲ့ဘဲ ငြိမ်းချမ်းစွာပင် သက်စွန့် ကြိုးပမ်း ဆောင်ရွက်စေခဲ့ပါသည်။

ကုရ်အာန်ကျမ်းမြတ် (၂၉း၆ ၊ ၂၉း၆၉ ၊ ၁၆း၁၁၀)အရ ငြိမ်းချမ်းစွာပြုခွင့်ရသောဂျီဟာဒ်ဟူသည် မိမိ၏နာမ်ခန္ဓာ (နဖ်စ်ဝိညာဉ်) သန့်စင်ဖွံ့ဖြိုးရေးအတွက် မတော်လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည်တို့ကို အောင်နိုင်ရန်ကြိုးပမ်းခြင်း၊ မိမိပတ်ဝန်းကျင်၌ မကောင်းမှုများပပျောက်စေ၍ ကောင်းမှုရှင်သန်စေခြင်းကိုခေါ်ပါသည်။

တို့အပြင် ကုရ်အာန်(၂၅း၅၂)အရ ကုရ်အာန်ကျမ်းမြတ်ကပေးသော တရား၏အသိပညာဖြင့် အမှားကိုတွန်းလှန်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးရ ရှိအောင် ဆောင်ရွက်ခြင်းကို ကြီးကျယ်သော ဂျီဟာဒ်ဟုခေါ်သည်။ ဤငြိမ်းချမ်း စွာပြုရသော ဂျိဟာဒ်ကို ဘ၀တစ်လျှောက်လုံး ကျင့်သုံးရမည်ဖြစ်သည်။

(ခ) လက်နက်စွဲကိုင်ရသော ဂျိဟာဒ်
-------------------------------------
အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်တွင် စိတ်အလိုကိုမလိုက်ဘဲ ဘ၀ ပြဿနာများကို ဖြေရှင်းစေ၏။

“ဩ မကောင်းမှုကို ပိုမိုလှပကောင်းမွန်မှုနှင့်တုံ့ပြန်လော့၊ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်အကြား ရန်ညှိုးရှိအံ့၊ ထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။” (ကုရ်အာန် ၄၁း၃၄)

သို့သော် ငြိမ်းချမ်းရေးကိုမျှော်ကိုး၍ ယင်းသို့မေတ်္တာဖြင့်ဆက်ဆံခြင်းကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လာပါက ရန်သူအဖြစ် လက်နက်စွဲကိုင် ခုခံ တိုက်ခိုက်ခွင့်ရှိလာပါသည်။ သို့သော် မိမိကိုတိုက်ခိုက်သူကိုသာ ပြန်တိုက်ရ မည်ဖြစ်ပြီး အပြစ်မဲ့သူများကို မထိ ခိုက်စေရ။ (ကုရ်အာန် ၂း၁၉၀)။

ရန်သူဘက် မှခိုလှုံခွင့်တောင်းလာသူများကိုလက်ခံ၍ အစ္စလာမ်အကြောင်းရှင်းပြကာ ဘေး ကင်းရာသို့ပို့ပေးရမည်။ (ကုရ်အာန် ၉း၆)။
ရန်သူမှ စစ်ပြေငြိမ်းရန် ကမ်းလှမ်းလာပါက အလ္လာဟ်ထံယုံကြည်အပ်နှံ၍ လက်ခံရမည်။ (ကုရ်အာန် ၈း၆၁)။

ယင်းသို့အမှန်တရားအတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် အသက်စွန့်လှူသွား သူများကို အစ္စလာမ်က သူသေများမဟုတ်၊ အမြဲ တမ်းရှင်သန်နေသူများဟု ဂုဏ်ပြုထားပါသည်။ (ကုရ်အာန်၂း၁၅၄) မြန်မာ စကား၌လည်း “ရဲဘော်မသေ၊ သေသော်ငရဲမလား” ဟု ဂုဏ်ပြုထားပါသည်။

စစ်ဗျူဟာအရ ကင်းပုန်းချခြင်း၊ ရန်သူကိုဖမ်းဆီးခြင်း၊ စစ်မြေပြင်၌ရန်သူကို ရင်ဆိုင်တိုက်ခိုက်စေခြင်းမှာ စစ်မက်ကာလ အတွက် ညွှန်ကြားချက်များသာ ဖြစ်ပါသည်။ (ကုရ်အာန် ၉း၅)။

“စစ်မြေပြင်၌ ရန်သူ၏လည်ဂုတ်ကိုခုတ်” ဟူ သော အရဗီစကားမှာ ရန်သူ၏ ထိုးစစ်ရပ်ဆိုင်းသွားစေနိုင်သည့်အဓိကကျ သော ချက်ကောင်းများကို ရှာဖွေ၍ ထိရောက်စွာ စစ်ဆင်ရေးပြုရန် အဓိပ္ပာယ် လည်း ပါဝင်ပါသည်။ (ကုရ်အာန် ၄၇း၎)။ ဤလမ်းညွှန်ချက်၌ပင် စစ်ပွဲကာလ ပြီးဆုံးပါက စစ်သုံ့ပန်းများကိုတစ်နည်းနည်းဖြင့် လွှတ်ပေးရန်လည်း ဖော်ပြထားပါသည်။ သို့သော် အစ္စလာမ်သာသနာကို မလိုမုန်းထားရှိသူတို့က ဤကုရ်အာန် ၏လမ်းညွှန်ချက် များကို ကိုးကား၍ မွတ်စလင်မ်တို့သည် မွတ်စလင်မ်မဟုတ် သူတို့အား အချိန်ကာလမရွေး၊ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဘဲ သတ်ဖြတ်ရန် ညွှန်ကြားထားသည်ဟု လွဲမှားစွာ ၀ါဒဖြန့်နှိုးဆွလေ့ရှိရာ ငြိမ်းချမ်းရေးလိုလားသူတိုင်း သတိပြုအပ်ပါသည်။

ခရစ်ယာန်ဘုန်းတော်ကြီး ရဲဂျီနယ်ဘော့စ်ဝသ်စမစ်က တမန်တော်မြတ် မုဟမ္မဒ၌ အမြဲတမ်းစစ်တပ်ကြီးမရှိကြောင်း ဂုဏ်ပြုဖော်ပြရာတွင် “သူသည် နိုင်ငံခေါင်းဆောင်နှင့် သာသနာ့အကြီးအကဲဖြစ်သည်။ တစ်ဦးတည်းနှင့် ဆီဇာဘုရင်လည်းဖြစ်၊ သာသနာပိုင် ပုပ်ရဟန်းမင်းလည်းဖြစ်သည်၊ သာသနာ ပိုင်ဖြစ်သော်လည်း ပုပ်ရဟန်းမင်းကြီးကဲ့သို့ သာသနာပိုင် အဆောင်အယောင်မရှိ၊ ဆီဇာဖြစ်သော်လည်း စစ်ဘုရင်ဆီဇာကဲ့သို့ အမြဲတန်းစစ်တပ်လည်းမရှိ၊ သက်တော်စောင့်လည်းမရှိ၊ နန်းတော်လည်းမရှိ၊ သတ်မှတ်ထားသော အခွန် တစ်စုံတစ်ရာလည်းမရှိ၊ မည်သူမဆို အမှန်ပြောခွင့်ရှိပါက ပြောမည်မှာ မှန်ကန် သော ကောင်းကင်ကျလမ်းညွှန်ကျမ်းနှင့် အုပ်ချုပ်သွားသူမှာ မုဟမ္မဒ်သာဖြစ်သည်။

အကြောင်းသော် မည်သည့်ယန္တယား ပစ္စည်းမျှမပါဘဲ၊ မည်သည့် အထောက်အပံ့မျှမပါဘဲ အာဏာအလုံးစုံကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သောကြောင့်တည်း။”

တမန်တော်မြတ် မုဟမ္မဒ်သည် အစ္စလာမ် ခေါ် ငြိမ်းချမ်းရေးလမ်းစဉ်ကို တည်ဆောက်ပြရာတွင် အချို့သူများ စွပ်စွဲ ပုတ်ခပ်နေသလို တဏှာကြီးသူ၊ အကြမ်းဖက်ဝါဒီတစ်ဦးမဟုတ်ဘဲ ကမ္ဘာ့ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်း၍ ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းအောင်၊ ယဉ်ကျေးမှုရှိသောလူ့အဖွဲ့အစည်းဖြစ်အောင် ထိပ်ဆုံးအဆင့်မှဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ကမ္ဘာ့ ထိပ်တန်းပညာရှင်များမှ အသိအမှတ်ပြု ဖော်ပြပြီးဖြစ်ပါသည်။ မြန်မာ့သမိုင်း ပါရဂူ ဒေါက်တာသန်းထွန်းက မိုက်ကယ် အိပ်ခ်ျဟတ်၏ ကမ္ဘာကျော်-The 100 ဟူသောစာအုပ်ကို“ကျော်စွာတစ်ရာ”အမည်ဖြင့်ဘာသာပြန်ခဲ့ရတွင်“လူ့သမိုင်း ကြောင်း တစ်ခုလုံးကို ကျနစွာ ဆန်းစစ်သုံးသပ်ကြည့်လျှင် သူ(မုဟမ္မဒ်)တစ်ဦး တည်းသာလျှင် ဘာသာရေးနှင့် လောကီရေးနှစ်မျိုးစလုံး၌ အအောင်မြင်ဆုံး ပုဂ်္ဂိုလ်တစ်ဦးဖြစ်ခဲ့ခြင်းကြောင့် ဤသို့အဆင့် ၁ ပေးရခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။

(ဂ) ဘာသာခြားတို့အား ဖျားယောင်းခြင်း၊ ဓါးမိုးခြင်း၊ သုတ်သင်ခြင်းမရှိ
ကမ္ဘာ့သမိုင်းတွင် ပဒေသရာဇ်ခေတ်များ၌ နိုင်ငံများအကြား အပြန်အလှန် နယ်ပယ်ချဲ့ထွင်မှု ရှိခဲ့ကြပါသည်။ မြန်မာပြည်တွင်လည်း အနော်ရထာ၊ ဘုရင့် နောင်နှင့် အလောင်းဘုရားမင်းများလက်ထက်က အထူးထင်ရှားခဲ့ပါသည်။

သို့သော် အစ္စလာမ်က ဓါးမိုး၍ သာသနာပြုခဲ့ခြင်းဆိုသည်မှာ သမိုင်းပညာရှင်များ ထပ်ခါတလဲလဲပြောနေကြသည့် မဖြစ်နိုင်သော စိတ်ကူးယဉ်ယုံတမ်း စကားသာ ဖြစ်ကြောင်း အနောက်တိုင်းပညာရှင်များကပင် ပြန်ရှင်းနေကြပါသည်။
ပုပ်ရဟန်းမင်းကြီး အာဗန်၂(၁၀၄၂-၁၀၉၉)ဦးဆောင်ခဲ့သော ခရစ်ယာန် တို့သည် မွတ်စလင်မ်တို့အား ခရစ်တော်ကို ဆန့်ကျင်သူများဖြစ်သည်၊ ယဉ်ကျေးမှု မရှိသူများဖြစ်သည်ဆိုပြီး အထင်အမြင်လွဲမှားကာ စတင်တိုက်ခိုက် ခဲ့မှုကြောင့် ခရူးဆိတ်စစ်ပွဲ နှစ် ၂၀၀ ဖြစ်ခဲ့ရသည်ကို အထူးရှင်းပြစရာ မလို တော့ပါ။

လက်တွေ့တွင် မွတ်စလင်မ်တို့သည် ဥရောပစပိန်တွင်ကော်ဒိုဗာယဉ်ကျေးမှု ထူထောင်ပြီး ကမ္ဘာ့လူသားထုကို နှစ်ပေါင်း ၈၀၀ မျှ သိပ္ပံ၊ ၀ိဇ္ဇာနှင့် ယဉ်ကျေးမှု အမွေများ ပေးခဲ့ကြသည်။ သို့သော် မည်သူ့ကိုမျှ အစ္စလာမ်သာသနာအတွင်းသို့ အဓမ္မသွတ်သွင်းခြင်း၊ သုတ်သင်ရှင်းလင်းခြင်းမပြုခဲ့ပါ။ ခရူးဆိတ်စစ်သည်များဝင်ရောက်လာပြီး မွတ်စလင်မ်တို့သွေးချောင်းစီး သတ်ခံခဲ့ရခြင်းသာရှိခဲ့ပါသည်။ ပြင်သစ်မှသိပ္ပံပညာရှင် ဒေါက်တာ မောရစ်ဘုကိုင်လ်က ယင်းသတ်ဖြတ် မှုသာမရှိခဲ့ပါက ယနေ့ကမ္ဘာကြီးသည် ယခုထက်ပို၍ သိပ္ပံ ပညာရှေ့ရောက်နေ မည်ဟုပင် မှတ်ချက်ပြုခဲ့သည်။

မွတ်စလင်မ်တို့သည် အာရေဗျဒေသကို နှစ်ပေါင်း ၁၄၀၀ ကျော် စိုးမိုး အုပ်ချုပ်သူများဖြစ်ခဲ့ပြီး ဗြိတိသျှနှင့်ပြင်သစ်တို့က နှစ်အနည်းငယ်သာ ကျူးကျော် သိမ်းပိုက်မှုပြုခဲ့ကြပါသည်။

သို့သော် ယနေ့အာရေဗျတွင် ကော့ပတစ် ခရစ်ယာန်ဘာသာဝင် အရဗ်လူမျိုး (၁၄)သန်းရှိနေဆဲဖြစ်ပါသည်။ မည်သည့် ဓါးမိုးမှု၊ သုတ်သင်ရှင်းလင်းမှုမျှ မရှိခဲ့ပါ။ ကမ္ဘာ့သမိုင်းတွင် ဘဂ္ဂဒက်အင်ပါယာမှ မွတ်စလင်မ်တို့ကို သွေးချောင်းစီးသတ်ဖြတ်ခဲ့ကြသော စစ်သွေးကြွ မွန်ဂို စစ်သည်တို့သည် နောက်ပိုင်းတွင် မွန်ဂိုတာတာများအဖြစ် အစ္စလာမ်ဘာသာ ၀င်ဖြစ်သွားကြခြင်းမှာ မည်သည့်ဓားမိုးမှုနှင့် အဓမ္မစနစ်ကြောင့်မှ မဟုတ်ခဲ့ပါ။

ကွန်မြူနစ်ကြီးစိုးသော တရုတ်ပြည်တွင် မွတ်စလင်မ်သန်း(၁၀၀)ကျော်ရှိရ ခြင်းမှာ မည်သည့်အဓမ္မမှုကြောင့်မှ မဟုတ်ပါ။ အိန်္ဒိယကို မွတ်စလင်မ်တို့ နှစ်ပေါင်း ၁၀၀၀မျှ စိုးမိုးခဲ့ကြပြီး မဂိုအင်ပါယာကို ထူထောင်ခဲ့ကြသည်။ မွတ်စလင်မ် မဂိုဧကရာဇ် ဇဖရ်ရှဟ်လက်မှ ဗြိတိသျှတို့က အိန်္ဒိယကို သိမ်းခဲ့ ကြပြီး ၎င်းအား ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့ အိန်္ဒိယ တွင် လူဦးရေ(၈၀)ရာခိုင်နှုန်းမှာ မွတ်စလင်မ်မဟုတ်သူများသာဖြစ်နေရာ အဓမ္မစနစ်နှင့် သုတ်သင်ရှင်းလင်းမှုမရှိခဲ့၍သာ ဖြစ်ပါသည်။

ထို့ကြောင့် ခေတ်သစ် အိန်္ဒိယနိုင်ငံဖခင်ကြီး မဟတ္တမဂန္ဓီက အစ္စလာမ်သည် ဓားမိုး၍ သာသနာပြုခဲ့ခြင်းမရှိ၊ တမန်တော်မြတ် မုဟမ္မဒ၏ဓားမှာ သံဓားမဟုတ်ဘဲ မေတ္တာဓားသာဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါ OLC ခေါ် မွတ်စလင်မ်နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တွင် ၅၇ နိုင်ငံပါဝင်ရာ ယင်းနိုင်ငံများတွင် မွတ်စလင်မ် မဟုတ်သူ မြောက်မြား စွာရှိခြင်းမှာ မည်သည့်သုတ်သင်ရှင်းလင်းမှုမျှ မပြုခဲ့၍သာဖြစ်ပါသည်။ ယခုအခါ သိပ္ပံ ၀ိဇ္ဇာပညာ တိုးတက်နေသည့် အနောက်ကမ္ဘာတွင် အစ္စလာမ် ပြန့်ပွားနေရခြင်းမှာ အသိပညာကို အခြေခံ၍သာဖြစ်ပါသည်။

No comments:

Post a Comment