New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, February 25, 2013

မိမိတို့အနေဖြင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၏ အဓိကသော့ချက်မှာ Teamwork ပဲဖြစ်တယ်။

 

မိမိတို့အနေဖြင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၏ အဓိကသော့ချက်မှာ Teamwork ပဲဖြစ်ပါတယ်။ Teamwork ဆိုတာကို မိမိဖခင် ဦးမြင့်ဆွေ မှသေချာရှင်းလင်းသွန်သင်ဆုံးမပေးခဲ့ပါတယ်။ မိမိ ဖခင် ဦးမြင့်ဆွေ သည် အသက် ၁၈ နှစ်အရွယ်မှစ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပထမဆုံး ဖွဲ့စည်း ခဲ့သော BIA စစ်သားအဖြစ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ် ချုပ်အောင် ဆန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဖခင် သွန်သင်ဆုံးမခဲ့သော Teamwork ၏ သဘောတရားကို မိမိ ဆက်လက်ခံယူလိုက်နာခဲ့ပါတယ်။

Teamwork ကို ခွဲခြားလေ့လာရာတွင်

၁။ Responsibility - မိမိ တာဝန်ယူရမည့်အပိုင်းကို တာဝန်ယူခြင်း၊ မိမိနှင့် လုပ်ဖော်ကိုင် ဖက်များ

အချင်း ချင်း တာဝန်ခွဲဝေယူစေခြင်း

၂။ Respect - မိမိအလုပ်ကို အချိန်နှင့်အမျှ လေးစားခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလေးစားခြင်း

၃။ Understanding- မိမိအလုပ်အကြောင်း အပြည့်အ၀နားလည်အောင်ကြိုးစားခြင်း၊ မိမိလုပ်ဖော်ကိုင်ဖက် များ၏ မိသားစုရိုးရာဓလေ့ ဘ၀အခြေအနေများကို သိရှိနားလည်စေရန် ကြိုးစားခြင်း

၎။ Communication- အချင်းချင်း အထက်အောက်ပြန်လည် သတင်းပို့တင်ပြခြင်း၊ ဖြစ်ပေါ်လာနိုင်သော အကျိုးအကြောင်းများအား ဆွေးနွေးဖလှယ် လေ့လာခြင်း

၅။ Value - မိမိအလုပ်မှ မိမိလုပ်ဖော်ကိုင်ဖက်များ ကြီးငယ်မရွေး လုပ်ဆောင်မှုအပေါ် တန်ဖိုးထားခြင်း၊ မိမိ လုပ်ငန်း ရည်ရွယ်ချက်နှင့် တန်ဖိုး (Value) ကို လုပ်ဖော်ကိုင်ဖက်အချင်းချင်း သိရှိနားလည်အောင် ကြိုးစားခြင်း   စသဖြင့် လက်တွေ့ခံယူကျင့်သုံးခဲ့ပါတယ်။

ဒါကြောင့်လည်း ကြုံတွေ့လာသော အခက်အခဲများကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပထမဆုံးမြန်မာ့သမိုင်းဝင်တပ်မတော် BIA စစ် သားပောာင်း   ကျေးဇူးရှင်ဖခင် ဦးမြင့်ဆွေထံသို့ ၄င်းနှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ခဲ့သောကြောင့် မြန်မာ့ လွတ် လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မှ ချီးကျူးပေးပို့ထားသော အရေးတော်ပုံ ဂုဏ်ထူးဆောင် လက် မှတ် အား အများသိစေရန်အလို့ငှာ ဝေမျှလိုက်ပါတယ်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ထံမှ မိမိဖခင် သင်ယူခဲ့သော Teamwork သဘော တရား ကိုလည်း အများသိစေရန် ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment