New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, February 17, 2013

ရိုဟင်ဂျာများအမေရိကန်အကူအညီလိုကြောင်း နှီးနှောဖလှယ်ပွဲမှာပြောကြား …

Saturday, February 16, 2013
မနေ့က ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်ရဲ့ အာဆီယံဘာသာရပ်ကျောင်းမှာ “Rohingya: Testing for Asean” ဆိုတဲ့ခေါင်းစဉ်နဲ့ နှီးနှော ဖလှယ်ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မှာထိုင်းနိုင်ငံ ရဲ့ပြည်နယ်တွေ အတွင်းရောက်ရှိ လာတဲ့ ရိုဟင်ဂျာတွေကြို မန်မာနိုင်ငံကပြန် လည်လက်ခံယူ ဖို့အတွက် ညှိနှိုင်းဆွေးနွေး ရာမှာ အမေရိကန်နိုင်ငံက အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် လှုပ်ရှား သင့်တယ်လို့ အဆိုပါဆွေးနွေးပွဲ ကပြောကြား လိုက်ပါတယ်။
တော်ဝင်ထိုင်းကြည်းတပ်ရဲ့ မဟာဗျူဟာနဲ့ လုံခြုံရေးရာ ဌာန ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးကြီး Teeranan Nandhakwang ကမြန်မာနိုင်ငံ အစိုးရနဲ့ဆွေးနွေး ညှိနှိုင်းပြီး ရိုဟင်ဂျာ
တွေ ကိုနေရပ်ပြန်ဖို့ အတွက် အမေရိကန်နိုင်ငံကို ထိုင်းနိုင်ငံက အကူအညီတောင်း သင့်တယ်လို့ ဆိုပါတယ်။ ၎င်းက ထိုင်းနိုင်ငံ အနေနဲ့မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအများ အပြားရင်းနှီးမြှပ်နှံ ထားတာမို့ မြန်မာနိုင်ငံကို ဖိအား ပေးဖို့ မဖြစ်နိုင်ဘူး လို့ပြောပါတယ်။ သို့သော် အဆိုပါ ဗိုလ်မှူးကြီးက ဒီဒေသတွင်းမှာ အခန်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ဖို့ကြိုး စားနေတဲ့ အမေရိကန်ကို ထိုင်းနိုင်ငံ အနေနဲ့ အကူအညီတောင်း သင့်တယ်လို့ ယုံကြည် တယ် လို့ ပြောကြား ပါတယ်။
“မြန်မာနိုင်ငံ ကနိုင်ငံကို ဖွင့်ပေးနေတယ် အချိန်မှာ အမေရိကန် လည်းပြန် ၀င်တာနဲ့ တပြိုင်နက် တရုတ်နိုင် ငံရဲ့လွှမ်းမိုးမှု ကိုချိန်ညှိနေတဲ့ အချိန် လည်းဖြစ်တယ်။ အမေရိကန်နဲ့ တဆင့်ပြောကြားခြင်း အားဖြင့်မြန် မာ နိုင်ငံအစိုးရ ကို ရိုဟင်ဂျာတွေ ကိုပြန်လည် လက်ခံဖို့စည်း ရုံးနိုင်လိမ့်မယ်။ ထိုင်းနိုင်ငံ အနေနဲ့ အမေရိ ကန်နဲ့ အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေနဲ့ ဒီပြဿနာပြေ လည်ဖို့အတွက် အစည်း အဝေး တစ်ခုပြု လုပ် ဖို့ အတွက် ညှိနှိုင်းဆောင်ရွက်ရေးမှူး အနေနဲ့လုပ်ကိုင်နိုင်မယ်” လို့ဗိုလ်မှူးကြီး Teeranan က ပြော ပါတယ်။
ကိုးကား – Bangkok Post

No comments:

Post a Comment