New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, February 14, 2013

လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကိုစားပွဲဝိုင်း တွင် ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား


လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့လက်ထက်တွင် ချုပ်ငြိမ်း ပြီးပြတ်စေပြီး နောင်လာနောင်သားများအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရန်
ပေါ်ပေါက်လာသည့် ပဋိပက္ခများကိုခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်းနှင့် အပြန်အလှန်လေးစား တန်ဖိုးထားခြင်းများဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား
=========================================

နှစ်ပေါင်းများစွာကွဲကွာနေကြသည့် ညီအကိုများ အချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများသည် အမိုးအကာတစ်ခုတည်းအောက်တွင် အတူတကွ နေထိုင်ကြသူများဖြစ်ရာ ပေါ်ပေါက်လာသည့် ပဋိပက္ခများကိုခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်းနှင့် အပြန်အလှန်လေးစားတန်ဖိုးထားခြင်းများဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း၊

ယခုလို ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ရရှိလာသော ငြိမ်းချမ်းရေးအကျိုးဆက်ကို ပြည်သူများ စတင်ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ ရေရှည် အကျိုးခံစားနိုင်ရေးသည် မိမိတို့၏ တာဝန်အဖြစ်ခံယူပြီးယခုလိုယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးအဆင့်ရောက် အောင်အဖြေရှာပါက ပြည်သူ လိုလားတောင့်တသည့် ငြိမ်းချမ်းရေးကိုမလွဲမသွေ ရရှိလာမည်ဖြစ်ပါ ကြောင်း၊

ဤနိုင်ငံကို ပြည်သူအားလုံးကပိုင်ဆိုင်ပါကြောင်း၊ ဤနိုင်ငံ၏ ကောင်းကျိုးဆိုးကျိုးသည် မိမိတို့ အားလုံးအပေါ်တွင် မူတည်နေပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံကိုချစ်မြတ်နိုးသည့် စိတ်ရှိကြပါကြောင်း၊ ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်သည်လည်းဖျောက်ဖျက်၍ မရနိုင်ပါကြောင်း၊

သို့ရာတွင် ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်နှင့် ပြည်ထောင်စုချစ်စိတ်တို့ ယှဉ်လာပါက ပြည်ထောင်စု စိတ်ဓာတ်ကိုသာ ဦးစားပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုသားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်အောင် ကာကွယ်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်၏ ခွန်အားဖြစ်ပါကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့လက်ထက်တွင် ချုပ်ငြိမ်း ပြီးပြတ်စေပြီး နောင်လာနောင်သားများအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရမည်ဖြစ်ပါကြောင်း၊

မိမိတို့ အစိုးရသည် ဒီမိုကရေစီနည်းအရ ပြည်သူကရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူလူထု၏ ဆန္ဒကိုအလေးထားဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ၏ဆန္ဒသည် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီးကမ္ဘာ့အလယ်တွင် တင့်တင့် တယ်တယ် နေထိုင်လိုသည့် ဆန္ဒဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒပြည့်ဝစေရန် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်း ဖြစ်ပါကြောင်း၊

တစ်ဦးပေါ် တစ်ဦးချစ်ခင် ရင်းနှီးပြီးယုံကြည်မှုရှိအောင် အချိန်များစွာလုပ်ဆောင်ခဲ့ရပါကြောင်း၊ စားပွဲဝိုင်းတွင် ရောက်ရှိလာကြပြီး နှစ်ပေါင်း (၆၀) ကျော်ကြာလက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် ဆွေးနွေးနိုင်ကြပြီ ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှုအပေါ် ကြည့်ပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိပါကြောင်း၊ နှစ်ဦးနှစ်ဖက် စစ်သည်များသေဆုံးခဲ့ရပြီး၊ ဇနီး၊ သားသမီး၊ ဆွေမျိုးများ၏ သောကများ၊ ဒေသခံ ပြည်သူများ၏ ကြောက်ရွံ့စိုးရိမ်မှုများသာ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ဤဆုံးရှုံးမှု များသည် တိုင်းပြည်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါကြောင်း။

ယနေ့ စားပွဲဝိုင်းတွင် ဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေးရောင်ခြည်များသန်းလာပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ကေအိုင်အေအဖွဲ့နှင့်လည်းဖေဖော်ဝါရီ (၄) ရက်နေ့ ရွှေလီဆွေးနွေးပွဲမှ ရလဒ်ကောင်းများရရှိပြီး ပြည်သူများကလည်းဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ သာယာလှပသည့် အနာဂတ်ကိုဖန်တီးနိုင်ရန် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ ပြည်သူ့ဆန္ဒများကို အလေးထားသည့် အနေဖြင့် ယခု လက်ရှိ အခြေအနေမှ ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ရောက်အောင် လက်တွဲ လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။


ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများဆောင်ရွက်နေသည့် တစ်ပြိုင်တည်းမှာပင် ပျက်စီးသွားခဲ့သည့် လမ်း၊ တံတား၊ လူနေအဆောက်အအုံစသည့် ရုပ်ဝတ္ထုပစ္စည်း များကိုလည်း ပြန်လည်ထူထောင်သွားရမည် ဖြစ်ပါကြောင်း၊ ဥပဒေဘောင်အတွင်းသို့ ရောက်ရှိလာကြသူများ၏ စားဝတ်နေရေးကိစ္စများနှင့် အလုပ်အကိုင် ရရှိရေးတို့ကိုလည်း တစ်ဆက်တည်းလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မရှင်းလင်းရသေးသည့် မြေမြှုပ်မိုင်းများကိုလည်းရှင်းလင်းရန် လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊

ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပြည်တွင်းအားနှင့်သာမက နိုင်ငံတကာ အကူအညီများ ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/13/id-2610
လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့လက်ထက်တွင် ချုပ်ငြိမ်း ပြီးပြတ်စေပြီး နောင်လာနောင် သားများအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရန်ပေါ်ပေါက်လာသည့် ပဋိပက္ခများကိုခွင့်လွှတ်ခြင်း၊ သည်း ခံခြင်း၊ စာနာထောက်ထားခြင်းနှင့် အပြန်အလှန်လေးစား တန်ဖိုးထားခြင်းများဖြင့် စားပွဲဝိုင်း တွင် ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား


နှစ်ပေါင်းများစွာကွဲကွာနေကြသည့် ညီအကိုများ အချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများသည် အမိုးအကာတစ်ခု တည်းအောက် တွင် အတူတကွ နေထိုင်ကြသူများဖြစ်ရာ ပေါ်ပေါက်လာသည့် ပဋိပက္ခများကိုခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်းနှင့် အပြန်အလှန်လေးစားတန်ဖိုးထားခြင်းများဖြင့် စားပွဲဝိုင်းတွင်   ဖြေရှင်း ညှိနှိုင်းခြင်း သည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း၊

ယခုလို ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ရရှိလာသော ငြိမ်းချမ်းရေးအကျိုးဆက်ကို ပြည်သူများ စတင်ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ ရေရှည် အကျိုးခံစားနိုင်ရေးသည် မိမိတို့၏ တာဝန်အဖြစ်ခံယူပြီးယခုလိုယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးအဆင့်ရောက် အောင်အဖြေရှာပါက ပြည်သူ လိုလားတောင့်တသည့် ငြိမ်းချမ်းရေး ကိုမလွဲ မသွေ ရရှိလာမည်ဖြစ်ပါ ကြောင်း၊

ဤနိုင်ငံကို ပြည်သူအားလုံးကပိုင်ဆိုင်ပါကြောင်း၊ ဤနိုင်ငံ၏ ကောင်းကျိုးဆိုးကျိုးသည် မိမိတို့ အားလုံး အပေါ်တွင် မူတည်နေပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံကိုချစ်မြတ်နိုးသည့် စိတ်ရှိကြပါကြောင်း၊   ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်သည်လည်းဖျောက်ဖျက်၍ မရနိုင်ပါကြောင်း၊

သို့ရာတွင် ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်နှင့် ပြည်ထောင်စုချစ်စိတ်တို့ ယှဉ်လာပါက ပြည်ထောင်စု စိတ်ဓာတ် ကိုသာ ဦးစားပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုသားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်အောင် ကာကွယ်သွားရ မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်၏ ခွန်အားဖြစ် ပါကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့လက်ထက်တွင် ချုပ်ငြိမ်း ပြီးပြတ်စေပြီး နောင်လာနောင်သားများအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရမည်ဖြစ်ပါကြောင်း၊

မိမိတို့ အစိုးရသည် ဒီမိုကရေစီနည်းအရ ပြည်သူကရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူလူထု၏ ဆန္ဒကိုအလေးထားဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ၏ဆန္ဒ သည် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီးကမ္ဘာ့အလယ်တွင် တင့်တင့် တယ်တယ် နေထိုင်လိုသည့် ဆန္ဒဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒပြည့်ဝစေရန် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်း ဖြစ်ပါကြောင်း၊

တစ်ဦးပေါ် တစ်ဦးချစ်ခင် ရင်းနှီးပြီးယုံကြည်မှုရှိအောင် အချိန်များစွာလုပ်ဆောင်ခဲ့ရပါကြောင်း၊ စားပွဲဝိုင်း တွင် ရောက်ရှိ လာကြပြီး နှစ်ပေါင်း (၆၀) ကျော်ကြာလက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင်   ဆွေးနွေးနိုင်ကြပြီ ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှုအပေါ် ကြည့်ပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိပါကြောင်း၊ နှစ်ဦးနှစ်ဖက် စစ်သည်များသေဆုံးခဲ့ရပြီး၊ ဇနီး၊ သားသမီး၊ ဆွေမျိုးများ ၏ သောကများ၊   ဒေသခံ ပြည်သူများ၏ ကြောက်ရွံ့စိုးရိမ်မှုများသာ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ဤဆုံးရှုံးမှု များသည် တိုင်းပြည်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါကြောင်း။

ယနေ့ စားပွဲဝိုင်းတွင် ဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေးရောင်ခြည်များသန်းလာပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ကေအိုင်အေအဖွဲ့နှင့်လည်းဖေဖော်ဝါရီ (၄) ရက်နေ့ ရွှေလီဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ရရှိပြီး ပြည်သူများကလည်းဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ သာယာလှပသည့် အနာဂတ်ကိုဖန်တီးနိုင်ရန် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ ပြည်သူ့ဆန္ဒများကို အလေးထားသည့် အနေဖြင့် ယခု လက်ရှိ အခြေအနေမှ ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ရောက်အောင် လက်တွဲ လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။


ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများဆောင်ရွက်နေသည့် တစ်ပြိုင်တည်းမှာပင် ပျက်စီးသွားခဲ့သည့် လမ်း၊ တံတား၊ လူနေအဆောက်အအုံစသည့် ရုပ်ဝတ္ထုပစ္စည်း များကိုလည်း ပြန်လည်ထူထောင်သွားရမည် ဖြစ်ပါကြောင်း၊ ဥပဒေဘောင်အတွင်းသို့ ရောက်ရှိလာကြသူများ၏ စားဝတ်နေရေးကိစ္စများနှင့် အလုပ် အကိုင် ရရှိရေးတို့ကိုလည်း တစ်ဆက်တည်းလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မရှင်းလင်း ရသေး  သည့် မြေမြှုပ်မိုင်းများကိုလည်းရှင်းလင်းရန် လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊

ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပြည်တွင်းအားနှင့်သာမက နိုင်ငံတကာ အကူအညီများ ရရှိရေး   ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/13/id-2610

No comments:

Post a Comment