New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Saturday, February 23, 2013

အစွန်းရောက်ဝါဒသမား ဦးအေးမောင်က ၁၉၈၂ နိုင်ငံဥပဒေပြင်သင့်မပြင်သင့်ဝေဖန်


RB News‘s photo.
၁၉၈၂ နိုင်ငံဥပဒေပြင်သင့်မပြင်သင့် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုပြင်ဆင်ရန်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်သောမတ် အိုဟေးကင်တားနားက အစိုးရကိုတိုက်တွန်းပြောဆိုခဲ့သော်လည်းယင်းဥပဒေပြင်ခြင်းမပြင်ခြင်းသည် လွှတ်တော်နှင့်သာဆိုင်ကြောင်းလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကပြောကြားသည်။
“ကျွန်တော့်သဘောကတော့ပြည်သူတွေရဲ့သဘောပါပဲ။ နိုင်ငံသူ/သားတွေကမိမိတို့အချုပ်အခြာအာ ဏာတည် တံ့ခိုင်မြဲဖို့အတွက်ဒီဥပဒေကိုပြင်မှဖြစ်မယ်လို့ယူဆခဲ့ရင်ပြင်နိုင်ချေရှိပါ
  တယ်။   ပြည် ခိုင်ဖြိုး လွှတ်တော်အမတ်တစ်ဦးကဘူးသီးတောင် ဘက်မှာလေးနှစ်လောက်တာဝန် ထမ်းဆောင် ခဲ့ဖူးတယ်။ အ ခုတော့စစ်ကိုင်းတိုင်းကလွှတ်တော်အမတ်ကအဲဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ တင် တယ်။ ပြင်ဖို့တင်တဲ့အခါ မှာလည်းပြည်ခိုင်ဖြိုးတံဆိပ်တွေပါတယ်။ အဲဒီတော့ပြည်ခိုင်ဖြိုးပါတီက ဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ကြိုး စားနေတယ်လို့ယူဆတယ်။ ဒါပေမဲ့ကျွန်တော်တို့ကန့်ကွက်ခဲ့ တယ်။ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေလိုမဟုတ်ဘူး။ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို မူကြမ်းကိုဦးနေ၀င်းအစိုးရကလူထု ကိုအကြိမ်ကြိမ်ချပြခဲ့တယ်။ လူထုသဘော ထားတွေ နဲ့ရေးခဲ့တယ်။ ၁၉၈၂ ခုနှစ်ဥပဒေဟာအဲဒီကာလ ကပြည်ထောင်စုလွှတ်တော်မှာပြည်သူတွေရဲ့သဘောထားနဲ့အတည်ပြုခဲ့တာ အဲဒါကိုကင်တားနားဘဲ ပြောပြော၊ ဘန်ကီမွန်က ဘဲပြောပြော၊ ဦးသိန်းစိန် ကဘဲပြောပြော၊ ပြင် သင့်ပြီလို့ပြောပေ မဲ့ ပြင်ချင်မှပြင် မှာပေါ့။ ပြင်မယ် မပြင်ဘူး ဆိုတာ ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် ပြည်ထောင်စုလွှတ်တော် အပေါ်မှာ ပဲရှိတယ်။ ပြင်မယ် ဆိုရင်တော့ပြင်ပေါ့။ ကျွန်တော်တို့ ကတော့ထောက်ခံတယ်။ လူထုကမပြင် သင့်သေးဘူး။ ဒီဥပဒေကြောင့်နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲနေဦးမယ်ဆိုရင် မပြင် ဘူး” ဟုပြောကြားခဲ့သည်။
အဆိုပါဥပဒေနှင့်ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်က “၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဟာ လူ့အခွင့်အရေးစံချိန်စံညွန်းနဲ့ကိုက်ညီမှုမရှိဘူး။ ၁၉၈၂ ခုနှစ် ဥပဒေဟာ Dead Law ဖြစ်နေ တယ်။ ကျွန်တော်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်အနေနဲ့သော်လည်းကောင်း ဥပဒေအရပြောရမယ်ဆိုရင် ဒီဥပဒေ ကသုံးသာသုံးနေတာတရားမ၀င်ဘူး။ အခုကျွန်တော်တို့ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနေတဲ့အခါမှာ ဒီလိုဥပဒေတွေကိုပြန်လည်သုံးသပ်ပြီးအသစ်ပြန်လည်ရေးဆွဲဖို့လိုပါတယ်။” ဟုပြောကြားခဲ့သည်။

No comments:

Post a Comment