New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, February 14, 2013

မြောက်ကိုရီးယားကို တုံ့ပြန်ရန် တောင်ကိုရီးယားက တာဝေးပစ်ဒုံးခွင်ဒုံးစနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ




ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၃ ။

မြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက်နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည်မြောက် ကိုးရီး ယားတစ်နိုင်ငံလုံးဘက်သို့ လွှမ်းခြုံပစ်ခတ်နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက် သွားမည်   ဖြစ်ကြောင်း ကြေငြာလိုက်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ၈၀၀  (မိုင် ၅၀၀) အကွာ အဝေးအထိ ရောက်အောင် ကျွန်တော် တို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

တောင်ကိုရီးယားသည် ယမန်နှစ် အောက်တိုဘာကစ၍ အမေရိကန်နှင့်သဘောတူညီချက်တစ်ရပ်ချုပ်ဆိုကာ မြောက်ကိုရီးယား ၏ နျူလက်နက်များ ရန်ကို ကာကွယ်ရန် ၎င်း၏ ဒုံးခွင်းဒုံးစနစ်များ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးကို သုံးဆအထိ မြှင့် တင်ရန် ပြင် ဆင်ခဲ့သည် ။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆိုတောင် ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က တောင်ကိုရီးယားသည် ၎င်း၏ကာကွယ်ရေးစနစ်တွင် မြောက်ကိုရီးယားဒုံး ကျည်များကို   ခြေရာခံခြင်း၊ ပစ် မှတ်ထားခြင်း ၊ဖျက်ဆီးခြင်းများကို လုပ်ဆောင်နိုင်စွမ်းရှိရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်းပြောကြား သည်။

ယမန်နေ့က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုပြီးနောက်တောင်ကိုရီးးယားထောက်လှမ်းရေအကြီးအကဲက ပြုံယမ်းသည် လာမည့် အပတ်   အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

ယခုအခါမြောက်ကိုရီးယား၏နျူစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စုက ခိုင်မာသည့် အရေးယူမှုပြုလုပ်သွားမည်ဟုကြေငြာ ထားပြီး နိုင်ငံတကာကလည်း ရှုတ်ချထားသည်။

Ref: AFP
Aye Chan Mon Re-post Date : 2013 Feb 13
News from:The Myanma Age


မြောက်ကိုရီးယားကို တုံ့ပြန်ရန် တောင်ကိုရီးယားက
တာဝေးပစ်ဒုံးခွင်ဒုံးစနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၃ ။

မြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက်
နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည်
မြောက်ကိုးရီး ယားတစ်နိုင်ငံလုံးဘက်သို့ လွှမ်းခြုံပစ်ခတ်
နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာ
လိုက်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်
ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ
၈၀၀ (မိုင် ၅၀၀) အကွာ အဝေးအထိ ရောက်အောင် ကျွန်တော် တို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

တောင်ကိုရီးယားသည် ယမန်နှစ် အောက်တိုဘာကစ၍ အမေရိကန်နှင့်သဘောတူညီချက်တစ်ရပ်ချုပ်ဆိုကာ မြောက်
ကိုရီးယား၏ နျူလက်နက်များ ရန်ကို ကာကွယ်ရန် ၎င်း၏ ဒုံးခွင်းဒုံးစနစ်များ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးကို သုံးဆအထိ မြှင့်တင်ရန် ပြင်ဆင်ခဲ့သည် ။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀
တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆို
တောင်ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က တောင်ကိုရီးယားသည် ၎င်း၏ကာကွယ်ရေးစနစ်တွင် မြောက်ကိုရီးယားဒုံး ကျည်များ
ကို ခြေရာခံခြင်း၊ ပစ် မှတ်ထားခြင်း ၊ဖျက်ဆီးခြင်းများကို လုပ်
ဆောင်နိုင်စွမ်းရှိရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ယမန်နေ့က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုပြီးနောက်
တောင်ကိုရီးးယားထောက်လှမ်းရေအကြီးအကဲက ပြုံယမ်းသည် လာမည့်အပတ် အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

ယခုအခါမြောက်ကိုရီးယား၏နျူစမ်းသပ်မှုကို အမေရိကန်
ပြည်ထောင်စုက ခိုင်မာသည့် အရေးယူမှုပြုလုပ်သွားမည်ဟု
ကြေငြာထားပြီး နိုင်ငံတကာကလည်း ရှုတ်ချထားသည်။

Ref: AFP
Aye Chan Mon Re-post Date : 2013 Feb 13
News from:The Myanma Age

အေးချမ်းမွန်

No comments:

Post a Comment