New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, February 17, 2013

၁၉၄၂ တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ပဋိပက္ခ များကြောင့် အကျိုးဆက်များ


၁၉၄၂ တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် မွတ်စလင်အများစုမှာ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် စုဝေးနေထိုင်ကြပြီး ရခိုင်လူမျိုးများမှာ စစ်တွေမြို့ အပါအ၀င် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် စုဝေး နေထိုင်ကြ သည်။ ၁၉၇၅ ခုနှစ် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းအဆင့်မှ ရခိုင်ပြည်နယ် အဆင့်သို့ သတ်မှတ် လိုက်ပြီးနောက် ပိုင်းတွင် ရခိုင် တိုင်းရင်းသားထုအတွင်းတွင် ကျဉ်းမြောင်းသော လူမျိုး ရေး ခွဲခြားရေးစိတ်ဓါတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ “ရခိုင်ပြည် နယ်
သည် ရခိုင်အမျိုးသား များအတွက်သာ ဖြစ်ရမည်၊” ၊ “ရခိုင် အမျိုး သားဟူသည် ရာနှုန်းပြည့် ဗုဒ္ဓ ဘာသာ   ဖြစ်ကြ သည်။” ဟု ကြွေးကြော်လာခဲ့သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော အခြားလူမျိုး များြ ဖစ်ကြသော ရိုဟင်ဂျာ၊ ကမန်၊   ဟိန္ဒူ (ကုလားအခေါ်ခံရသူများ) တို့အတွက် ကြီးမားသော အန္တရာယ်ကြီး   စတင်တော့ သည်။
“ရခိုင်ပြည်နယ်တွင် ရခိုင်များသာ နေထိုင်ရမည်ဟူသော လူမျိုးကြီးဝါဒနှင့်အညီ” ရခိုင်ပြည် နယ်တောင်ပိုင်း ရှိ ဂွမြို့၊အမ်းမြို့၊   တောင်ဂုတ်မြို့တို့တွင် ခေတ်အဆက်ဆက်က နေထိုင်လာ ခဲ့သော အစ္စလာမ် ဘာသာဝင် မွတ်စလင်များကို အကြမ်း ဖက်နှင် ထုတ်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်ပြီးနှစ်များတွင် အဆိုပါမြို့နယ်များအား “မွတ်စလင် ကင်းရှင်းဇုံ” အဖြစ် ရခိုင်တို့ က ကျေညာခဲ့ သည်။ အခြားသော မြို့နယ်များမှလည်း မွတ်စလင်များကို နှင်ထုတ်နိုင်ရေးအတွက် အခွင့်အလမ်း၊ အခါအခွင့်   စောင့်မျှော်လာခဲ့ကြသည်။

No comments:

Post a Comment