New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, February 18, 2013

သာကေတရဲ့ ည(၈)နာရီခန့် နောက်ဆုံးအခြေအနေ




ယနေ့ည (၇)နာရီလောက်က မာန်ပြေ (၁၇)လမ်းမှာ ဧည့်သည် မွတ်စလင်မ်ခရီးသွားနှစ်ဦးကို ဗုဒ္ဓဘာသာ အစွန်းရောက်တချို့က ၀ိုင်းရိုက်ကြတယ်လို့ ကြားသိရသော်လည်း အတည်မပြုနိုင်သေးပါ။ အဆိုပါ အရိုက် ခံရသူနှစ်ဦးမှာ ရန်ကုန်မြို့မှမဟုတ်ဘဲ နယ်မြို့မှ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသော သူများဖြစ် တယ်လို့ ဖုန်းဖြင့် သတင်းပေးသူက ဆိုပါတယ်။

ယခု မွတ်စလင်မ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာ သာကေတတွင် ရခိုင်ပဋိပက္ခဖြစ်ပွား ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှ လာရောက်အခြေချနေထိုင်သော ရခိုင်လူမျိုးအများစုနေထိုင်ရာဒေသ ဖြစ်နေကြောင်း Facebook မှ Peaceforall အကောင့်ပိုင်ရှင်မှ ယနေ့ နေ့လယ်ပိုင်း က ရေးသားထား တာကိုလည်း တွေ့ရှိရခြင်းကြောင့် ယခုဖြစ်စဉ်များအား မကြာသေးမီက ရခိုင်တိုးတက်ရေးပါတီမှ ထုတ်ပြန် ချက်များ အတိုင်း ပြုလုပ်လာခြင်းများလားဟု မေးခွန်းထုတ်စရာ
ဖြစ်လာပါတယ်။

ရခိုင်တိုးတက်ရေးပါတီမှ ထုတ်ပြန်ချက်မှာ `မြန်မာပြည်တွင်းမှာ အဆိုပါရခိုင်ပြည်ကဲ့သို့ ပြဿနာ များ   ပေါ်ပေါက် လာမှသာ မြန်မာလူမျိုးတွေ ကိုယ်ချင်းစာနိုင်မယ်´လို့ ရေးသားထားတာကို Facebook   ပေါ် ရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်မှုအသားပေး စာမျက်နှာတစ်ခု မှာ ဖော်ပြ ထား ပါ တယ်။

ယနေ့ ညပိုင်းမှာ ပြဿနာဖြစ်ပွားရာ သာကေတ မာန်ပြေရှိ မွတ်စလင်မ်များရဲ့ အိမ်များ၊ ဆိုင်များကိုလည်း လိုက်လံ၍ လုယက်ဖျက်ဆီးမီးရှိုရန် (၁၇x၁၈)လမ်းမများပေါ်တွင် ပေါ်ပေါ်တင်တင် စည်းရုံးနေသည့်အပြင် အခင်းဖြစ်နေရာ၌လည်း ပေါ်ပေါ်တင်တင် ၀င်ရောက်လုယက်ဖျက်ဆီးခဲ့သည့်အပြင် အခင်းဖြစ်နေရာရှိ လူအား ရိုက်နှက်၍ ပါရှိလာသော iphone အား လုယူသည့် ဖြစ်စဉ်များအား ယခုအချိန်ထိ အရေးယူခြင်း မရှိသေးတာက ထူးခြားနေပါတယ်။

အခင်းဖြစ်ရာ နေရာအနီးတ၀ိုက်တွင် ရဲဝန်ထမ်းများ ယူနီဖောင်းဖြင့် စောင့်ကြပ်နေသော်လည်း အထက်ပါ စည်းရုံးမှုများအား တားဆီးခြင်းမရှိတာဟာ ထူးခြားမှုတစ်ခုဖြစ်နေပြီး ရပ်ကွက် NLD ပါတီဝင် အချို့၊   နိုင်ကျဉ်း ကျောင်းသားအချို့၊ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီး အချို့မှ အခြေ အနေ အား ထိန်းသိန်းနေသော်လည်း အစိုးရရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေတာကြောင့် အစွန်းရောက် သူများရဲ့ အကြမ်းဖက်လုပ်ရပ်များ ပိုမိုကြီးထွားလာမှာကို မွတ်စလင်မ်လူထုမှ စိုးရိမ်နေကြ တယ်လို့ mmm သတင်းရရှိပါတယ်။

ယင်းစိုးရိမ်မှုများကြောင့် အခင်းဖြစ်ဒေသတ၀ိုက်ရှိ မွတ်စလင်မ်များမှာ မိမိတို့နေထိုင်ရာ အိုးအိမ်များကို စွန့်ခွါ၍ ဆွေမျိုးများရှိရာသို့ သွားရောက်ရှောင်တိန်းနေထိုင်နေကြရကြောင်း mmm မှ စုံစမ်းသိရှိရပါတယ်။

သတင်းပေးပို့သူ
ktzo

No comments:

Post a Comment