ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
ရခိုင်ပြည်နယ်ရှိ
ဒုက္ခသည်များအတွက် အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့ သို့
ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien Kamalian)
ဦးဆောင်သည့် (၁၁) ဦးပါ ကိုယ်စား လှယ်အဖွဲ့သည်
ရခိုင်နှင့်ဘင်္ဂလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
၎င်းတို့၏ ခရီးစဉ်နှင့် ပတ်သက်၍ အီရန်သံအမတ် Hossien Kamalianအား မြစ်မခ သတင်းမီဒီယာမှ သွားရောက် မေးမြန်းခွင့်ရခဲ့သည်။
မေး။ ။ရခိုင်ပြည်နယ်မှာ ရှိတဲ့
ဘေးဒဏ်သင့်ဒုက္ခသည်တွေအတွက်ကို အီရန်နိုင်ငံအနေနဲ့ ဘယ်လိုမျိုး
အထောက်အပံ့တွေ ကူညီပေးသွားဖို့ရှိပါသလဲ။
ဖြေ။ ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့
တကယ်ဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီနိုင်ငံမှာ
ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့ ပူးပေါင်းပြီးတော့
အမှန်တကယ်လိုအပ်ချက်များ ကို ဖြည့် ဆည်း ပေးသွား မှာ
ဖြစ်ပါတယ်။ အခုလောလောဆယ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အပြောအဆိုအရ
သိရ တာက ဒီမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာက အဆောက်အဦးတွေ၊ ဒုက္ခသည်တွေ
အတွက်နေထိုင်ဖို့ အဆောက် အဦးတွေလိုတယ်။
ဆေးဝါးပစ္စည်းတွေလိုအပ်တယ်၊
အစားအသောက် လိုအပ်တယ် ဆိုတာကို သိရတယ်။
အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘက် ကနေပြီးတော့ ရွက်ဖျင်တဲလေးတွေကို
ယူဆောင်ပေး သွား မှာ ဖြစ်ပါတယ်။ အခုဒီမှာ မီးဖိုဆောင် သုံး ပစ္စည်းတွေလဲပါတယ်။
ကျွန်တော်တို့ဟာ လူသားချင်း စာနာတဲ့ အနေနဲ့ကိုယ့်ကိုကိုယ်
တာဝန်ရှိပုဂ္ဂိုလ် တယောက်အနေနဲ့ သတ်မှတ်ပြီးတော့ ကူညီနေခြင်း ဖြစ်ပါတယ်။
မေး။ ။ ရခိုင်မှာ ဖြစ်သွားတဲ့ ပဋိပက္ခဖြစ်စဉ်တွေအပေါ် အီရန်နိုင်ငံအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ဒီမှာ ဖြစ်ပေါ်သွားတာတွေဟာ
အီရန်နိုင်ငံရဲ့ ခေါင်းဆောင် ပိုင်းဆိုင်ရာမှာကော
အီရန်နိုင်ငံ သူနိုင်ငံ သားအားလုံးအပေါ်မှာ စိတ်ကိုထိခိုက်စေတဲ့
အဖြစ်အပျက်မျိုးတွေရှိခဲ့ပါတယ်။
ကျွန်တော်တို့အီရန်နိုင်ငံဆိုလို့ရှိရင် ဒီလိုမျိုးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့
အင်မတန်မှ ရင့်ကျက် နေပြီး သားဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒုက္ခသည်တွေကို
ကူညီဖို့ အတွက် အင်မတန်မှ အဖွဲ့အစည်းကြီးမားတဲ့ အဖွဲ့အစည်းတွေ
ကျွန်တော်တို့ ဆီမှာရှိနေပါတယ်။ ဒုက္ခသည်တွေကို
ကူညီတဲ့နေရာမှာ ဒီလို မျိုးနိုင်ငံ အတွင်းမှာ အတွေ့အကြုံရှိတာ မဟုတ်ဘဲ
နိုင်ငံရဲ့အပြင်ဘက် အာဖကန်နစ္စတန်တွေမှာလဲ ကျွန်တော် တို့ မြောက်များစွာသော
အတွေအကြုံတွေ ရင့်ကျက်နေပြီး သားဖြစ်ပါတယ်။
အဲ့သလိုမျိုးအဖြစ်အပျက်တွေကို
ကျွန်တော်တိုနိုင်ငံမှာရှိတဲ့ အကြီးအကဲတွေနဲ့ တွေ့ပြီး ဆုံးဖြတ်ပြီး တဲ့
နောက် ပထမဆုံးလောလောဆယ် ပစ္စည်းအနည်းငယ်
ယူဆောင်လာခြင်းဖြစ် ပါတယ်။ အကူ အညီ ဆိုတဲ့နေရာမှာ ပစ္စည်းတွေမျိုးဘဲ
ကူညီတာမဟုတ်ဘဲ တခြားပုံစံမျိုး ဥပမာ အတွေး
အခေါ်တွေ အဲလိုမျိုး အကူအညီတွေလည်း
ပါဝင်ပါတယ်။ ကျွန်တော်တို့ကြုံတွေခဲ့ရတဲ့
အတွေ့ အကြုံတွေ၊ ကျွန်တော် တို့ရဲ့ အတွေးအခေါ်တွေ အဲဒါတွေကို ဒီအစိုးရကို
အကူ အညီပေးမှာ ဖြစ်ပါ တယ်။ အဲလိုမျိုးအရေးအခင်း ရုန်းရင်း ဆန်ခတ်တွေ
ဖြစ်လာတဲ့အခါမှာ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်တဲ့
အတွေ့ အကြုံတွေကိုလည်း မြန်မာနိုင်ငံအစိုးရကို အကူအညီ ပေးသွားမှာ
ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော် တို့ အီရန်နိုင်ငံမှာရှိတဲ့ လူကြီးပိုင်း
တော်တော်များများဟာ အင်မတန်ကိုမှ တကယ်ကို စိတ်ဝင်တစား၊ တကယ် ကို
တလေးတစား အနေနဲ့ အရေးတယူ လုပ်ပါမယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ဒုက္ခ သည်တွေ
အမြန်ဆုံး ငြိမ်းချမ်း သွားအောင် ကျွန်တော် တို့တွေလည်း
လောလော ဆယ်မှာ ကျွန်တော် တို့နိုင်ငံရဲ့ အစိုးရ နဲ့ မြန်မာနိုင်ငံ အစိုးရ
အပါအဝင် ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခ သည်အားလုံးကို ဘယ်လိုပုံစံနဲ့
အမြန်ဆုံး ဖြေရှင်းလို့ရမယ့်ဆိုတာနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့စဉ်းစားနေပါတယ်။
မေး။ ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးပြဿနာဖြစ်လာတဲ့အခါ အီရန်နိုင်ငံအနေနဲ့ဘယ်လိုမျိုး ပုံစံတွေနဲ့ ဖြေရှင်း လေ့ရှိပါ သလဲ?။
ဖြေ။ ။နိုင်ငံတိုင်းမှာ
လူမျိုးပေါင်းစုံဆိုတာ ရှိနေပါတယ်။ အဲဒီလူမျိုးပေါင်းစုံရှိနေတဲ့ အပေါ်မှာ
သူတို့တွေကို အုပ်ချုပ်ရေးပိုင်းက လူတွေ သေသေချာချာ
အုပ်ချုပ်နိုင်သွားမယ်ဆိုလို့ရှိရင် အဲဒီလူမျိုးစု ပေါင်းစုံ
ရှိနေတာဟာ နိုင်ငံအတွက် ကောင်းတဲ့အကျိုး ကို ဖော်ဆောင်ပါတယ်။ အဲသလိုမျိုးမှ
မဟုတ်ဘူး ဆိုလိုရှိရင် သေသေချာချာ မအုပ်ချုပ်ဘူးဆိုလို့ရှိရင် အဲဒီမှာ
မျိုးစုံသော ပြသနာတွေ ဟာ ပေါ်ပေါက် လာမှာဖြစ်တယ်။ လက်ရှိ ဒီမှာ ဘယ်လို
ဖြစ်ပေါ်နေတယ်။ အဲဒီအတိုင်းဘဲ ဖြစ်ပေါ်လာဖို့ရှိပါတယ်။
တရားမျှမျှတတနဲ့ ဆက်ဆံရမှာက အဖွဲ့တိုင်း သက်ဆိုင်ပါတယ်။ သူတို့တွေကို
တကယ်တမ်း ရင်းရင်းနှီးနှီး ရှိချင်တယ်ဆိုလိုရှိရင် ချစ်ချစ်ခင်ခင်
ကြင်ကြင်နာနာနဲ့ အဲဒီပုဂ္ဂိုလ်တွေကို စကားပြောမယ်၊
သိမ်းသွင်းမယ် ဆိုလို့ရှိရင် ဒါတွေဟာ ရင်းနှီးနေမှာဖြစ်ပါတယ်။ ဆိုတော့
ရှိရှိသမျှ လူအားလုံး ဟာ လူမျိုးစုံ အားလုံးဟာ
ဘာဆန္ဒရှိကြလဲဆိုလို့ရှိရင် ဒီနိုင်ငံကြီးကို တည်ဆောက် တဲ့
နေရာမှာ တစ်တပ် တစ်အား ပါဝင်ဖို့အတွက် ကို ဆန္ဒရှိကြပါတယ်။
အဲသလိုလုပ်ပေးလိုက်ခြင်းအားဖြင့်ဟာ
တစ်ဦးနဲ့တစ်ဦးဟာ၊ တယောက်နဲ့ တယောက် ချစ်ချစ် ခင်ခင် ရှိလာမယ်။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရှိလာမယ်။ အားလုံးဟာလည်းဘဲ
ဒီနိုင်ငံကြီးကို တိုးတက်အောင် လုပ်ရမယ်ဆိုတာလဲ စဉ်းစားပြီးသားပါ။ ဒါဟာ
ကျွန်တော်တို့ အတွေ့အကြုံတစ်ခုဖြစ် ပါတယ်။ အီရန်နိုင်ငံ မှာရှိနေတဲ့
အတွေအကြုံဖြစ်ပါတယ်။ ဒီတစ်ကမ္ဘာလုံးမှာ ရှိသမျှ နိုင်ငံအားလုံးဟာလည်း ဒီစိတ်
အခြေခံ ရှိမယ် ထင်ပါတယ်။
မေး။ ။ ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် မြန်မာအစိုးရ ကိုင်တွယ်ပုံကိုကော ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ ပထမဆုံးအနေနဲ့
ဒါကိုလုပ်ရမှာက ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ သူတွေကို သေသေ ချာ ချာဖြစ်အောင်
လုပ်ပေးဖို့ လိုပါတယ်။ လောလောဆယ် ဒီလိုမျိုးအင်မတန်မှ ဒုက္ခရောက်နေ တဲ့
ပုံစံမျိုး ထားရှိတာဟာ လုံးဝ မသင့်ဘူး။ သူတို့အတွက်ကို
အစားအသောက်ဆေးဝါး နေဖို့ထိုင်ဖို့ အဲဒါတွေ အကုန်လုံး သူတို့အတွက်ကို
အဆင်သင့်ဖြစ်အောင် လုပ်ထားရမယ်။ ဒုတိယ အဆင့် အနေနဲ့ နှစ်ဘက် စလုံးကို
ယုံကြည်မှုတိုး လာအောင် လုပ်ပေး ရမယ်။ အဲဒီ ကနေပြီးတော့မှ နောက် တစ်ခါ
သူတို့တွေကို သူတို့အိမ် တွေမှာအေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ဖို့
ဆက်ပြီးတော့ လုပ်ပေးရမှာ က ဒါဟာ စစ်မှန် တဲ့သူတို့တွေကို
ဖြေရှင်းတဲ့နည်းလမ်း တစ်ခုဖြစ်တယ်။
(အခုလိုဖြေကြားပေးတဲ့ အီရန်သံမတ် Hossien Kamalian ကို ကျွန်တော်တို့မြစ်မခ သတင်းအေဂျင်စီ က ကျေးဇူးအထူးတင်ပါတယ်)
မြစ်မခမ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment