New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, February 17, 2013

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

2013-02-14
အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အစီအစဉ်တွေ ဟာ   နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။
Photo: RFA
Amnesty-international-Frank-305
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တဖြေးဖြေးချင်း ထိမ်းပြီးတော့ အပေးအယူ လုပ် ဆောင် ရွက် သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ် ရီ တိတ်ခ်ျ ဖေါင်ဒေးရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ Mr Jannuzi
က ပြောပါတယ်။
အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တော်တော် များများ ဖြေလျော့ပေး လိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင် ပြောင်းလဲမူတွေ ဆက်လုပ်သွားဖို့ ဘယ်လို အချက်တွေနဲ့များ အပေးအယူ လုပ်ကြမယ် ဆိုတာ မေးစရာ မေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။
အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မူတွေကို ဖြေလျော့ပေးတာ ဟာ မြန်မာအစိုးရ ကို ပြုပြင်ပြောင်း လဲရေးလုပ်ဖို့ ဆွဲဆောင်မူ ရှိပေမဲ့ တုံ့ပြန်ချက် ရလဒ်အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ် အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက် သင့်ပါတယ် လို့ ပြော သွားပါတယ်။
အဲဒီ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက် ခဲ့တဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြချက်ကို နားဆင် နိုင်ပါတယ်။

No comments:

Post a Comment