New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, February 26, 2013

သာကေတမာန်ပြေ၌ အာရဗီကျောင်းသတင်းမှားကြောင့် အဓိကရုဏ်းဖြစ်ပွား




ကျော်ဇင်ထွန်း (မြစ်မခ)
by Myit Makha Mediagroup on 20 Feb, 2013

သာကေတမြို့နယ်မာန်ပြေ ၃ရပ်ကွက် ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အာရဗီဘာသာရေး စာသင် ကျောင်း အမိုးများ ပျက်စီးမှုအား ပြုပြင်ရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြထားသည့် ပြင်ဆင်ခွင့်နှင့် ပြန်လည်ပြင်ဆင်ရာတွင် ခွင့်ပြုထား သည် ထက် ကျော်လွန်၍ ကွန်ကရစ်တိုင်များ အခိုင်အမာဆောက်လုပ်ခြင်း ၊ထုပ်၊ လျှောက်၊ ဒိုင်း၊မြားတင်ရာတွင် ဟင်ဂလန်ချောင်းများ အသုံးပြု တည်ဆောက်ခြင်းတို့ကြောင့် ဘာသာရေး စာသင် ကျောင်းအစား ဗလီတည်ဆောက် သည်ဟု ရပ်ကွက်သားများက ယူဆကာ အာရဗီကျောင်း တာဝန်ခံနှင့် အချင်းများ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



ခွင့်ပြုချက်မရဘဲ ဗလီဆောက်နေသည်ဆိုသည့် သတင်းကြောင့် အခြားမြို့နယ်များမှ ပြည်သူများက လာရောက် ပူးပေါင်းကြရာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂း ၃၀ ခန့်တွင် လူအင်အား ၁,၀၀၀ ခန့်အထိ ရောက်ရှိလာကာ ထိုအဆောက်အဦးအား ဖျက်သိမ်းပေးရန် ဆန္ဒပြကြွေးကြော် တောင်းဆို ခဲ့ကြသည်။



ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ဆန္ဒပြပွဲတွင် လူအုပ်ကြီးက ဇာတိမာန်ထက်သန်တက်ကြွစေသည့် သီချင်း များ သီဆို ဆန္ဒပြကြ ရာ အာရဗီကျောင်းအ၀င်လမ်းများဖြစ်သည့် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း ကို ပိတ်ဆို့ ထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြလူအုပ်ကြီးတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။



ဆန္ဒပြလူအုပ်မှာ ညအချိန်ထိလူစုမခွဲသဖြင့် ရွှေဝါရောင်ဆရာတော် ဦးပဏ္ဏ၀ံသဦးဆောင်သော သံဃာတော်အချို့နှင့် ဦးကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မငယ်(ခ) မမီးမီး စသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တို့ ရောက်ရှိကာ ဆန္ဒပြ လူထုအားဖြောင်းဖျပြော ဆိုခဲ့ရာ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် လူစုခွဲခဲ့ကြောင်းကိုလည်း သိရသည်။



ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် အင်အား ၁၀၀ကျော်ရှိသည့် လူအုပ်မှာ အဖွဲ့ငယ်များ ခွဲ၍ မာန်ပြေရပ်ကွက် ၁၈ လမ်းနှင့်  ၁၉ လမ်းထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့တွင် အကဲခတ် ကြည့်ရှုခဲ့ ကြောင်းကိုလည်း တွေ့ရသည်။



အဓိကရုဏ်းဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ အာရဗီကျောင်းတာဝန်ခံ ဘာသာရေး ဆရာ၏သမီးနှင့် ရပ်ကွက် အတွင်းမှ မြန်မာအမျိုးသမီးတို့ အာရဗီကျောင်း ပြင်ဆင် ဆောက်လုပ် နေသည့်ကိစ္စနှင့်ပတ်သက်၍ အချင်း များကြ ရာမှ ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။



၎င်းအာရဗီစာသင်ကျောင်းမှာ ယခင်စစ်အစိုးရလက်ထက်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီး ကြား ကာလ၌ အာဏာပိုင်အချို့မှ အဂတိလိုက်စားကာ ပြန်လည် ဖွင့်လှစ် ပေးခဲ့သည့် နောက် ဒေသခံများမှ မကျေနပ် မှု စတင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြဿနာ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောကြသည်။



“ ဦးဇင်းတို့လည်း အစအဆုံး ထိန်းသိမ်းပေးနေတာပဲ။ သတင်းတွေကြားပြီး ရောက်လာကြတာ ဆိုတော့ မနေ့ က လာတဲ့ ပရိတ်သတ်နဲ့ ဒီနေ့လာတဲ့ ပရိတ်သတ်မတူဘူး။ ဦးဇင်းတို့ရှင်းပြလိုက်ပါတယ်၊ တစ်ဖက်နဲ့ တစ်ဖက်ရိုက် ပုတ် ကြပြီး သွေးထွက်သံယိုဖြစ်တဲ့ အထိတော့ ရောက်မလာကြတော့ဘူးပေါ့။ ပြီးတော့ သတင်းက သတင်း မှားကြီးဖြစ်နေတယ်။ ဒီသတင်းမှားကြီးကြောင့် တဖွဲဖွဲ ရောက်လာကြတဲ့ လူတွေကို ဦးဇင်းတို့က ရှင်းပြရတယ်။ ရှင်းပြတော့ လည်း ပြန်သွားကြပါတယ်။” ဟု ဆရာတော် ဦးပဏ္ဏ၀ံသက ရှင်းလင်းမိန့်ကြားသည်။



ဒေသခံအချို့ကမူ အာရဗီကျောင်း တာဝန်ခံတွင် ဗလီဆောက်မည့်ရည်ရွယ်ချက် ရှိ/မရှိ မသိရ သော်လည်း လက် ရှိပြုပြင် မှုကို အဆမတန်တိုးချဲ့ဆောက်လုပ်နေသဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။



“ လမ်းတွေကတော့ မလိုတဲ့သူတွေ ဆွပေးနေတာကို ဆက်မဖြစ်အောင် ပိတ်ထားလိုက်ကြတာ။ စည်ပင်က ချိတ် ပိတ်ပြီး သွားရင်တော့ ရပ်ကွက်ကို ကြေညာသွားမှာပါ။ ဒါဆိုနှိုးဆွခံရတဲ့သူတွေလည်း သဘောပေါက်သွားကြမှာပဲ။ သဘော မပေါက်ဘဲ အဓိကရုဏ်းဖြစ်စေ ချင်တဲ့သူတွေ ဆက်ရှိနေသေးတယ် ဆိုရင်တော့ အစိုးရက ပုဒ်မ ၁၈၈ ထုတ်တော့ မှာ။ ဒါဆို ဥပဒေအရ အရေးယူ ခံရမှာပဲ။ တစ်ဖက်အဖွဲ့က ဘာသာရေးခေါင်းဆောင် ပိုင်းတွေနဲ့ လည်း   တွေ့ပြီးပါပြီ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။



ဆရာတော် ဦးပဏ္ဏ၀ံသမှာ ထောင်မှထွက်လာပြီးကတည်းက မေတ္တာ Campaignဟူ၍ ဘာသာ(၄)မျိုး စုပေါင်းက စည်းလုံးရေးပွဲတော်များ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဘာသာလေးမျိုးစလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ကို လည်း ဆရာတော်က ဆက်ပြောသည်။



“ဆူးလေဘုရားနဲ့ စူရတီဗလီယှဉ်ပြီးရှိနေတာကို ကြည့်ပေါ့။ အဲဒီလို Campaign ကို ပြည်သူတွေ သာမက တစ်ကမ္ဘာ လုံးကသိအောင် လုပ်တာ။ အစွန်းရောက်သမားတွေက ဦးဇင်းတို့တိုင်းပြည်ကို Genocide လုပ်နေတယ် ဘာညာနဲ့ စွပ်စွဲနေကြတယ် မဟုတ်လား။ မူဆလင်ခေါင်းဆောင်ပိုင်း တွေကလည်း ပြောပါတယ်၊ သူတို့ဘက်က Foul ဖြစ် သွားတဲ့အတွက် ဦးဇင်းတို့ အဆင်ပြေ သလိုလုပ်ကြပါလို့ ပြောပါတယ်။ သူတို့ဘက်မှာရော ဒီဘက်မှာရော Knowledge နိမ့်တဲ့သူ တွေရှိတယ်၊ Sensitive ဖြစ်တဲ့သူတွေ ရှိတယ်။ မြန်မာလူမျိုးဆိုတာ သူ့ချည်းပဲဆို ဘာသာ လ၀ါ နေတာ၊ ဘာမှမဖြစ်ဘူး၊ Colorlessပဲ။ အဲတစ်ယောက်ယောက်က သွေးထိုးပေးလိုက်ရင် ချက်ခြင်း ပြောင်း သွားတယ်။ Knowledge နိမ့်တဲ့ သဘောပေါ့။” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။



ဆရာတော် ဦးပဏ္ဏ၀ံသက စာနယ်ဇင်းသမားများအား အာရဗီစာသင်ကျောင်းဝင်းအတွင်းသို့ ဦးဆောင်ခေါ်သွားပြီး “ ဒကာကြီးတို့မြင်တဲ့အတိုင်းပဲလှုံ့ဆော်တဲ့သူတွေက Underground ရှိတယ် ဘာညာနဲ့ပြောနေကြတယ်။ ဒါက သူ တို့ဆောက် လုပ်ရေးပစ္စည်းတွေ သိမ်းထားတဲ့ ကျင်းပါ။ Underground ဟုတ် မဟုတ်ကြည့်ပေါ့။ ဒါ့ကြောင့် သတင်း က သတင်းအမှားကြီးလို့ပြောတာ။” ဟု ဆရာတော်က မိန့်ကြားရှင်းပြပါသည်။



“အခုမြင်ရတဲ့တိုင်တွေက ၂၀၀၁ခုနှစ်က ခွင့်ပြုမိန့် တင်ထားပြီးတော့ ခွင့်ပြုမိန့်ကျပြီးမှ အခုလိုပဲ ကန့်ကွက် မှုတွေ ရှိတော့ ခွင့်ပြုမိန့်ကို ပြန်ရုတ်သိမ်းတဲ့အချိန်မှာ ကျန်ခဲ့တဲ့တိုင်တွေပေါ့။ ပြဿနာ တစ်ခုဆိုတာ အမျိုးသမီးနှစ်ယောက် စကားများရုံနဲ့ဖြစ်တာတော့မဟုတ်ဘူးပေါ့။ တစ်ဖက်ကလည်း ကန့်ကွက် တစ်ဖက်ကလည်း ဆက်ဆံရေး အဆင် မပြေ ဆိုတော့ ဖြစ်ကြတာပေါ့။ ဒီနေ့စည်ပင်က လာပြီး ချိတ်ပိတ်မှာပါ။”ဟု မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှတာဝန် ရှိသူတစ်ဦး က ရှင်းပြသည်။



“ကျွန်တော်တို့က ရပ်ကွက်ငြိမ်းချမ်းရေးကို အထိခိုက်မခံနိုင်ဘူး။ ဒါ့ကြောင့် လွန်လွန်ကျွံကျွံတွေ မဖြစ် အောင် ၀င် ထိန်းပေးနေတာပါ။ တစ်ခုခုဖြစ်ရင် ရပ်ကွက်ပဲ ထိခိုက်နစ်နာမယ်လေ။ ရပ်ကွက် ငြိမ်းချမ်းရေးဆိုတာလည်း တိုင်းပြည်ငြိမ်းချမ်းရေးပဲ မဟုတ်လား။”ဟု အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြို့နယ်အဆင့် တာဝန်ရှိ သူတစ်ဦး က ပြောပြသည်။



ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ညနေ ၄ နာရီအချိန်ထိ တွေ့မြင်ခဲ့ရသည့် တာဝန်ကျ လုံခြုံရေး အင်အားမှာ ၅၀   ကျော် ရှိကြောင်းကိုလည်း တွေ့ရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒုတိယရဲမှူးကြီး မြင့်အေးကိုယ်တိုင် အနီးကပ် လာရောက် စစ်ဆေးကြီးကြပ်နေသည်ကိုတွေ့ရသည်။



လုံခြုံရေးဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ နယ်ဇင်းသမားများက မေးမြန်းရာ တွင် ဒုတိယရဲ မှူးကြီး   မြင့်အေး က လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုစိုက်ဆောင်ရွက်နေကြောင်း၊ ဆန္ဒပြလူထုထဲတွင် မသမာသူများ လည်း ပါဝင်နေသဖြင့် သည်းခံ၍ ဆောင်ရွက်နေရကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်လျင် ရာနှုန်းပြည့်လုံခြုံရေး ဆိုသည်မှာ မရှိကြောင်း၊ လုံခြုံရေး အခြေအနေပေါ် မူတည်၍ အဖြူ၊ အ၀ါ၊ လိမ္မော် စသည်ဖြင့်အရောင်များဖြင့် ခွဲခြား သတ်မှတိထားကြောင်း၊ လက်ရှိ လုံခြုံရေးအခြေအနေအရောင်သတ်မှတ်ချက်နှင့်ပတ်သက်၍ ပြောကြားရန် မဖြစ်နိုင်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါသည်။



ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မီတီက အဆိုပါ ပြုပြင်ဆဲ အာရဗီဘာသာရေးကျောင်း အဆောက် အဦအား ညနေ ၃း၄၅ ခန့်တွင်လာရောက် ချိတ်ပိတ်လိုက်ခဲ့သည်ကို တွေ့ရသည်။



ရပ်ကွက်အတွင်းမှ အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးက “ ရောက်လာတဲ့လူအုပ်ကြီးက ကျွန်မတို့ရပ်ကွက်ကတော့ မဟုတ်  ဘူး။ လူအုပ်ကြီးကတော့မြေလှန်ပစ်မယ်ပဲ ပြောနေကြတာ၊ ကျွန်မ တို့ ရပ်ကွက်သားတွေ အနေနဲ့ကတော့ ဗလီ  မဆောက်  ရင်ပြီးတာပါပဲ။ စာသင်ကျောင်းလောက်ပဲဆိုရင် ဒီလောက်ပြဿနာမရှိပါဘူး။” ဟု ပြောသည်။



“ အဲဒီ ဂေါပကလူကြီး (ကျောင်းတာဝန်ခံကိုဆိုလိုသည်။) က နည်းနည်းလေးကဲတာပါ။ လိုတာထက် ပိုလုပ်တော့ အခုလိုပြဿနာဖြစ်တာပေါ့။ ကျွန်မတို့ကတော့ အရှုပ်ထုပ်ထဲဝင်မပါဘူး။” ဟု ရပ်ကွက်အတွင်း နေထိုင်သော အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးက မှတ်ချက်ပြု ပြောကြား သည်။



ညနေ (၄)နာရီအချိန်ထိ ၁၈ လမ်းနှင့် ၁၉ လမ်းထိပ်အတွင်းဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် တို့ နေရာယူ ထားဆဲဖြစ် သလို အင်အား ၁၀၀ ကျော်ခန့်ရှိ အုပ်စုခွဲကလေးများကလည်း ပိတ်ဆို့ထားသည့် လမ်းအပြင်ဘက်မှ အတွင်းဘက်သို့ အကဲခတ်ကြည့်ရှုနေကြသည်။



အဆိုပါကိစ္စ၌ ပြဿနာကို ပြေလည်အောင် အကောင်းဆုံးကြိုးစားဖြေရှင်းနေကြသူများ ရှိသလို ပြဿနာ ပိုမိုကြီး ထွားအောင် လှုံ့ဆော်နေကြသူများလည်း ရှိမည်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

No comments:

Post a Comment