New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, February 24, 2013

သမိုင်းဟူသည်ဤသို့တည်-၉ (မွတ်စ်လင်မ်ဆိုတာ လူမျိုးလား- မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်)

M-Media
ရဲရင့်သစ္စာ
ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

Thamine-Hu-the
မွတ်စ်လင်မ်ဆိုတာ လူမျိုးလား
ဟိန္ဒူဆိုတာ လူမျိုးမဟုတ်သလို၊ မွတ်စ်လင်မ်ဆိုတာလည်း လူမျိုးမဟုတ်ပါ။ အိန္ဒိယ တိုက်ငယ်မှာနေထိုင်သူ အားလုံးကို ယေဘုယျအားဖြင့် ဟိန္ဒူ လို့ ခေါ် ဆိုနိုင်ပါတယ်။ အဲဒီအကြောင်းကိုအောက် တစ်နေရာ မှာ ရေးပြပါဦးမယ်။   မွတ်စ်လင်မ်ဆိုတဲ့ အာရဗီဝေါဟာရ နဲ့ အစ္စလာမ်ဆိုတဲ့ အာရဗီဝေါဟာရနှစ်ခုစလုံး ဟာအာရဗီဝေါဟာရ အရင်းအမြစ် “စလမ” က နေ ဆင်းသက်လာတာပါ။ “စလမ” ဆိုတာ “ငြိမ်းချမ်းခြင်း” “နာခံခြင်း” လို့
အဓိပ္ပာယ်ရပါတယ်။  ဒါကြောင့် မွတ်စ်လင်မ် ဆိုတာ အမိန့်နာခံသူ ၊ ငြိမ်းချမ်းသူ လို့ အနက် ရပါတယ်။ အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်သူတိုင်းကို မွတ်စ်လင်မ်လို့ခေါ်ပါတယ်။ တရုတ် ဖြစ်ဖြစ်၊ ဂျပန်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမည်း ဖြစ်ဖြစ်
အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်ရင် မွတ်စ်လင်မ်ပါပဲ။ အဲဒီ concept သညာကို နားမ လည် သရွေ့သမိုင်းကို ကိုယ်တိုင်ရေးဖို့ နေနေသာသာ တစ်ပါးသူရေးထားတဲ့ သမိုင်းကို နားလည် ဖို့တောင် မလွယ် ပါဘူး။ မွတ်စ်လင်မ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကွဲပြားရှင်းလင်းစွာ နားလည်သွား အောင် ကမ္ဘာကျော် ကျမ်း ကြီးတွေရဲ့ အဖွင့်တွေ ကို လေ့လာကြည့်လိုက်ရ အောင်ခင်ဗျာ-
Oxford Advanced Learner’s Dictionary of Current English, seventh edition, Oxford, Oxford University Press, 2006.
“Muslim/’muzlim; ‘maz-;-ləm / noun a person whose religion is Islam” Merriam-Webster’s Advanced Learner’s English Dictionary, Springfield, U.S.A, Merriam-Webster, Incorporated, 2008.
“Muslim/’mazləm/ noun, pl Muslims [count] : a person whose religion is Islam : a follower of Islam”
မြန်မာအင်္ဂလိပ် အဘိဓာန်၊ မြန်မာစာအဖွဲ့။
“မွတ်စလင် / mu hsalin / n Muslim; one who professes Islam. [Arab muslim]”
အထက်ပါ အကိုးအကားတွေမြင်ရပြီးနောက် မွတ်စ်လင်မ်ဆိုတာ လူမျိုး မဟုတ် ကြောင်း အသေအချာ ကွဲပြားစွာ သိသွားကြမယ်လို့ ယုံကြည်ပါတယ်။
 မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်
စာအုပ်စာမျက်နှာ (၈၄)မှာ ရေးထားတာက-”မြန်မာနိုင်ငံထဲသို့ဝင်ရောက် လာသော အစ္စလမ်ဘာသာဝင် မွတ်ဆလင်များသည် အာရပ်လူမျိုးများမဟုတ်ပါ။ အစ္စလမ်ဘာသာအောက် သို့ သွတ်သွင်းခြင်းခံခဲ့ရသော ဘင်္ဂါလီ လူမျိုးခေါတော ကုလားများဖြစ်သည်” မြန်မာနိုင်ငံ ကို ဘယ် မွတ်စ်လင်မ်တွေက ဘယ်တုန်းက စဝင် ရောက် လာခဲ့ သလဲဆိုတာကို ပညာရှင်တွေ ပြုစုထားတဲ့ ကျမ်းကြီးတွေ က အထောက် အထား   တွေ လေ့လာကြည့်ကြရအောင်။
(က) အေဒီ (၆၈၀)လောက်မှာအစ္စလာမ်ဘာသာရဲ့စတုတ္ထ Caliph ဖြစ် သူအလီ အိဗ်နုအဗီသွာလိဗ် ရဲ့ သားတစ်ဦးဖြစ်တဲ့ မုဟမ္မဒ်အိဗ်နု အလ် ဟနဖွီ ယဟ်ဟာ ဘင်္ဂလား ပင်လယ်အော် ပင်လယ်ရေကြောင်း ကတစ်ဆင့် ရခိုင် ကမ်း ရိုးတန်း၊ အဲဒီကတစ်ဆင့်မောင်တောမြို့ ကိုရောက်ရှိခဲ့တယ်၊ သူနဲ့ သူ့ဇနီးတို့ ရဲ့သင်္ချိုင်းဂူ ဟာ ယနေ့တိုင် မောင်တောတောင်ပေါ်မှာ ရှိပါတယ်လို့ Abul-Fazl Ezzati က The Spread of Islam စာမျက်နှာ ၃၀၁-၃၃၃ မှာရေးထားပါတယ်။
(ခ) အနော်ရထာမင်းပုဂံမှာ ပထမမြန်မာနိုင်ငံတော် မတည်ခင်၊ အေဒီ (၉) ရာစုကတည်းက မွတ်စ် လင်မ်တွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ် ၊ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင် ကို ရောက်ရှိခဲ့တယ် လို့ Moshe Yegar ရဲ့ “The Muslims of Burma” A study of a minority Group စာမျက်နှာ (၂) မှာရေး ထား ပါတယ်။
(ဂ) မွတ်စ်လင်မ်တွေဟာ မြန်မာနိုင်ငံကိုကုန်သည်တွေ၊ စစ်အရာရှိတွေ၊ စစ်သုံ့ပန်းတွေ၊ ကျွန်တွေ အဖြစ်   ရောက်ရှိလာ တာတွေဖြစ်ပြီး၊ ကနဦးရောက်လာ တဲ့ မွတ်စ်လင်မ်တွေဟာ တော်ဝင် အကြံပေး အရာရှိတွေ၊ တော်ဝင် အုပ်ချုပ်ရေး အရာရှိတွေ၊ ဆိပ်ကမ်းအာဏာပိုင်တွေ၊ မြို့တော်ဝန်တွေ၊ ရိုးရာဆေး ပညာရှင် တွေ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း Moshe Yegar ရဲ့ “The Muslims of Burma” A study of a minority Group” မှာ ဖတ်ကြည့်နိုင်ပါတယ်။
(ဃ)   အေဒီ (၈၆၀) ခန့်မှာ ပါရှန်းမွတ်စ်လင်မ်တွေဟာ တရုတ်ပြည်ယူနန် နယ်စပ် ကတစ် ဆင့်မြန် မာပြည်မြောက်ပိုင်း ကို ရောက်ခဲ့တယ်လို့ Sayyid Qudratullah Fatimi က “The role of China in the spread of Islam in South East Asia” စာမျက်နှာ (၉) မှာရေးသားထားပါတယ်။
(င) အာရပ်ကုန်သည်တွေဟာ မုတ္တမနဲ့ မြိတ်တို့ကို ရောက်ရှိအခြေချ နေထိုင်မှုတွေရှိခဲ့ပြီး ယနေ့မြိတ် ကျွန်းစုတွေမှာ ဟိုစဉ်က အာရပ်အခြေချနေထိုင် မှုတွေရှိခဲ့တယ်လို့ မောရစ်ကောလစ်က သူ့ရဲ့ Into Hidden Burmaမှာ ရေး သားထားပါတယ်။
(စ)     အင်းဝသိမ်းလောင်းကြက်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ မြောက်ဦး မင်းဆက်ရဲ့ပထမဦးဆုံး ဘုရင်ဖြစ် တဲ့ မင်းစောမွန် (နရမိတ်လှ)မင်းမြတ်နဲ့ အတူ ဘင်္ဂလားက ဘင်္ဂါလီ စစ်သည်တော်တွေ ဟာ အေဒီ ၁၄၃၀ မှာ မြောက်ဦးမြို့ကို ရောက်ရှိ အခြေချနေထိုင်ခဲ့တယ်လို့ မြန်မာရာဇဝင်ကျမ်းအများစု၊ ရခိုင်ရာဇဝင် ကျမ်း အများစု နဲ့နိုင်ငံရပ်ခြားပညာရှင်တွေပြုစုတဲ့ သမိုင်းကျမ်းအစောင်စောင်မှာ ပါရှိ ပါတယ်။ နမူနာ အနေနဲ့ G.E Harvey ရဲ့ History of Burma ကို လေ့လာ ကြည့်ပါ။
(ဆ)  အိန္ဒိယမဂိုဘုရင်ဩရန်ဇစ်ရဲ့အကိုရှားဟ်ရှုဂျာဟာမဂိုနန်းတွင်း အရေးကြောင့် အိန္ဒိယကနေ ထွက်ပြေး တိမ်းရှောင်ရင်း ဒါကာမြို့ (ယခု ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၏ မြို့တော်)ကတစ်ဆင့် အရကန် (ခ) ရခိုင်ကို ၁၆၆၀ ကရောက်ရှိခဲ့ပြီး ရခိုင် မြောက်ဦးဘုရင် စန္ဒသုဓမ္မ ရဲ့ ကတိပေးဖိတ်ခေါ်မှုကြောင့် သူ့ရဲ့ မိသားစု အခြွေအရံတို့နဲ့အတူ ရခိုင်ဘုရင်ရဲ့နန်းတွင်းကိုရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က ရခိုင် (Arakan) ပြည်မှာ ပြည်သားတွေအဖြစ် မဂိုနဲ့ပထန်တွေ အပါအဝင် မွတ်စ်လင်မ် တွေ အခြေချနေ ထိုင်ခဲ့ကြကြောင်း Niccolao Manucci ရဲ့ Storia Do Mogor အတွဲ (၁) မှာ ပါရှိပါတယ်။  အဲဒီအချိန်က ရခိုင်ပြည်မှာ မဟာမေဒင် ဘာသာဝင် (မွတ်စ်လင်မ်) တွေ ရှိခဲ့ကြောင်း ဆာအာသာဖဲယာ (Sir Arthur P. Phayre) ကလည်း သူ့ရဲ့ History of Burma စာမျက်နှာ (၁၇၉) မှာဖော်ပြထား ပါသေးတယ်။
အထက်ပါအကိုးအကားတွေက  နိုင်ငံရပ်ခြားပညာရှင်တွေရဲ့ ကျမ်းတွေ ထဲ ကပါ။ အခုဆက် လက်ပြီး မြန် မာနိုင်ငံ သား ပညာရှင်တွေ ရေးသားထားတာတွေ ကို လေ့လာ ရအောင်ခင်ဗျာ။
(ဇ)  ဆရာကြီး G.H Luce နဲ့ ဆရာကြီး ဦးဖေမောင်တင်တို့ English ဘာသာကို ပြန်ထားတဲ့ မှန်နန်း ရာဇဝင် (The Glass Palace Chronicle of the Kings of Myanmar)  စာမျက်နှာ (၇၅) ၊ “Of the mighty men of valour, the Kala brothers” (စွမ်းပကားသတ္တိကြီးမားသော ကုလားညီနောင် များ) ခေါင်းစဉ် ငယ် အောက်မှာ- “ကုလားညီနောင်နှစ်ယောက်ဟာ သထုံအနီး သင်္ဘော ပျက် ရာမှ ပျဉ်ပြားချပ်အား မှီတွယ်၍ သထုံသို့ရောက်ရှိခဲ့သည်။”
အဲဒီကုလားညီနောင်ဟာအာရပ်မွတ်စ်လင်မ်တွေဖြစ်ကြောင်း၊ ဗျတ်ဝိနဲ့ဗျတ္တတို့ ဖြစ်ကြောင်း၊ သထုံမင်းဟာ အစ်ကိုကြီးကို ကွပ်မျက်ခဲ့ကြောင်း၊ ညီဟာ အနော်ရထာမင်းကြီးထံမှာ အမှုတော်ထမ်းခဲ့ကြောင်း၊ ပုပ္ပါးက အမျိုးသမီး တစ်ဦးနဲ့ အကြောင်းပါပြီး ရွှေဖျင်းကြီး၊ရွှေဖျင်းလေး အမည်ရတဲ့ သားနှစ်ယောက် ထွန်းကား ခဲ့ကြောင်း အထွေအထူးကိုးကား ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။
(ဈ)     မြန်မာသက္ကရာဇ် ၅၉၅ (အေဒီ ၁၂၃၅) မတိုင်ခင် မှာ ပုသိမ်မြို့ကို ကုလားပသီမင်းတွေအုပ်စိုး ခဲ့ပြီး   ၅၉၅ မှာတော့ ဂုဏ္ဏသာရ နဲ့ ဂုဏ္ဏသာရီ အမည် ရှိကြတဲ့ မွန်ညီနောင်နှစ်ပါးက ပသီမင်းကိုလုပ်ကြံပြီး အစဉ်အဆက် စိုးစံခဲ့ကြ တယ် လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၆) ၊ စာမျက်နှာ (၃၅၀)၊ “ပုသိမ်” entry မှာ ပါရှိပါတယ်။
(ည)   အင်းဝအိမ်ရှေ့မင်းသား မင်းဖြူ (ခ) မင်းရဲကျော်စွာဟာ  အေဒီ ၁၄၁၄ မှာ ပုသိမ်မြို့ကို ချီတက်လာတော့ ပုသိမ်မြို့နေ ကုလားပန်းသေးမြို့သား တွေက ရွှေငွေပုဆိုးကောင်း၊ ကတ္တီပါသက္ကလတ်၊ ပရပတ်နီပါး ဆက်သခဲ့တယ်လို့ မြန်မာ မင်းများ အရေးတော်ပုံကျမ်း၊ စာမျက်နှာ (၂၄၅) မှာ ပါရှိပါတယ်။
(ဋ)     မင်းတရားရွှေထီးဟာ သုရှင်တကာရွတ်ပိရဲ့ ဟံသာဝတီကို တိုက် ဆင် ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သူရဲခြောက်သောင်းနဲ့ လုပ်ကြံတော့ ကုလား ပန်းသေးတွေက မြို့ထိပ်ကနေ စိန်ပြောင်း မြတပူ နဲ့ပစ်ခတ်တဲ့ အတွက် ဆက် လက်မတတ်နိုင်ဘဲ သုံးလအကြာမှာ ကေတုမတီမြို့ကို ပြန်တော်မူခဲ့ရကြောင်း မှန်နန်းရာဇဝင်- တောင်ငူမင်းဆက် (သီဟရတနာ ပုံနှိပ်တိုက် ၃ တွဲပေါင်းချုပ်) စာမျက်နှာ (၄၀၄) မှာ ပါရှိပါတယ်။
(ဌ) မင်းတရားရွှေထီးဟာမုတ္တမကို အေဒီ ၁၅၄၀ ခန့်မှာကြည်းရေပေါင်း လုပ်ကြံတော့ကုလားပန်းသေးတွေ ဟာ သင်္ဘော ခုနှစ်စင်းထက်က အမြောက် ကြီး မြတပူနဲ့ပစ်တဲ့အတွက် မြို့ကိုဝင်နိုင်ခြင်း မရှိ ခဲ့ကြောင်း၊ နောက်တော့ မီးရှူး ဖောင်တွေစီရင်ပြီး အဲဒီသင်္ဘောတွေကိုလုပ်ကြံခဲ့တဲ့ အတွက်သင်္ဘောသား တချို့ မီးလောင်သေပြီးသင်္ဘောသားတချို့ကို အရှင်ဖမ်းမိခဲ့ကြောင်း တွင်းသင်းတိုက် ဝန်မဟာ စည်သူ ဦးထွန်းညို ပြုစုတဲ့ မဟာရာဇဝင်သစ် (တောင်ငူဆက်) ဒုတိယ တွဲ စာမျက်နှာ (၃၅) နဲ့ (၃၇)မှာ မှတ်တမ်းတင် ထားတာတွေ့ရပါတယ်။
(ဍ)မြန်မာသက္ကရာဇ် ၉၀၅ ခုမှာ မင်းတရားရွှေထီး ပြည်မြို့ကို ဒုတိယ အကြိမ် ချီတက်လုပ်ကြံရာမှာ ကုလား ပန်းသေးတို့ကိုလည်း အထူးထူးသော ဦးရစ် ဘောင်းဘီတို့နဲ့ တန်ဆာဆင်ယင် စိန်ပြောင်း မြတပူကိုင် စွဲလျက် လိုက်စေတယ်လို့ ကထိကဦးစိန်လွင်လေး ဝိဇ္ဇာ(ဂုဏ်ထူး)၊ ဒီဂျေပြုစုတဲ့ မင်းတရားရွှေထီးနှင့် ဘုရင့်နောင် ကေတုမတီ တောင်ငူရာဇဝင် စာမျက်နှာ (၂၀၄) မှာပါရှိပါတယ်။
(ဎ) အေဒီ (၁၆၁၃) မှာ သန်လျှင်မြို့စား ငဇင်ကာ ငှားရမ်းခဲ့တဲ့ကုလား ပသီ (၂၀၀၀) ကျော်ကို အနောက် ဘက်လွန်မင်းက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ကုလားပသီတွေကိုရွှေဘိုမြို့မြောက်ဖက်နဲ့ အင်းဝမြို့မြောက် ဖက် တို့မှာ အစု ခွဲပြီးနေရာ ချထားခဲ့တယ်လို့ ဆရာမောင်ကျော်ရှင်းရဲ့ ၁၉၉၇ ခုနှစ် စာပေ ဗိမာန်စာမူဆုရ “မြေတူမြို့” စာအုပ် စာမျက်နှာ ၆၀-၆၁ တို့မှာ ရေးသား ထားပါတယ်။
(ဏ)ညောင်ရမ်းခေတ်တွင်မြေတူမြို့၌ လုပ်မြေနေမြေပေး၍ချထားခြင်း ခံရသော ပသီကုလား များသည် လည်း မြန်မာ၊ ရှမ်း၊ကတူး စသောတိုင်းရင်းသား များနှင့် အတူလက် တွဲလျက် ပြည် တွင်းပြည်ပရန်သူ ဟူသမျှကိုသစ္စာ ရှိရှိတာဝန် သိသိ တိုက်ခိုက်ချေမှုန်းခဲ့ကြပါသည်။ မြေတူမြို့မှ ပသီကုလားများသည်လည်း အမြောက်တပ်များတွင် ပါဝင်ထမ်းဆောင်ခဲ့ကြောင်း ၊ မြေတူပသီများသည် မြင်း တပ်၊ သေနပ် ကိုင် တပ်စသော တပ်များတွင်လည်း သစ္စာရှိရှိတာဝန်သိသိ စစ်မှုထမ်းဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။ (ဆရာမောင်ကျော်ရှင်း၏ ၁၉၉၇ ခုနှစ် စာပေဗိမာန် စာမူဆုရ “မြေတူမြို့” စာအုပ် စာမျက်နှာ ၁၃၃)
အထက်ပါအကိုးအကားတွေကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခြင်း မပြုခင် ကတည်းက တိုင်းတစ်ပါးက ကူးပြောင်းရောက်ရှိ လာ တဲ့ အာရပ်၊ ပါရှန်း၊ အိန္ဒိယအနွယ် မွတ်စ်လင်မ်တွေ နဲ့ ဒေသခံတိုင်းရင်းသား မွတ်စ်လင်မ်တွေ ဟာရှိခဲ့ကြောင်းပြဆိုတဲ့ ခိုင်မာသော အထောက် အထားတွေ ပါ။ မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ရခိုင်မင်းဆက်တွေ လက်ထက် အပြင်ပုဂံ မင်း ဆက်၊ တောင်ငူ မင်းဆက်၊ ညောင်ရမ်းမင်းဆက်၊ ကုန်းဘောင်မင်းဆက် ခေတ်တိုင်းမှာ မွတ်စ် လင်မ်တွေ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေဟာ ရာဇဝင် အဖုံဖုံ၊ ကျမ်းအသွယ်သွယ်၊ စာအုပ်အမျိုးမျိုးမှာ ပါရှိနေပါတယ်။ သမိုင်း ကိုအစွဲမပါဘဲ တကယ်သိချင်တယ်၊ တကယ်မ “အ” ချင်ဘူးဆိုရင် ကြိုးစားလေ့လာ ကြပါလို့ ရိုသေ စွာ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်သမိုင်းသီးသန့် သိချင် ရင်တော့ မြန်မာနိုင်ငံ သမိုင်းကော် မရှင် အဖွဲ့ဝင်မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် (ဗိုလ်မှူး ဘရှင်) ရေးသားပြုစုခဲ့တဲ့ Coming of Islam to Burma down to 1700 A.D ကို ဖတ်ရှုလေ့လာပါ။
ဆက်ရန်- သမိုင်းဟူသည်ဤသို့တည် [ဟိန္ဒူဆိုတာ လူမျိုးမဟုတ်ပါ-အိန္ဒိယ ရဲ့ နောက်ဆုံးဘုရင်]



No comments:

Post a Comment