New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, February 28, 2013

ပါကစ္စတနှ်နိုင်ငံ ဆိုင်ရာ သြစတေးလျ သံအမတ် တစ်ဦး အစ္စလာမ် ဘာသာ သို့ ကူးပြောင်းအစ္စလာမ်အေးရိပ်ဆာယာသို့



ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
M-Media

ပါကစ္စတန်မှ သြစတေးလျ သံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး၊ ပါကစ္စတန်ရုပ်သံဌာန အစီအစဉ် တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခြင်း


Austrian-ambassador-in-Pakistan-Axel-Wech-and-Sadia-Afzaal-

အစ္စလာမ္မဘတ် ။ Axel Wech အမည်ရှိ ပါကစ္စတန်မှ သြစတေးလျသံအမတ်သည် အစ္စလာမ်သာသနာကို သက်ဝင် လက်ခံလိုက်ပြီး ပါကစ္စတန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ နာမည်ကြီး ‘ News Night ’ အစီအစဉ်တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခဲ့ကြောင်း ကြာသပတေးနေ့ facebook စာမျက်နှာတစ်ခုမှ ရေးသားလိုက်သည်။

သြစတေးလျသံအမတ်သည် Sadia Afzaal နှင့် လက်ထပ်ထိမ်းမြားမှုမပြုမီ အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ရန် ဆုံးဖြတ်ပြီးသည့်နောက်မှ အိမ်ထောင်ထူခြင်းဖြစ်ကြောင်း ပါကစ္စတန်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ထံမှ သတင်းရရှိသည်။

သတင်းများအရ သူတို့နှစ်ဦးသည် မိမိတို့၏ နိကဟ် (ထိမ်းမြားလက်ထပ်မှုအခမ်းအနား) နှင့် ကူးပြောင်း သက်ဝင်မှု ဆိုင် ရာ အသေးစိပ် အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု ဆိုသည်။

Sadia Afzaal သည် အစ္စလာမ္မဘတ်၌ အခြေစိုက်သူ သတင်းထောက်တစ်ဦးဖြစ်ကာ နိုင်ငံခြားရေးဌာန၊ ပါလီမန် အထိ ပေါက်ရောက်သူဖြစ်သည်။ သမ္မတများဖြစ်သော President Asif Ali Zardar နှင့် President Pervez Musharraf PM Yousaf Raza Gillani, PM Shaukat Aziz တို့အပါအ၀င် နိုင်ငံခေါင်းဆောင် အများအပြားကို အင်တာဗျူး ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။

သူမသည် အခြားလုပ်ငန်းများတွင်လည်း ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်မှု ရှိသည်။ ISPR နှင့် လက်တွဲပြု လုပ်သည့် Swat အစီအစဉ်၌ ပထမဆုံးသော အမျိုးသမီး anchor ဖြစ်သည့်အပြင် ၂၀၀၅ ခုနှစ် မြေငလျင်၊ ၂၀၁၀ ခုနှစ် ရေဘေး၊ VOA နှင့်လက်တွဲ၍ ၂၀၀၈ ခုနှစ် သမ္မတ အိုဘားမားရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကိစ္စ စသည့် အရေး အရာအများအပြားတွင် ပါဝင်လှုပ်ရှားခဲ့သည်။

ဤသည်မှာ Sadia Afzaal အဖို့ ဒုတိယမြောက် အိမ်ထောင်ထူခြင်း ဖြစ်သည်။ ယခင်က သူမအား Sadia Zafar ဟု လူသိများကြပြီး ပထမခင်ပွန်းနှင့် သားတစ်ဦး ရရှိထားသည်။

ယခုဖြစ်ပေါ်နေသည့် သတင်းနှင့်စပ်လျဉ်း၍ မြို့တော်တွင်ရှိနေသော သြစတေးလျသံအမတ်ကြီးက တရားဝင်ငြင်း ပယ် ပြောဆိုမှု မပြုဟု အစ္စလာမ္မဘတ်မှ The News Tribe သတင်းဌာနမှ ပြောကြားသည်။

Read more: http://www.themuslimtimes.org/2013/02/countries/pakistan/austrian-ambassador-accepts-islam-marries-ptv-host-sadia-afzaal#ixzz2M0u1CTW8

http://www.thenewstribe.com/2013/02/21/austrian-ambassador-in-pakistan-converts-to-islam-ties-knot-with-ptv-anchor-sadia-afzaal/

No comments:

Post a Comment